ရုရှားနိုင်ငံက သတင်းထူးတစ်ခု ထွက်ပေါ်လာတာကြောင့်ဘဲ ကမ္ဘာ့သတင်းမီဒီယာထက်မှာတော့ အတော်လေးကို အုတ်အော်သောင်းတင်းဖြစ်နေတာပါ။ဘာကြောင်း
လဲဆိုတော့ ၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ပယောဂကြောင့်(၁၃ နှစ်အရွယ် ကောင်မလေးမှာ ကိုယ်ဝန်ရှိခဲ့တယ်ဆိုတဲ့သတင်းကြောင့်ပါနော်။
ထိုစုံတွဲကတော့ Ivan နဲ့ Darya ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ချစ်သူတွေပါတဲ့။ အခုလို သတင်းကြေင့် Ivan ဟာ အတော်လေးကို တုန်လှုပ်နေတယ်လို့ ဆိုပါ
တယ်။ သူတို့နှစ်ယောက်ဟာ မိဘတွေခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့အပတ်ကဘဲ ကမ္ဘာကိုကိုင်လှုပ်မယ့် သတင်းမျိုးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တာပါတဲ့။သူတို့ဟာ ရုရှားတီ
ဗွီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ သူတို့အကြောင်း ဖွင့်ဟခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာ သိပ္ပံပညာရှင်တစ်ချို့တွက် မေးစရာမေးခွန်းတွေ ဖြစ်စေခဲ့ပါတယ်တဲ့။အသက်(၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်အတွက် ဒီလို ဖြစ်ရပ်ဖြစ်
စေဖို့ အလွန်စောနေသေးလို့ပါတဲ့။သူတို့နှစ်ယောက်စလုံးကတော့ ဗိုက်ထဲက ကိုယ်ဝန်ဟာ Ivan ကြောင့်ပါလို့ တညီတညွှတ် ဆိုတာပါ။ Darya ရဲ့ဗိုက်ထဲမှာ ကိုယ်ဝန်
က အခုဆို (၈)ပတ်အရွယ်ကိုတောင် ရောက်နေပါပြီတဲ့နော်။ နောက်ပြီးတော့ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်း ချစ်မိခဲ့ကြတာလို့ ဆိုပါတယ်။ Ivan ဟာ သူတို့ တွေ့
တွေ့ချင်း နှင်းဆီပန်းတွေ ပေးတာပါတဲ့။
နောက်ပြီး Ivanဟာ ကလေးအဖေက သူကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ဘူးလို့ အတိအကျဆိုတာပါ။ Darya နဲ့ သူမရဲ့မိခင်ကတော့ ကလေးကို ဖြစ်မြောက်အောင်မွေးဖို့
အတွက် ဆုံးဖြတ်ထားပြီးတော့ လောလောဆယ် ကလေးအဖေ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသိနိုင်ဖို့ DNA စစ်ဆေးဖို့ စောလွန်းသေးတယ်လို့ Yahoo News ရဲ့
ဖော်ပြချက်ကြောင့် သိရတာပါ။Father at 10!? တီဗွီအစီအစဉ်မှာ Darya က ကြောက်နေသလား လို့ Ivan ကို တိုးတိုးမေးတော့ အရမ်းပဲ လို့ဖြေခဲ့တာပါ။ Darya က
ကြောက်ဖို့ မလိုဘူးလို့ သူတို့နှစ်ယောက်ရဲ့ ခရေစေ့တွင်းကျကျ ဖွင့်ဟပွဲမှာ တိုးတိုး ကပ်ပြောခဲ့တာပါတဲ့။ သူတို့အဆိုအရ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့ ပြီးခဲ့
တဲ့တစ်နှစ်လောက်က စတွေ့ခဲ့ကြတာပါတဲ့နော်။
စတွေ့ပြီး နှစ်ရက်အကြာမှာ နှစ်ယောက်သား Date ပါတော့တယ်တဲ့။ သူမက သူကပြောတယ် ကျွန်မကို ချစ်မိနေပြီတဲ့ ။ကျွန်မတို့ ရသလောက် အတူတူ အချိန်တွေ
ကုန်ဆုံးချင်တယ်ပြောတယ် ။ကျွန်မတို့ လက်ချင်းချိတ်ပြီး သွားရတာကို ကြိုက်တယ် ။ အနမ်းချင်း ဖလှယ်ရတာကိုရောပေါ့ လို့ ပြောခဲ့တာပါ။ဒါပေမယ့် ရုရှားဆေး
ဘက်ဆိုင်ရာ သိပ္ပံပညာရှင်တွေကတော့ Ivan ဟာ ကလေးအဖေ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေတာပါ။ Urology Andrology ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Evgeny
Grekov က Ivan အနေနဲ့ Sperm cells ထုတ်လုပ်နိုင်တဲ့အရွယ် မဟုတ်သေးပါဘူးတဲ့။ ကျွန်တော်တို့ ဓာတ်ခွဲခန်းအဖြေတွေကို သုံးကြိမ်အထိ ပြန်စစ်ပြီးပါပြီ ။
ဒါကြောင့် ကျွန်တော်တို့ဘက်ကတော့ မမှားဘူး လို့ ပြောတာပါ။Ivan ဟာ အခုမှာ Adrenarche တွေ မျှရုံသာဖွံ့ဖြိုးကာစဖြစ်ပြီး၊ Testosterone ဟိုမုန်းတောင် မရှိ
သေးပါဘူးတဲ့နော်။ နောက်ပြီး ကလေးရဲ့လိင်အရွယ်အစားဟာ ကလေးအဆင့်ပဲ ရှိပါသေးတယ်။ လူပျိုဖော်ဝင်ခြင်းတောင် မရှိသေးဘဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို
မှ မဖြစ်နိုင်ဘူးလို့ ဒေါက်တာ Evgeny က ပြောခဲ့တာပါ။Darya ကတော့ (၁၀နှစ်သာရှိသေးတဲ့ သူ့မှာ ဒီလို စွမ်းဆောင်မှုမျိုး ရှိမယ်မထင်ထားဘူး ။နောက် ဒီလို လုပ်
လိုက်လို့ ဘာမှမဖြစ်ဘူးလို့လည်း တွေးခဲ့တယ် လို့ ပြောတာပါ။ သူမရဲ့မိခင်ကတော့ သူတို့ဟာ တစ်ကြိမ်သာ လွန်ကျူးခဲ့ပြီးျတာ့ ုဒီကနေ ကလေးရတယ်ဆိုလို့ နားမ
လည်နိုင်အောင်ဖြစ်ရတယ်လို့ ပြောခဲ့တာပါ။Ivan ရဲ့မိခင် Galina ကလည်း ကလေးအဖေဟာ သူ့သားပဲ ဖြစ်နိုင်မယ်လို့ ဆိုတာပါ။ နောက်ထပ် ကျယ်ပြန့်စွာထွက်
ပေါ်လာတဲ့ သတင်းတွေ ရှိနေတာပါ။ Darya ရဲ့အိမ်နီးချင်းတစ်ချို့ရဲ့အဆိုအရတော့ သူမမှာ အရွယ်ရောက်ပြီးသား ချစ်သူတစ်ဦးလည်း ရှိနေခဲ့တယ်လို့ ဖော်ထုတ်ခဲ့
တာပါတဲ့။ သတင်းတွေမှာလည်း Darya က သူမရဲ့ကိုယ်ဝန်ကို ဖုံးကွယ်ဖို့ Ivan ကို အသုံးချခဲ့တာလို့ ဖော်ပြခဲ့ကြတာဘဲ ဖြစ်ပါတယ်။
source;လင်းဇော်ကို