Shoon (Cele Daily)
Unicode
မင်္ဂလာအလွန်ဆောင်ချင်သော ဆန္ဒလေးပြည့်သွားခဲ့လို့ အပျော်လွန်၍စိတ်လှုပ်ရှားကာ သတိမေ့သွားခဲ့လို့ ဆေးရုံတင်ခဲ့ရသည့် သတိုးသမီး၏အဖြစ်
လူတစ်ဦးတစ်ယောက်တိုင်းသည် မိမိတို့၏ဖြစ်ချင်သော ဆန္ဒလေးတွေကို ဖြစ်ခွင့်ရခဲ့သောအချိန်လေးဟာ လောကတွင် ပျော်ရွင်စရာအကောင်းသောအချိန်လေးပင်ဖြစ်ပေသည်။ထိုအတူပင် မိမိချစ်ရဆုံးသောသူလေးနှင့် ပေါင်းဖက်နိုင်ရန်စိတ်ကူးလေးဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီဆိုလျှင် ထိုအရာထက် ပျော်စရာကောင်းတာရှိတော့မည်မဟုတ်ပေ။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံတွင် သတိုးသမီးလေးဟာ မင်္ဂလာပွဲကျင်းပနေရင်းက သတိမေ့သွားသောကြောင့် ဆေးရုံသို့အရေးပေါ်တင်ပို့ခဲ့ရပါတယ်။သတိုးသမီးဟာ နေမကောင်းဖြစ်၍ ဆေးရုံတင်ခဲ့ရခြင်းမျိုးမဟုတ်ဘဲ မင်္ဂလာဆောင်ခွင့်ရခဲ့သောကြောင့် အပျော်လွန်သွားပြီး စိတ်အရမ်းလှုပ်ရှားကာ ဆေးရုံတင်ခဲ့ရတာလည်းဖြစ်ပါတယ်။
ထို့ကြောင့်လည်း သတိုးသမီးလေးဟာ သူအလွန်ဖြစ်ချင်ခဲ့သော မင်္ဂလာဆောင်ပွဲလေးကိုပင် ပွဲပြီးအောင်မကျင်းပနိုင်ခဲ့တော့ပါဘူး။
Shoon (Cele Daily)
credit