Zawgyi
စစ္တပ္၏ ျမန္မာျပည္သူမ်ားအေပၚ က်ဴးလြန္မွု ၿဗိတိသၽွသံအမတ္ အေရးယူ ေဆာင္ရြက္မည္
ရန္ကုန္၊ ဒီဇင္ဘာ ၂၅
စစ္တပ္၏ ျမန္မာျပည္သူမ်ားအေပၚ က်ဴးလြန္မွု အေရးယူနိုင္ေရး ေဆာင္ရြက္မည္ဟု ၿဗိတိသၽွသံအမတ္Pete Vowlesက ခရစၥမတ္ေန႔တြင္ သတင္းစကားပါးသည္။
ျမန္မာနိုင္ငံမွ ျပည္သူမ်ားသည္ ခရစၥမတ္ကာလတြင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ဆင္ႏႊဲရမည့္အစား စစ္တပ္အာဏာသိမ္းမွု၏ အက်ိဳးဆက္ျဖစ္သည့္ ေသေၾက ပ်က္ဆီး ဆုံးရွုံးမွုမ်ားနဲ႔သာ ရင္ဆိုင္ေနၾကရေၾကာင္း၊
ခရစၥမတ္ကာလသည္ စည္းလုံးညီညြတ္မွုအတြက္ အခ်ိန္အခါျဖစ္ၿပီး ၿဗိတိသၽွသံ႐ုံးမိသားစု၀င္အားလုံး၏ကိုယ္စား ယခုအခက္အခဲဒုကၡမ်ားႏွင့္ ၾကဳံေတြ႕ခံစားေနရသည့္ ျမန္မာျပည္သူလူထုအတြက္
ကိုယ္ခ်င္းစာေၾကာင္း ၿဗိတိသၽွသံ အမတ္က ဆိုသည္။ ယခုႏွစ္တြင္ အထူးသျဖင့္ စစ္တပ္၏ ခြဲျခားဆက္ဆံမွုမ်ားႏွင့္ အလြဲသုံးစားလုပ္ခံေနရသည့္ ျမန္မာနိုင္ငံတလႊာ္မွ ခရစ္ယာန္ဘာသာဝင္မ်ားႏွင့္
တျခားဘာသာဝင္မ်ားအတြက္ ဆုေတာင္းေပးေနေၾကာင္း၊ ဘာသာေရး အေဆာက္အဦတို့ကို မီးရွို့ဖ်က္ဆီးျခင္းႏွင့္ အသင္းေတာ္ေခါင္းေဆာင္မ်ားအေပၚ ပစ္မွတ္ထားျခင္းကဲ့သို့ေသာ
လတ္တေလာ အၾက++မ္းဖက္မွုမ်ားသည္ ဘာသာေရးယုံၾကည္ခ်က္ျဖစ္သည့္ အေျခခံလူ႔အခြင့္အေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
ခြဲျခားဆက္ဆံမွု၊ အလြဲသုံးစားခံရမွုမ်ားႏွင့္ ရင္ဆိုင္ေနရသည့္ ျပည္သူအားလုံးႏွင့္အတူ ယူေကအစိုးရကဆက္လက္ရပ္တည္သြားမည္ျဖစ္ၿပီး က်ဴးလြန္မွုမ်ားအတြက္
တာဝန္ရွိသူမ်ားကို အေရးယူေဆာင္ရြက္နိုင္ရန္ ဆက္လက္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း ၿဗိတိသၽွသံအမတ္အျဖစ္ ခန္႔အပ္ထားျခင္းခံရသူ Pete Vowlesက ေျပာဆိုသည္။
Unicode
စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှု ဗြိတိသျှသံအမတ် အရေးယူ ဆောင်ရွက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်မှု အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ဗြိတိသျှသံအမတ်Pete Vowlesက ခရစ္စမတ်နေ့တွင် သတင်းစကားပါးသည်။
မြန်မာနိုင်ငံမှ ပြည်သူများသည် ခရစ္စမတ်ကာလတွင် ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရမည့်အစား စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်ဖြစ်သည့် သေကြေ ပျက်ဆီး ဆုံးရှုံးမှုများနဲ့သာ ရင်ဆိုင်နေကြရကြောင်း၊
ခရစ္စမတ်ကာလသည် စည်းလုံးညီညွတ်မှုအတွက် အချိန်အခါဖြစ်ပြီး ဗြိတိသျှသံရုံးမိသားစုဝင်အားလုံး၏ကိုယ်စား ယခုအခက်အခဲဒုက္ခများနှင့် ကြုံတွေ့ခံစားနေရသည့် မြန်မာပြည်သူလူထုအတွက်
ကိုယ်ချင်းစာကြောင်း ဗြိတိသျှသံ အမတ်က ဆိုသည်။ ယခုနှစ်တွင် အထူးသဖြင့် စစ်တပ်၏ ခွဲခြားဆက်ဆံမှုများနှင့် အလွဲသုံးစားလုပ်ခံနေရသည့် မြန်မာနိုင်ငံတလွှာ်မှ ခရစ်ယာန်ဘာသာဝင်များနှင့်
တခြားဘာသာဝင်များအတွက် ဆုတောင်းပေးနေကြောင်း၊ ဘာသာရေး အဆောက်အဦတို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့် အသင်းတော်ခေါင်းဆောင်များအပေါ် ပစ်မှတ်ထားခြင်းကဲ့သို့သော
လတ်တလော အကြ++မ်းဖက်မှုများသည် ဘာသာရေးယုံကြည်ချက်ဖြစ်သည့် အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ခွဲခြားဆက်ဆံမှု၊ အလွဲသုံးစားခံရမှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူအားလုံးနှင့်အတူ ယူကေအစိုးရကဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ကျူးလွန်မှုများအတွက်
တာဝန်ရှိသူများကို အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ဗြိတိသျှသံအမတ်အဖြစ် ခန့်အပ်ထားခြင်းခံရသူ Pete Vowlesက ပြောဆိုသည်။