ကြားသိရသမျှ

ရောင်းလို့မကုန်ရင် ကလေးတွေကို ဝေ‌ဝေပစ်ရတဲ့ ကျပ်တည်းလွန်းတဲ့သနားစရာအဖွားအို

Zawgyi

ခုOnlineမှာ ပျံ့နေတဲ့ အသက်၇၃နှစ်အရွယ်အမေအိုကြီးရဲ့ပြောင်းဖူးဖုတ်ရောင်းနေတာလေးကို အားပေးလို့ရအောင်ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

“မိန်းထဲမှာ နေပီး ပြောင်းဖူးဖုတ် ကြိုက်တဲ့သူရှိရင်ဒီအမေကြီးဆီ အားပေးလိုက်ကြပါအုံးနော်၊တစ်ခါတစ်လေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ကားလမ်း

ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊အသက်က၇၃နှစ်တဲ့၊အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊

နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အားပေးလိုက်ကြပါအုံးနော်၊အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊စားသောက်ဖို့ရော မလွယ်တာမို့အမေကြီးကို ကူညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကိုအားပေးလိုက်ကြပါအုံးနော်လိပ်စာက လမ်း၄၀/၇၁ပါ ရှင့်”ဟူ၍ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးကတင်ထားပါတယ်။

Crd,NanYatiLinn

Unicode

ရောင်းလို့မကုန်ရင် ကလေးတွေကို ဝေ‌ဝေပစ်ရတဲ့ ကျပ်တည်းလွန်းတဲ့သနားစရာအဖွားအို

ခုOnlineမှာ ပျံ့နေတဲ့ အသက်၇၃နှစ်အရွယ်အမေအိုကြီးရဲ့ပြောင်းဖူးဖုတ်ရောင်းနေတာလေးကို အားပေးလို့ရအောင် ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။