ကိုဗစ်လက္ခဏာ အနံ့လုံးဝ မရတော့တဲ့သမီးကို စမုံနက်နဲ့ကုလိုက်တာ အနံ့ပြန်ရသွားတဲ့အ ကြောင်း

မှတ်သားဖူးတာကတော့ စမုံနက် က ရောဂါ ၉ မျိုးကို သက်သာပျောက်ကင်းစေသတဲ့။
ကင်ဆာ။အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း။ ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း။ အသားအရည်ကို ကာကွယ်ပေးခြင်း။
ဆံပင် နက်မှောင်သန်စွမ်း။ အမျိုးသားများ သားသမီးရနိုင်ခြင်း။ ကိုယ်လက်စထရောလ်ကို ထိန်းညှိပေးခြင်း။ ကူးစက်ရောဂါကို ကုသနိုင်ခြင်း တို့ပါ။
ဒါ့အပြင် သည်းခြေအိတ်ကျောက်တည်ဝေဒနာ၊ အသည်းဆီဖုံးရောဂါနဲ့ အမျိုးသမီးရောဂါများကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
ဟိုး ရှေးခေတ်က မီးနေသည်တွေဟာ နာကျင်ကိုက်ခဲမှုတွေ သက်သာပျောက်ကင်းအောင် သုံးစွဲကြတယ်လို့ မှတ်သားဖူးပါတယ်။
ဟုတ်ကဲ့။ အခုလည်း ကိုဗစ်ကူးစက်ရောဂါရဲ့ လက္ခဏာတစ်မျိုးဖြစ်တဲ့ အနံ့လုံးဝမရတော့တဲ့ သမီးကို မိဘ(စက်ရုံမှူးရဲ့ သူငယ်ချင်း)တွေက စမုံနက်သုံးပြီး ကုလိုက်တာ အနံ့ပြန်ရသွားသတဲ့။
ဘိုင်ဘာကနေ မျှဝေထားတဲ့ သူ့စာကိုပဲ တစ်ဆင့်မျှဝေလိုက်ပါတယ်။

သူငယ်ချင်းများ သတင်းကောင်း ပါးပါရစေသမီးတော့ ညကစပြီး အနံ့တြွေပန်ရသွားပါပြီ အောင်ဇော်မိုး ပေးတဲ့နည်းလေးလုပ်ရင်းနဲ့ အဆင်ပြေသွားပါတယ်
သူပေးတဲ့နည်းလေးမျှဝေပါရစေ မြို့ထဲမှာမိသားစုတစ်စုလုံး အနံ့မရဖြစ်နေတာ အဲဒီနည်းနဲ့ဆေးရုံသွားစရာမလိုဘဲ ကောင်းသွားကြတယ်ပြောပါတယ်
နည်းလမ်းကတော့ စမုံနက် ၇ စေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် ရေနွေးပူပူနဲ့သောက်ပါ
ပြီးရင် ခြေမျက်စေ့ အပေါ်နားလေးမှာရှိတဲ့ ချိုင့်ခွက်လေးကို မုန်ညှင်းဆီ ၄ ၅ ကြိမ်လိမ်းပေးပါတဲ့ ဒါနဲ့ ညက ၁၀ နာရီကျော်လောက်မှာ ၇ စေ့ ကိုရေနွေးပူပူနဲ့တိုက်လိုက်တယ်
ခြေထောက်ကိုလည်း မုန်ညှင်းဆီလိမ်းပေးလိုက်တယ် ပြီးတော့ အမျိုးသမီးကပြောလာတယ်
မီးနေသယ်တုံးက မုန်ညှင်းစေ့ကိုလှော်ပြီးရှုတာတော်တော်ရှုလို့ကောင်းတယ်
ဒါဆိုလည်း ရှုခိုင်းကြည့်ရအောင်ဆိုပြီး စမုန်နက်ကိုလှော် ပိတ်စပါးပါးလေးထဲကိုထည့် အထုပ်ကလေးထုပ်ပြီး သမီးကိုရှုခိုင်းကြည့်လိုက်တယ်
နှာခေါင်းထဲမှာ အပ်ကလေးတွေနဲ့ဝိုင်းထိုးသလို ခံစားရတယ်ပြောတယ်
ဒါဆိုရင်ထူးလောက်တယ်ဆိုပြီး အားရပါးရ ရှိုက်ပြီးရှုခိုင်းလိုက်တာ ခေါင်းတစ်ခုလုံးကို လျှပ်စစ်နဲ့ရှော့ရိုက်လိုက်သလိုဘဲ ခေါင်းတွေတအားကိုက်တက်လာပြီးလူပါဘေးကိုရိုင်ကြသွားတယ်
တစ်ပြိုင်နက်တည်း လည်ချောင်းတစ်လျှောက်နဲ့ ရင်ဘတ်ထဲမှာပါ သံချောင်းတွေနဲ့ဝိုင်းထိုးလိုက်သလိုဘဲလို့ပြောတယ်
ဒါနဲ့ခဏနားခိုင်းထားရင်းနဲ့ နာရီဝက်လောက်လဲကြာရော သမီးက သူ့ကို လိမ်းပေးထားတဲ့ မုန်ညှင်းဆီအနံ့လေးရလာတယ်ပြောတယ်
ဒါနဲ့ ရေမွှေးတွေ ဆပ်ပြာမွှေးတွေရှုခိုင်းကြည့်တာ အကုန်လုံး ရာနှုန်းပြည့် အနံ့တြွေပန်ရသွားတော့တာဘဲ။
မူရင်းမျှဝေသူ၏ မူရင်းစာများအတိုင်း တင်ပြခြင်းပါ။
အားလုံး အားလုံးကိုဗစ်ရောဂါဘေး ကင်းစင်းဝေးငြိမ်းအေးကြပါစေ ။
credit း original writer
ပြန်လည်မျှဝေပါသည် ။ စစ္ေမ



