ယောက်ျားလေးတွေ တကယ်ချစ်တဲ့ မိန်းကလေးကိုပဲ လုပ်ပေးလေ့ရှိတဲ့ အရာ (၅)ခု

ယောက်ျားလေးတွေ တကယ်ချစ်တဲ့ မိန်းကလေးကိုပဲ လုပ်ပေးလေ့ရှိတဲ့ အရာ (၅)ခု

အမှန်တကယ် ရူးရူးမူးမူး ချစ်မိပြီဆို ချစ်သူအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုတဲ့ ခံယူချက်မျိုးတွေအထိ ရှိလာကြ တာ ယောက်ျားလေးရော မိန်းကလေးရော အတူတူပါပဲ။

အခုတော့ ယောက်ျားလေးတွေ ရှုထောင့်ကနေ ယောက်ျားလေးတွေအနေနဲ့ သူတို့တကယ်ချစ်တဲ့ သူကိုပဲ လုပ်ပေးလေ့ရှိတဲ့ အရာလေးတွေကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်…

ချစ်သူစကားကို နားထောင်တယ်

ယောက်ျားလေးတွေ တကယ်ချစ်ပြီဆို သူတို့ချစ်ရတဲ့သူ၊ ချစ်သူရဲ့စကားကို သေချာ နားထောင်တယ်၊ အဆုံးစွန်အထိ လိုက်လျောတယ်။ သူတို့ဆီကနေ သင့်အတွက် အကောင်းဆုံး အကြံဉာဏ်တွေ ရယူနိုင်တယ်…

အလေးထား ဆွေးနွေးတယ်

သင်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ သင်ရင်ဖွင့်တဲ့ အကြောင်းအရာတွေကို အလေးထား ဆွေးနွေးတယ်။သင့်အတွက် အကောင်းဆုံး အဖြေတစ်ခု ရဖို့ ကူညီ စဉ်းစားပေးတယ်

သူ့စိတ်ကို ပြုပြင်တယ်

လူတစ်ယောက်ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်၊ ဗီဇတွေကို ပြင်ဖို့ ခက်ပါတယ်။ ရာခိုင်နှုန်း ပြည့်နီးပါး ခက်ခဲမှု ရှိပါတယ်။

ဒါပေမယ့် အချစ်ကို တကယ်တွေ့သွားတဲ့ ယောက်ျားလေး တစ်ယောက်က သူ့အကျင့်စရိုက်တွေကို ပြုပြင်ဖို့တော့ အနည်းဆုံး ကြိုးစားကြပါတယ်။ ချစ်သူမကြိုက်တဲ့ အရာတွေကို အတတ်နိုင်ဆုံး ရှောင်ပါတယ်…

ကာကွယ်ပေးတယ်

သူက သင့်အတွက် ထာဝရ ကိုယ်ရံတော်ပေါ့။ သင့်အတွက် အမြဲတမ်း လုံခြုံမှု ဖြစ်နေစေမယ်။ သူချစ်တဲ့ သင့်ကို မထိခိုက်၊ မနာကျင်စေလိုတဲ့ အတွက်ကြောင့်ပါ။

ဒါပေမယ့် သူသာ တကယ်မချစ်ဘူး ဆိုရင်တော့ သင့်အတွက်နဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ နေနေသာသာ သင့်ကိုတောင် ဂရုစိုက်မှာ မဟုတ်ပါဘူး သင်နဲ့ပတ်သက်တဲ့ အရာတိုင်းကို ချစ်မြတ်နိုးတယ်…

တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်က သူချစ်ရတဲ့ မိန်းမတစ်ယောက်ရဲ့ အဆိုးအကောင်း မှန်သမျှအားလုံးကို ချစ်မြတ်နိုး လက်ခံပါတယ်။ အဲဒီမိန်းမ ပျော်ရွှင်ဖို့၊ လမ်းမှန်လျှောက်နိုင်ဖို့၊ တိုးတက်အောင်မြင်ဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ကူညီပေးနေပါတယ်…

တကယ်လို့များ သင့်အနေနဲ့ ဖော်ပြခဲ့တဲ့ အချက်တွေထဲက အနည်းဆုံး တစ်ချက်လောက်ပဲ ပိုင်ဆိုင်ထားသူဖြစ်ပါစေ သူ့ရဲ့ အချစ်တွေ ကို အသိအမှတ် ပြုပေးသင့်ပါတယ်။ အချစ်ခံရတာက အမုန်းခံရတာထက်တော့ ပိုပြီးကောင်းပါတယ်…

ဖိုးသူတော် (phothutaw.com)

#Credit






အလေးထား ဆွေးနွေးတယ်





ကာကွယ်ပေးတယ်






#Credit

 

 

Leave a Comment