ၾကားသိရသမွ်

ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့အရိုက်ခံခဲ့ရတာ

ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့အရိုက်ခံခဲ့ရတာ

၆၅ ကားပေါ်မှာ Masks ဝေမိလို့ ဖိနပ်နဲ့အရိုက်ခံခဲ့ရတာ နာလို့ထက် ရှက်လို့တလမ်းလုံးငိုလာမိတယ် အခုထိလည်းငိုချင်နေတုန်းပဲ

ကျမက လမ်းထွက်ရင် masks တထုပ်အမြဲဆောင်တယ် တကယ်လို့လမ်းသွားရင် masks မတပ်ပဲသွားနေတဲ့ကလေးတွေ ဒါမှမဟုတ် လိုအပ်နေတဲ့သူတွေ တွေ့ရင်ဝေဖို့ တတ်နိုင်သလောက်စေတနာလေးပါ

အခုလည်းအဲ့လိုပဲ အဲ့အဒေါ်ကြီး ရဲ့ masks က အရမ်းကြီးကို နွမ်းဖတ်နေပြီးမဲတူးညစ်ပတ်နေတာ တွေ့တော့ စေတနာနဲ့ ရောဂါဖြစ်မှာစိုးတဲ့စေတနာနဲ့ အိတ်ထဲပါလာတဲ့ masks တခုကို ထုတ်ပြီးပေးမိလိုက်တယ်

ချက်ချင်း ကြီးဖိနပ်ချွတ်ပြီးရိုက်ပစ်ခဲ့တယ် *ငါ့မှာလည်းရှိတယ်ဟဲ့တဲ့ နင့်ကိုရဲစခန်းမှာလည်းတိုင်ပစ်မယ်*တဲ့

တောင်းပန်လိုက်ရတယ် ရှက်လိုက်တာကိုမှ တခါမှလည်းမကြုံဖူးဘူး အရမ်းလည်းဝမ်းနည်းတယ်

နောက်လည်းမဝေရဲတော့ဘူး😭

#အရမ်းရှက်တယ်😭

Credit

Zawgyi








#အရမ်းရှက်တယ်😭

Credit