အခ်စ္ေရး

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ ဆိုးနေတဲ့ကောင်မလေးတွေမှာ ဒီလိုအချက် (၅) ချက်ရှိပါတယ်

မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ချစ်သူကို ဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။

၁- ထစ်ခနဲ့ရှိ စိတ်ကောက်

ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။

ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။ ချော့ရလွန်းလို့ ချွေးတွေပြန်၊ မျက်နှာလေးညှိုးနေတဲ့ ချစ်သူကို ကြည့်ကြည့်ပြီး စိတ်ထဲမှာကျတော့ သနားနေတတ်ပြန်တာလည်း သူတို့ပါပဲ။

၂- စကားနာထိုး

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကိုစကားနာထိုးလိုက်ရမှ ကျေနပ်တဲ့သူလေးတွေပါ။ ချစ်သူက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကို ဂရုမစိုက်နိုင်တဲ့အခါတွေမှာလည်း အလုပ်များနေလို့ဆိုတာ သိသိကြီးနဲ့ ချစ်မှမချစ်တာ၊ နေနိုင်တာကိုး ဆိုတာမျိုးစကားနာတွေထိုးနေတတ်သူတွေပါ။ မဟုတ်ဘူးဆိုတာသိလည်း တမင်ကိုစကားနာထိုးနေတာမျိုးပါ။

၃- သူများတွေနဲ့စွပ်စွဲ

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တခြားမိန်းကလေးတွေနဲ့ စွပ်စွဲနေတတ်တဲ့သူတွေပါ။ ဒါကလည်း ချစ်သူကို သူများလက်ထဲရောက်သွားမှာ၊ ကိုယ်မသိပဲတခြားမိန်းကလေးနဲ့ တိတ်တိတ်လေးဖောက်ပြန်နေမှာကို အရမ်းစိုးရိမ်လို့ပါ။

သူတို့စွပ်စွဲတဲ့မိန်းကလေးတွေနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။ အချစ်ကြီးရင် အမျက်ကြီးတတ်လို့ ရှုပ်ရှုပ်ယှက်ယှက်လုပ်ရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်ကိုခွင့်လွှတ်တော့မှာမဟုတ်ပါဘူး။

၄-အငိုသန်

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ တစ်ခုခုဆိုမျက်ရည်က ဘူးသီးလုံးလောက်ကျတတ်တဲ့သူတွေပါ။ ချစ်သူကနည်းနည်း လေသံလေးမာလိုက်တာနဲ့၊ နည်းနည်းလေးဂရုစိုက်ဖို့ မအားလိုက်တာနဲ့၊

ဖုန်းလေးမဆက်လိုက်တာနဲ့ အရမ်းခံစားရသူတွေပါ။ ထစ်ခနဲ့ရှိမျက်ရည်ကျပြီး တစ်ခါတလေ ရှိုက်ကြီးတငင်တောင် ငိုနေတတ်သူတွေပါ။ ဒါကလည်း ချစ်သူရဲ့ အချစ်လျော့သွားမှာ၊ ချစ်သူက မချစ်တော့မှာကို ကြောက်လို့ပါ။

၅-တမင်တကာရစ်

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တမင်တကာ ထိုင်ရစ်နေတတ်တဲ့သူတွေပါ။ ချစ်သူက အပြင်သွားမယ်ဆို အရေးကြီးမှန်းသိနေရင်တောင် တမင်မသွားခိုင်းတာမျိုး၊ တမင်ရစ်တာမျိုးတွေ လုပ်တတ်တဲ့သူတွေပါ။ သူမကို အသိမပေးပဲ တစ်ခုခုလုပ်ရင် အရမ်းစိတ်ဆိုးပြီး တမင်တကာကိုထိုင်ရစ်နေတတ်သူတွေပါ။ ဒါကလည်း သင့်ကိုဆုံးရှုံးရမှာ၊ သူ့ထက်အခြားအရာတွေကို ဦးစားပေးမှာစိုးလို့ပါ။

Credit

Unicode

မိန်းကလေးတွေဟာ ပင်ကိုယ်သဘာဝကိုက ဆိုးချင်နွဲ့ချင်၊ ချွဲချင်တဲ့သူတွေပါ။ ဒါကြောင့်မို့ပဲ ကိုယ့်ကိုဖူးဖူးမှုတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားပြီဆိုရင် တမင်တကာ ဆိုးတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းအောင်ပဲ ဆိုးတာပါနော်။ တစ်ခါတလေ အဆိုးလွန်သွားလို့ ချစ်သူကိုဝမ်းနည်းအောင်၊ စိတ်ဆိုးအောင် လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို ကြိတ်ပြီး အပြစ်တင်နေတတ်တာလည်း သူတို့ပါပဲ။ ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ။

၁- ထစ်ခနဲ့ရှိ စိတ်ကောက်

ချစ်သူက ဖူးဖူးမှုတ် ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ ကောင်မလေးတွေဆိုတာ ထစ်ခနဲရှိ စိတ်ကောက်တတ်တဲ့ သူလေးတွေပါ။ ချစ်သူက ကိုယ်ပြောသလိုမလုပ်၊ မနေပဲ နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ ချက်ချင်းစိတ်ကောက်တတ်တဲ့ သူလေးတွေပါ။

ကိုယ်ကောင်းဖို့အတွက်ဆိုရင်တောင် လက်မခံပဲအတင်းစိတ်ကောက်နေတာမျိုးပါ။ ထစ်ခနဲ့ရှိ စိတ်ကောက်လို့ ချက်ချင်းစိတ်ပြေမယ်တော့ မထင်လိုက်ပါနဲ့၊ ချော့ရလည်း အင်မတန်ခက်ပါတယ်။ ချော့ရလွန်းလို့ ချွေးတွေပြန်၊ မျက်နှာလေးညှိုးနေတဲ့ ချစ်သူကို ကြည့်ကြည့်ပြီး စိတ်ထဲမှာကျတော့ သနားနေတတ်ပြန်တာလည်း သူတို့ပါပဲ။

၂-စကားနာထိုး

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကိုစကားနာထိုးလိုက်ရမှ ကျေနပ်တဲ့သူလေးတွေပါ။ ချစ်သူက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကို ဂရုမစိုက်နိုင်တဲ့အခါတွေမှာလည်း အလုပ်များနေလို့ဆိုတာ သိသိကြီးနဲ့ ချစ်မှမချစ်တာ၊ နေနိုင်တာကိုး ဆိုတာမျိုးစကားနာတွေထိုးနေတတ်သူတွေပါ။ မဟုတ်ဘူးဆိုတာသိလည်း တမင်ကိုစကားနာထိုးနေတာမျိုးပါ။

၃- သူများတွေနဲ့စွပ်စွဲ

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တခြားမိန်းကလေးတွေနဲ့ စွပ်စွဲနေတတ်တဲ့သူတွေပါ။ ဒါကလည်း ချစ်သူကို သူများလက်ထဲရောက်သွားမှာ၊ ကိုယ်မသိပဲတခြားမိန်းကလေးနဲ့ တိတ်တိတ်လေးဖောက်ပြန်နေမှာကို အရမ်းစိုးရိမ်လို့ပါ။

သူတို့စွပ်စွဲတဲ့မိန်းကလေးတွေနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။ အချစ်ကြီးရင် အမျက်ကြီးတတ်လို့ ရှုပ်ရှုပ်ယှက်ယှက်လုပ်ရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင့်ကိုခွင့်လွှတ်တော့မှာမဟုတ်ပါဘူး။

၄- အငိုသန်

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ တစ်ခုခုဆိုမျက်ရည်က ဘူးသီးလုံးလောက်ကျတတ်တဲ့သူတွေပါ။ ချစ်သူကနည်းနည်း လေသံလေးမာလိုက်တာနဲ့၊ နည်းနည်းလေးဂရုစိုက်ဖို့ မအားလိုက်တာနဲ့၊

ဖုန်းလေးမဆက်လိုက်တာနဲ့ အရမ်းခံစားရသူတွေပါ။ ထစ်ခနဲ့ရှိမျက်ရည်ကျပြီး တစ်ခါတလေ ရှိုက်ကြီးတငင်တောင် ငိုနေတတ်သူတွေပါ။ ဒါကလည်း ချစ်သူရဲ့ အချစ်လျော့သွားမှာ၊ ချစ်သူက မချစ်တော့မှာကို ကြောက်လို့ပါ။

၅-တမင်တကာရစ်

ချစ်သူက ဖူးဖူးမှုတ်ချစ်မှန်းသိလို့ တမင်ဆိုးနေတဲ့ကောင်မလေးတွေဆိုတာ ချစ်သူကို တမင်တကာ ထိုင်ရစ်နေတတ်တဲ့သူတွေပါ။ ချစ်သူက အပြင်သွားမယ်ဆို အရေးကြီးမှန်းသိနေရင်တောင် တမင်မသွားခိုင်းတာမျိုး၊ တမင်ရစ်တာမျိုးတွေ လုပ်တတ်တဲ့သူတွေပါ။ သူမကို အသိမပေ

ပဲ တစ်ခုခုလုပ်ရင် အရမ်းစိတ်ဆိုးပြီး တမင်တကာကိုထိုင်ရစ်နေတတ်သူတွေပါ။ ဒါကလည်း သင့်ကိုဆုံးရှုံးရမှာ၊ သူ့ထက်အခြားအရာတွေကို ဦးစားပေးမှာစိုးလို့ပါ။

crd