အခ်စ္ေရး

အသည်းလေးကွဲတာပါ ဘဝပျက်စီးသွားတာ မဟုတ်ပါဘူး…

အသည်းလေးကွဲတာပါ ဘဝပျက်စီးသွားတာ မဟုတ်ပါဘူး…

အရွယ်ရောက်လို့ ချစ်သူရည်းစားထားဖူးသူတော်တော်များများ အသည်းကွဲဖူးပါတယ်… ကိုယ့်တစ်ယောက်တည်းကွက်ပြီး ဖြစ်တာမဟုတ်တော့ အသည်းကွဲလည်း ဘာဖြစ်လဲ.. ခပ်တည်တည်ပေါ့…

အသည်းကွဲပြီးတဲ့နောက် ကိုယ့်ကိုထားသွားခဲ့သူ၊ ကိုယ့်အသည်းကိုခွဲခဲ့သူကို နောင်တစ်ချိန်မှာ နောင်တရအောင် နေပြလိုက်ပါ.. သူ့ကို ငါမဖြတ်ခဲ့သင့်ဘူး.. သူ့ကိုပဲ ရွေးခဲ့ရမှာဆိုတဲ့ နောင်တမျိုးရအောင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာတွေ တိုးတက်မှုရှိအောင် နေထိုင်ကြိုးစားပါ။

ကောင်မလေးပဲဖြစ်ဖြစ်၊ ကောင်လေးပဲဖြစ်ဖြစ်ပေါ့ အသည်းကွဲလို့ဆိုပြီး ကိုယ့်ဘဝကို နစ်မွန်းပျက်စီးစေမယ့်အရာမျိုးတော့ မလုပ်ပါနဲ့.. ဘယ်သူကမှ အသည်းကွဲလို့ အရက်သမားဖြစ်သွားတာလေဆိုပြီး သနားကြလိမ့်မှာ မဟုတ်ဘူး… ငါ သူ့ကိုမရွေးခဲ့တာ ကံကောင်းတယ်လို့ပဲ ပြောကြလိမ့်မယ်…

အသည်းကွဲလို့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပစ်ချင်တယ်ဆိုတဲ့ မက်ဆေ့မျိုး မကြာခဏရဖူးတယ်… ကိုယ့်ကိုထားသွားသူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်တာ တန်သလား တွေးကြည့်ပါ…

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်တာနဲ့ အရာအားလုံးချုပ်ငြိမ်းသွားမှာလား.. ဒါဟာ သူရဲဘောကြောင်သူတွေရဲ့ လက်ရှိအခြေအနေကို ရင်မဆိုင်ရဲတဲ့ ထွက်ပြေး တိမ်းရှောင်နည်းပါ၊

သူမရှိတော့ ဘာဖြစ်လဲ….ကမ္ဘာကြီးက လည်ပတ်မြဲလည်ပတ်ဆဲပဲ၊ ကိုယ့်မရှိတော့ရင်ရော… သူကတော့ ဘာမှဖြစ်မသွားဘူး

. ဒါပေမယ့် ကိုယ့်မိဘဆွေမျိုးသားချင်း၊ ကိုယ့်သူငယ်ချင်းတွေ ကိုယ့်ကိုထာဝရဆုံးရှုံးသွားတယ်၊ သူမရှိတော့ နောက်ထပ် သူတွေ အများကြီးရှိသေးတယ်၊ ကိုယ့်ကိုယ်ကိုယ်သာ ပိုကောင်းအောင် ကြိုးစားနေဖို့ပဲလိုတယ်၊

အသည်းကွဲတာ ကြောက်စရာမကောင်းပါဘူး၊ ကြောက်စရာကောင်းတာက အသည်းကွဲပြီး နာလန်မထနိုင်တာ၊ ပြီးတော့ ကိုယ့်ဘဝကို အရှုံးပေးလိုက်တာပဲ….

အဲဒီတော့ မောင်ညင်မလေးတို့ရေ အသည်းကွဲပြီးနောက် နာကျင်ရတယ်၊ ငိုကြွေးရတယ်၊ အခဲမကျေဖြစ်ရတယ်၊ နာကျင်ပါ.. ဝ ဝ ငိုကြွေးပါ… ပြီးရင် ပြန်ထရပ်ပါလို့…..

ကိုယ့်အတွက် နေမင်းကြီးက အရှေ့ကနေ အမြဲထွက်ပေါ်ပြီး နေ့သစ်တစ်နေ့ကို ဖန်တီးပေးနေတယ်ဆိုတာ မမေ့လိုက်နဲ့…

Zawgyi

အသည္းေလးကြဲတာပါ ဘဝပ်က္စီးသြားတာ မဟုတ္ပါဘူး…

အ႐ြယ္ေရာက္လို႔ ခ်စ္သူရည္းစားထားဖူးသူေတာ္ေတာ္မ်ားမ်ား အသည္းကြဲဖူးပါတယ္… ကိုယ့္တစ္ေယာက္တည္းကြက္ၿပီး ျဖစ္တာမဟုတ္ေတာ့ အသည္းကြဲလည္း ဘာျဖစ္လဲ.. ခပ္တည္တည္ေပါ့…

အသည္းကြဲၿပီးတဲ့ေနာက္ ကိုယ့္ကိုထားသြားခဲ့သူ၊ ကိုယ့္အသည္းကိုခြဲခဲ့သူကို ေနာင္တစ္ခ်ိန္မွာ ေနာင္တရေအာင္ ေနျပလိုက္ပါ.. သူ႔ကို ငါမျဖတ္ခဲ့သင့္ဘူး.. သူ႔ကိုပဲ ေ႐ြးခဲ့ရမွာဆိုတဲ့ ေနာင္တမ်ိဳးရေအာင္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ အသိဉာဏ္ပညာပိုင္းဆိုင္ရာေတြ တိုးတက္မႈရွိေအာင္ ေနထိုင္ႀကိဳးစားပါ။

ေကာင္မေလးပဲျဖစ္ျဖစ္၊ ေကာင္ေလးပဲျဖစ္ျဖစ္ေပါ့ အသည္းကြဲလို႔ဆိုၿပီး ကိုယ့္ဘဝကို နစ္မြန္းပ်က္စီးေစမယ့္အရာမ်ိဳးေတာ့ မလုပ္ပါနဲ႔.. ဘယ္သူကမွ အသည္းကြဲလို႔ အရက္သမားျဖစ္သြားတာေလဆိုၿပီး သနားၾကလိမ့္မွာ မဟုတ္ဘူး… ငါ သူ႔ကိုမေ႐ြးခဲ့တာ ကံေကာင္းတယ္လို႔ပဲ ေျပာၾကလိမ့္မယ္…

အသည္းကြဲလို႔ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ပစ္ခ်င္တယ္ဆိုတဲ့ မက္ေဆ့မ်ိဳး မၾကာခဏရဖူးတယ္… ကိုယ့္ကိုထားသြားသူတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္လိုက္တာ တန္သလား ေတြးၾကည့္ပါ…

ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္လိုက္တာနဲ႔ အရာအားလုံးခ်ဳပ္ၿငိမ္းသြားမွာလား.. ဒါဟာ သူရဲေဘာေၾကာင္သူေတြရဲ႕ လက္ရွိအေျခအေနကို ရင္မဆိုင္ရဲတဲ့ ထြက္ေျပး တိမ္းေရွာင္နည္းပါ၊

သူမရွိေတာ့ ဘာျဖစ္လဲ….ကမာၻႀကီးက လည္ပတ္ၿမဲလည္ပတ္ဆဲပဲ၊ ကိုယ့္မရွိေတာ့ရင္ေရာ… သူကေတာ့ ဘာမွျဖစ္မသြားဘူး

. ဒါေပမယ့္ ကိုယ့္မိဘေဆြမ်ိဳးသားခ်င္း၊ ကိုယ့္သူငယ္ခ်င္းေတြ ကိုယ့္ကိုထာဝရဆုံးရႈံးသြားတယ္၊ သူမရွိေတာ့ ေနာက္ထပ္ သူေတြ အမ်ားႀကီးရွိေသးတယ္၊ ကိုယ့္ကိုယ္ကိုယ္သာ ပိုေကာင္းေအာင္ ႀကိဳးစားေနဖို႔ပဲလိုတယ္၊

အသည္းကြဲတာ ေၾကာက္စရာမေကာင္းပါဘူး၊ ေၾကာက္စရာေကာင္းတာက အသည္းကြဲၿပီး နာလန္မထႏိုင္တာ၊ ၿပီးေတာ့ ကိုယ့္ဘဝကို အရႈံးေပးလိုက္တာပဲ….

အဲဒီေတာ့ ေမာင္ညင္မေလးတို႔ေရ အသည္းကြဲၿပီးေနာက္ နာက်င္ရတယ္၊ ငိုေႂကြးရတယ္၊ အခဲမေက်ျဖစ္ရတယ္၊ နာက်င္ပါ.. ဝ ဝ ငိုေႂကြးပါ… ၿပီးရင္ ျပန္ထရပ္ပါလို႔…..

ကိုယ့္အတြက္ ေနမင္းႀကီးက အေရွ႕ကေန အၿမဲထြက္ေပၚၿပီး ေန႔သစ္တစ္ေန႔ကို ဖန္တီးေပးေနတယ္ဆိုတာ မေမ့လိုက္နဲ႔…