ချစ်သူကောင်လေးဆီက မိန်းကလေးတိုင်း တိတ်တခိုး မျှော်လင့်မိတတ်ကြတဲ့ အရာ(၄)ခု
မိန်းကလေးတိုင်းလိုလိုက သူတို့ချစ်သူဆီကနေ လိုချင်တဲ့အရာတွေကို ဖွင့်ဟပြောဆိုလေ့မရှိတတ်ကြပဲ အလိုက်တသိပေးတတ်တာမျိုးလေးကို ပိုလိုချင်မိတတ်ကြပါတယ်။
ဒီလိုပဲ ချစ်သူကောင်လေးတွေဆီကနေ ကောင်မလေးတွေ တိတ်တိတ်လေး မျှော်လင့်မိတတ်ကြတဲ့ အရာလေးတွေ ရှိလို့နေပါတယ်နော်။
ဒီအချက်တွေက relationship တစ်ခုမှာ ကောင်မလေးတွေ လိုချင်တတ်ကြတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
အချစ်ကို ခံစားမိချင်တာ
ကမ္ဘာပေါ်မှာရှိတဲ့မိန်းကလေးတိုင်းက အချစ်ဆိုတဲ့အရာကို ခံစားချင်တတ်ကြသူတွေပါ။ လူတိုင်းကတော့ အချစ်ဆိုတဲ့အရာကို တစ်ကြိမ်တစ်ခါတော့ ခံစားဖူးကြမှာပါ။
မိန်းကလေးတွေအတွက် ချစ်မိသွားတဲ့အခါမှာတော့ အရာရာတိုင်းက ပိုလွယ်ကူလာတတ်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိရင်တော့ သူတို့သိအောင် ပြတတ်ဖို့လိုအပ်ပါတယ်။
မိန်းကလေးတွေက ကိုယ့်ချစ်သူကောင်လေးဆီက သူတို့ကို ချစ်ကြောင်းဖော်ပြတတ်မှုလေးကို အလိုက်တသိပေးတာမျိုး လိုချင်တတ်ကြတာပါ။
အသိအမှတ်ပြုမှု
မိန်းကလေးတွေ နောက်ထပ် မျှော်လင့်မိတဲ့အချက်က ကိုယ့်ချစ်တဲ့သူဆီက အသိအမှတ်ပြုမှုလေးပဲ ဖြစ်ပါတယ်။
မိန်းကလေးတွေဟာ ဒီလို အသိအမှတ်ပြုတတ်မှု သေးသေးလေးတွေကအစ ချစ်သူကောင်လေးဆီက ပိုလိုချင်မိတတ်ကြပါတယ်။
သူတို့ ပါးစပ်က ထုတ်ပြောစရာမလိုပဲ သူတို့ကို အသိအမှတ်ပြုပေးတာလေးကို ခံယူချင်ကြတာပါ။
ဥပမာ – သူတို့ရဲ့ လုပ်ဆောင်မှုလေးတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့အတွက် သတိတရနဲ့ ကော်ဖီလေးယူလာပေးတာ စသဖြင့်ပေါ့။
အလိုလိုက်ခြင်း
တစ်ခါတစ်လေမှာ မိန်းကလေးတွေက သူတို့ချစ်သူအပေါ် ဆိုးနွဲ့ချင်တတ်ကြပြီး သူတို့ကို အလိုလိုက်တာမျိုးကို ကလေးလေးတစ်ယောက်လို ခံချင်ကြသူတွေပါ။
ဒီလိုအချိန်မျိုးမှာ သူတို့အပေါ် ဘယ်လောက်သည်းခံနိုင်စွမ်းရှိတယ်၊ ဘယ်လောက်ချစ်တယ်ဆိုတာမျိုးကို စမ်းသပ်ချင်တတ်ကြပါတယ်။
ဒါကြောင့်ပဲ ချစ်သူကောင်လေးက သူတို့ကို အလိုလိုက်ပေးတာမျိုးကို မျှော်လင့်မိတတ်ကြပါတယ်။
လွတ်လပ်မှု
နောက်တက်ချက်ကတော့ သူတို့အတွက် သီးသန့်လွတ်လပ်မှုလေး လိုချင်ကြတာ ဖြစ်ပါတယ်။ တစ်ချို့ကောင်လေးတွေက ချစ်သူကောင်မလေးအပေါ် ချုပ်ချယ်တာမျိုး လုပ်တတ်ကြပါတယ်။
ဒါက တကယ်တမ်းမှာတော့ မိန်းကလေးတွေအတွက် စိတ်အိုက်ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ သူတို့လိုချင်တာက သူတို့ကို ယုံကြည်စိတ်ချပြီး နားလည်ပေးနိုင်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အကန့်လေးတွေ ထားပေးမယ့် ချစ်သူမျိုးကိုပါနော်။
ဒီအချက်တွေက မိန်းကလေးတွေ ချစ်သူကောင်လေးဆီက တိတ်တိတ်လေး မျှော်လင့်မိကြတဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။
Khin
Zawgyi

ခ်စ္သူေကာင္ေလးဆီက မိန္းကေလးတုိင္း တိတ္တခိုး ေမွ်ာ္လင့္မိတတ္ၾကတဲ့ အရာ(၄)ခု
မိန္းကေလးတုိင္းလိုလုိက သူတို႔ခ်စ္သူဆီကေန လုိခ်င္တဲ့အရာေတြကို ဖြင့္ဟေျပာဆုိေလ့မ႐ွိတတ္ၾကပဲ အလုိက္တသိေပးတတ္တာမ်ိဳးေလးကို ပိုလိုခ်င္မိတတ္ၾကပါတယ္။
ဒီလုိပဲ ခ်စ္သူေကာင္ေလးေတြဆီကေန ေကာင္မေလးေတြ တိတ္တိတ္ေလး ေမွ်ာ္လင့္မိတတ္ၾကတဲ့ အရာေလးေတြ ႐ွိလုိ႔ေနပါတယ္ေနာ္။
ဒီအခ်က္ေတြက relationship တစ္ခုမွာ ေကာင္မေလးေတြ လုိခ်င္တတ္ၾကတဲ့ အရာေတြပဲ ျဖစ္ပါတယ္။
အခ်စ္ကို ခံစားမိခ်င္တာ
ကမၻာေပၚမွာ႐ွိတဲ ့မိန္းကေလးတုိင္းက အခ်စ္ဆုိတဲ့အရာကို ခံစားခ်င္တတ္ၾကသူေတြပါ။ လူတုိင္းကေတာ့ အခ်စ္ဆုိတဲ့အရာကို တစ္ႀကိမ္တစ္ခါေတာ့ ခံစားဖူးၾကမွာပါ။
မိန္းကေလးေတြအတြက္ ခ်စ္မိသြားတဲ့အခါမွာေတာ့ အရာရာတုိင္းက ပိုလြယ္ကူလာတတ္ပါတယ္။ ဒါေၾကာင့္ပဲ မိန္းကေလးတစ္ေယာက္ကို တကယ္ခ်စ္မိရင္ေတာ့ သူတို႔သိေအာင္ ျပတတ္ဖုိ႔လုိအပ္ပါတယ္။
မိန္းကေလးေတြက ကိုယ့္ခ်စ္သူေကာင္ေလးဆီက သူတုိ႔ကို ခ်စ္ေၾကာင္းေဖာ္ျပတတ္မႈေလးကို အလုိက္တသိေပးတာမ်ိဳး လုိခ်င္တတ္ၾကတာပါ။
အသိအမွတ္ျပဳမႈ
မိန္းကေလးေတြ ေနာက္ထပ္ ေမွ်ာ္လင့္မိတဲ့အခ်က္က ကိုယ့္ခ်စ္တဲ့သူဆီက အသိအမွတ္ျပဳမႈေလးပဲ ျဖစ္ပါတယ္။
မိန္းကေလးေတြဟာ ဒီလို အသိအမွတ္ျပဳတတ္မႈ ေသးေသးေလးေတြကအစ ခ်စ္သူေကာင္ေလးဆီက ပိုလုိခ်င္မိတတ္ၾကပါတယ္။
သူတို႔ ပါးစပ္က ထုတ္ေျပာစရာမလုိပဲ သူတို႔ကို အသိအမွတ္ျပဳေပးတာေလးကို ခံယူခ်င္ၾကတာပါ။
ဥပမာ – သူတို႔ရဲ႕ လုပ္ေဆာင္မႈေလးေတြကို အသိအမွတ္ျပဳေပးတာ၊ သူတုိ႔အတြက္ သတိတရနဲ႔ ေကာ္ဖီေလးယူလာေပးတာ စသျဖင့္ေပါ့။
အလုိလုိက္ျခင္း
တစ္ခါတစ္ေလမွာ မိန္းကေလးေတြက သူတို႔ခ်စ္သူအေပၚ ဆုိးႏြဲ႔ခ်င္တတ္ၾကၿပီး သူတုိ႔ကို အလုိလုိက္တာမ်ိဳးကို ကေလးေလးတစ္ေယာက္လို ခံခ်င္ၾကသူေတြပါ။
ဒီလုိအခ်ိန္မ်ိဳးမွာ သူတို႔အေပၚ ဘယ္ေလာက္သည္းခံႏုိင္စြမ္း႐ွိတယ္၊ ဘယ္ေလာက္ခ်စ္တယ္ဆုိတာမ်ိဳးကို စမ္းသပ္ခ်င္တတ္ၾကပါတယ္။
ဒါေၾကာင့္ပဲ ခ်စ္သူေကာင္ေလးက သူတို႔ကို အလုိလုိက္ေပးတာမ်ိဳးကို ေမွ်ာ္လင့္မိတတ္ၾကပါတယ္။
လြတ္လပ္မႈ
ေနာက္တက္ခ်က္ကေတာ့ သူတို႔အတြက္ သီးသန္႔လြတ္လပ္မႈေလး လုိခ်င္ၾကတာ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေကာင္ေလးေတြက ခ်စ္သူေကာင္မေလးအေပၚ ခ်ဳပ္ခ်ယ္တာမ်ိဳး လုပ္တတ္ၾကပါတယ္။
ဒါက တကယ္တမ္းမွာေတာ့ မိန္းကေလးေတြအတြက္ စိတ္အိုက္ရတဲ့ အခုိက္အတန္႔ပဲ ျဖစ္ပါတယ္။ သူတို႔လုိခ်င္တာက သူတို႔ကို ယံုၾကည္စိတ္ခ်ၿပီး နားလည္ေပးနုိင္တဲ့ ကိုယ္ပိုင္လြတ္လပ္ခြင့္အကန္႔ေလးေတြ ထားေပးမယ့္ ခ်စ္သူမ်ိဳးကိုပါေနာ္။
ဒီအခ်က္ေတြက မိန္းကေလးေတြ ခ်စ္သူေကာင္ေလးဆီက တိတ္တိတ္ေလး ေမွ်ာ္လင့္မိၾကတဲ့ အရာေလးေတြပဲ ျဖစ္ပါတယ္။
Khin


