ဗဟုသုတ

ရာသီဥတုဘယ်လောက်ပူပူ ညဘက်အိပ်တဲ့အခါ စောင်အပါးလေးတော့ခြုံအိပ်ပေးပါ

ရာသီဥတုဘယ်လောက်ပူပူ ညဘက်အိပ်တဲ့အခါ စောင်အပါးလေးတော့ခြုံအိပ်ပေးပါ

ရာသီဥတုအရမ်းပူနေချိန်မှာ ညဘက်အိပ်တဲ့အခါ စောင်ခြုံအိပ်ဖို့မပြောနဲ့ ပူလွန်းလို့ အင်္ကျီထူထူတောင်ဝတ်မအိပ်နိုင်ပါဘူး။

ဒါပေမယ့် ညဘက်အိပ်တဲ့အခါ ဘယ်လောက်ပဲပူပူ ချည်စောင်အပါးလေးဖြစ်ဖြစ် တစ်ထည်လောက်တော့ ခြုံပြီးအိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ စောင်ခြုံအိပ်တာက ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးရှိလို့ဖြစ်ပါတယ်။

(၁) ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတယ်

ညဘက်အပူချိန်က ညဦးပိုင်းမှာပူပြီး ညလယ်နဲ့အာရုံတက်မှာ နည်းနည်းအေးတတ်ပါတယ်။ စောင်အပါးလေးပဲဖြစ်ဖြစ်ခြုံအိပ်ခြင်းက ပြင်ပအပူချိန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ကိုမသက်ရောက်နိုင်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ စောင်အပါးလေးခြုံအိပ်ခြင်းက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတာကြောင့် နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

(၂) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာကြောင့် ပူလွန်းတာ၊ အေးလွန်းတာတွေဖြစ်ပြီး တရေးနိုးတာ၊ အိပ်မရတာတွေမဖြစ်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

(၃) စိတ်လုံခြုံမှုကိုခံစားရစေတယ်

စောင်ခြုံထားခြင်းက မသိစိတ်ထဲကကြောက်ရွံ့အားငယ်စိတ်ကို လျော့နည်းစေပြီး လုံခြုံမှုကိုခံစားရပါတယ်။ ကလေးဘဝက ရှိခဲ့တဲ့ အမှောင်ကိုကြောက်ရွံ့စိတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကိုလျော့နည်းစေတယ်

အိပ်တဲ့အချိန်စောင်ခြုံထားတဲ့အခါ စိတ်လုံခြုံမှုကိုခံစားရတာကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်နေပြီး စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကို လျော့နည်းသွားစေတာကြောင့် နိုးထလာတဲ့အချိန်မှာ လန်းဆန်းနေစေပါတယ်။

written by PP

ရာသီဥတုဘယ္ေလာက္ပူပူ ညဘက္အိပ္တဲ့အခါ ေစာင္အပါးေလးေတာ့ျခဳံအိပ္ေပးပါ

ရာသီဥတုအရမ္းပူေနခ်ိန္မွာ ညဘက္အိပ္တဲ့အခါ ေစာင္ျခဳံအိပ္ဖို႔မေျပာနဲ႔ ပူလြန္းလို႔ အကၤ်ီထူထူေတာင္ဝတ္မအိပ္နိုင္ပါဘူး။

ဒါေပမယ့္ ညဘက္အိပ္တဲ့အခါ ဘယ္ေလာက္ပဲပူပူ ခ်ည္ေစာင္အပါးေလးျဖစ္ျဖစ္ တစ္ထည္ေလာက္ေတာ့ ျခဳံၿပီးအိပ္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေစာင္ျခဳံအိပ္တာက ႐ုပ္ပိုင္းဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာက်န္းမာေရးႏွစ္မ်ိဳးလုံးအတြက္ အက်ိဳးေက်းဇူးရွိလို႔ျဖစ္ပါတယ္။

(၁) ခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညႇိေပးတယ္

ညဘက္အပူခ်ိန္က ညဦးပိုင္းမွာပူၿပီး ညလယ္နဲ႔အာ႐ုံတက္မွာ နည္းနည္းေအးတတ္ပါတယ္။ ေစာင္အပါးေလးပဲျဖစ္ျဖစ္ျခဳံအိပ္ျခင္းက ျပင္ပအပူခ်ိန္ေျပာင္းလဲမႈေၾကာင့္ ခႏၶာကိုယ္ကိုမသက္ေရာက္နိုင္ေအာင္ ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။ ေစာင္အပါးေလးျခဳံအိပ္ျခင္းက ခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညႇိေပးတာေၾကာင့္ ႏွာေစး၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာတာေတြမျဖစ္ေအာင္ တားဆီးေပးနိုင္ပါတယ္။

(၂) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစတယ္

ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညႇိေပးတာေၾကာင့္ ပူလြန္းတာ၊ ေအးလြန္းတာေတြျဖစ္ၿပီး တေရးနိုးတာ၊ အိပ္မရတာေတြမျဖစ္ေတာ့ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစပါတယ္။

(၃) စိတ္လုံျခဳံမႈကိုခံစားရေစတယ္

ေစာင္ျခဳံထားျခင္းက မသိစိတ္ထဲကေၾကာက္ရြံ့အားငယ္စိတ္ကို ေလ်ာ့နည္းေစၿပီး လုံျခဳံမႈကိုခံစားရပါတယ္။ ကေလးဘဝက ရွိခဲ့တဲ့ အေမွာင္ကိုေၾကာက္ရြံ့စိတ္ကို ဖယ္ရွားေပးနိုင္ပါတယ္။

(၄) စိတ္ဖိစီးမႈ၊ ပင္ပန္းမႈေတြကိုေလ်ာ့နည္းေစတယ္

အိပ္တဲ့အခ်ိန္ေစာင္ျခဳံထားတဲ့အခါ စိတ္လုံျခဳံမႈကိုခံစားရတာေၾကာင့္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ သက္ေတာင့္သက္သာျဖစ္ေနၿပီး စိတ္ဖိစီးမႈ၊ ပင္ပန္းမႈေတြကို ေလ်ာ့နည္းသြားေစတာေၾကာင့္ နိုးထလာတဲ့အခ်ိန္မွာ လန္းဆန္းေနေစပါတယ္။

written by PP