ၾကားသိရသမွ်

ယေန႕ေန႕လည္(၂)နာရီေက်ာ္က အျမန္လမ္းေပၚမွ စိတ္မေကာင္းဖြယ္ရာ ျဖစ္ရပ္

ယေန႕ေန႕လည္(၂)နာရီေက်ာ္က အျမန္လမ္းေပၚမွ စိတ္မေကာင္းဖြယ္ရာ ျဖစ္ရပ္

“အျမန္လမ္းတြင္ ယာဥ္တစ္စီးတိမ္းေမွာက္ ကေလးတစ္ဦးအပါအဝင္ႏွစ္ဦးေသဆုံး”

ယေန႔ဒီဇင္ဘာလ ၂၅ရက္ ေန႔လည္၂နာရီေက်ာ္ခန္႔က ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊

မိုင္တိုင္အမွတ္ (၁၇၈/၄)ႏွင့္ (၁၇၈/၅) အၾကားတြင္ ေမာ္ေတာ္ယာဥ္တစ္စီးတိမ္းေမွာက္ခဲ့ပါတယ္။

“ကေလးတစ္ဦးဆုံးသြားတယ္။ေနာက္ၿပီးအမ်ိဳးသမီးတစ္ဦးလည္းဆုံးသြားတယ္လို႔ သိရတယ္။

အဓိကကေတာ့ အရွိန္မ်ားလို႔”လို႔ အျမန္လမ္းတြင္ကယ္ဆယ္ေရးေဆာင္ရြက္ေနသူတစ္ဦးကေျပာျပပါတယ္။

တိမ္းေမွာက္သြားတဲ့ Pajero အမ်ိဳးအစား(အျဖဴေရာင္)ယာဥ္ပါ စီးနင္းသူမ်ားအား

သာဂရအျမန္လမ္းမီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ေတြက သြားေရာက္ကူညီေဆာင္ရြက္ခဲ့တာပါ။

ယာဥ္ေပၚပါ စုစုေပါင္း(၁၃)ဦးအနက္ မ(၁)ဦး၊ ကေလးငယ္ က်ား(၁)ဦး(ေသဆုံး)တို႔ကို ဆြာနိဗၺာန္ယာဥ္နဲ႔ ဆြာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး၊

ထိခိုက္ဒဏ္ရာရရွိသူ (၈)ဦးအနက္ (၅)ဦးကို သာဂရ RESCUE AMBULANCEနဲ႔ ဆြာတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး

က်န္(၃)ဦးကိုေတာ့ သာဂရအျမန္လမ္း ရဲတပ္ဖြဲ႕အပိုင္ယာဥ္နဲ႔ ေနျပည္ေတာ္ကုတင္(၁၀၀၀)ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။

unicode

ယနေ့နေ့လည်(၂)နာရီကျော်က အမြန်လမ်းပေါ်မှ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်

“အမြန်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက် ကလေးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံး”

ယနေ့ဒီဇင်ဘာလ ၂၅ရက် နေ့လည်၂နာရီကျော်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊

မိုင်တိုင်အမှတ် (၁၇၈/၄)နှင့် (၁၇၈/၅) အကြားတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ပါတယ်။

“ကလေးတစ်ဦးဆုံးသွားတယ်။နောက်ပြီးအမျိုးသမီးတစ်ဦးလည်းဆုံးသွားတယ်လို့ သိရတယ်။

အဓိကကတော့ အရှိန်များလို့”လို့ အမြန်လမ်းတွင်ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပြပါတယ်။

တိမ်းမှောက်သွားတဲ့ Pajero အမျိုးအစား(အဖြူရောင်)ယာဉ်ပါ စီးနင်းသူများအား

သာဂရအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီဆောင်ရွက်ခဲ့တာပါ။

ယာဉ်ပေါ်ပါ စုစုပေါင်း(၁၃)ဦးအနက် မ(၁)ဦး၊ ကလေးငယ် ကျား(၁)ဦး(သေဆုံး)တို့ကို ဆွာနိဗ္ဗာန်ယာဉ်နဲ့ ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊

ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦးအနက် (၅)ဦးကို သာဂရ RESCUE AMBULANCEနဲ့ ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး

ကျန်(၃)ဦးကိုတော့ သာဂရအမြန်လမ်း ရဲတပ်ဖွဲ့အပိုင်ယာဉ်နဲ့ နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။