ၾကားသိရသမွ်

အိပ်မက်ပေးလို့ ညဘက်တွေမှာထမင်းဘူးတွေချထားပေးကြတဲ့ ပြည်သူတချို့

လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ကျဆုံးသူရဲကောင်းတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေကို ပြည်သူလူထုက မမေ့မလျော့ဘဲ တတ်နိုင်သလောက် စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။

လမ်းပေါ်ထွက်ရင် အသက်ဆုံးရှုံးရမယ်ဆိုတာသိပေမယ့်လည်း ပြည်သူတွေကတော့ ဒီနေ့အချိန်ထိတိုင် လှုပ်ရှားနေကြဆဲဖြစ်ပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေအသက်ပေးရတာနဲ့တန်အောင် အားမလျော့ကြသေးတာဖြစ်ပါတယ်။

မြို့နယ်အသီးသီးမှာရှိတဲ့ပြည်သူတွေကတော့ သူရဲကောင်းတွေကျဆုံးသွားတဲ့ နေရာတွေမှာ ဖယောင်းတိုင်တွေထွန်းပေးပြီး ပန်းတွေနဲ့သေချာပြင်ဆင်ပေးထားကြတာဖြစ်ပါတယ်။ပြည်သူလူထုက သူရဲကောင်းတွေကျဆုံးခဲ့တဲ့နေရာလေးကို အမြဲသွားရောက်ပြီး မိသားစုတွေနဲ့ထပ်တူ နှမျောတသနဲ့ ဝမ်းနည်းကြေကွဲနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ကျဆုံးသူရဲကောင်းတွေက သုံးရက်ဆက်တိုက် အိပ်မက်ပေးတဲ့အကြောင်းလေးကို ပြည်သူတစ်ဦးက မျှဝေလာခဲ့တာဖြစ်ပါတယ်။

“ကျဆုံးသူရဲကောင်းတွေက သူတို့လည်းတော်လှန်ရေးလုပ်နေတယ် ထမင်းဘူးလာမပေးကြဘူး”လို့ အိပ်မက်ပေးတာကြောင့် တချို့ပြည်သူတွေက လမ်းဆုံလေးတွေမှာ ထမင်းဘူးတွေချပေးထားကြတာဖြစ်ပါတယ်။

အမှန်တရားအတွက်ရင်ဆိုင်ရင်း အသက်ပေးသွားရပြီဖြစ်တဲ့ သူရဲကောင်းတွေကတော့ အခုချိန်ထိလည်း ပြည်သူတွေကိုကူညီနေသေးတာဖြစ်ပါတယ်။ဒါ့ကြောင့် ကျဆုံးသူရဲကောင်းတွေအတွက် ထမင်းဘူးချပေးထားတဲ့ တောင်ကြီးလမ်းဆုံတစ်နေရာကပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Source&Photo Credit: Original Uploder

Zawgyi

လက္ရွိမွာဆိုရင္ လူထုလႈပ္ရွားမႈေတြမွာပါဝင္ရင္း အသက္ေပးသြားရၿပီျဖစ္တဲ့ သူရဲေကာင္းေတြလည္း အမ်ားအျပားရွိေနၿပီျဖစ္ပါတယ္။က်ဆုံးသူရဲေကာင္းေတြရဲ႕က်န္ရစ္သူမိသားစုဝင္ေတြကို ျပည္သူလူထုက မေမ့မေလ်ာ့ဘဲ တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ေပးေနၾကတာျဖစ္ပါတယ္။

လမ္းေပၚထြက္ရင္ အသက္ဆုံးရႈံးရမယ္ဆိုတာသိေပမယ့္လည္း ျပည္သူေတြကေတာ့ ဒီေန႔အခ်ိန္ထိတိုင္ လႈပ္ရွားေနၾကဆဲျဖစ္ၿပီး က်ဆုံးသြားတဲ့သူရဲေကာင္းေတြအသက္ေပးရတာနဲ႔တန္ေအာင္ အားမေလ်ာ့ၾကေသးတာျဖစ္ပါတယ္။

ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့ျပည္သူေတြကေတာ့ သူရဲေကာင္းေတြက်ဆုံးသြားတဲ့ ေနရာေတြမွာ ဖေယာင္းတိုင္ေတြထြန္းေပးၿပီး ပန္းေတြနဲ႔ေသခ်ာျပင္ဆင္ေပးထားၾကတာျဖစ္ပါတယ္။ျပည္သူလူထုက သူရဲေကာင္းေတြက်ဆုံးခဲ့တဲ့ေနရာေလးကို အၿမဲသြားေရာက္ၿပီး မိသားစုေတြနဲ႔ထပ္တူ ႏွေမ်ာတသနဲ႔ ဝမ္းနည္းေၾကကြဲေနၾကတာ ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ က်ဆုံးသူရဲေကာင္းေတြက သုံးရက္ဆက္တိုက္ အိပ္မက္ေပးတဲ့အေၾကာင္းေလးကို ျပည္သူတစ္ဦးက မွ်ေဝလာခဲ့တာျဖစ္ပါတယ္။

“က်ဆုံးသူရဲေကာင္းေတြက သူတို႔လည္းေတာ္လွန္ေရးလုပ္ေနတယ္ ထမင္းဘူးလာမေပးၾကဘူး”လို႔ အိပ္မက္ေပးတာေၾကာင့္ တခ်ိဳ႕ျပည္သူေတြက လမ္းဆုံေလးေတြမွာ ထမင္းဘူးေတြခ်ေပးထားၾကတာျဖစ္ပါတယ္။

အမွန္တရားအတြက္ရင္ဆိုင္ရင္း အသက္ေပးသြားရၿပီျဖစ္တဲ့ သူရဲေကာင္းေတြကေတာ့ အခုခ်ိန္ထိလည္း ျပည္သူေတြကိုကူညီေနေသးတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ က်ဆုံးသူရဲေကာင္းေတြအတြက္ ထမင္းဘူးခ်ေပးထားတဲ့ ေတာင္ႀကီးလမ္းဆုံတစ္ေနရာကပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder

Source&Photo Credit: Original Uploder