ဟဲ့ ဒကာ ကားအားလား
တင်ပါ့ အားတယ်ဘုရား
စင်္ကာပူ သွားချင်လို့
မနောက်ပါနဲ့ ဘုရား
ဟ ဘာနောက်လို့လဲ စင်္ကာပူ သွားမယ်လို့ပြောတာ
တင်ပါ့ ဘုန်းဘုန်းက စင်္ကာပူ သွားတာဟုတ်ပါတယ်တပည့်တော်ကဘယ်လမ်းကမောင်းရမှာလဲ ဘုရား

ဗိုလ်ချုပ်လမ်း တည့်တည့်မောင်းရောက်တယ်လေကွာ
ဘယ်စင်္ကာပူကိုပြောတာလဲဘုရား
ပုဇွန်တောင်က စင်္ကာပူဘုန်ကြီးကျောင်းလေကွာ
တယ်လဲနောက်သကိုးဘုရား သုံးထောင်ပေးပါဘုရား
အေးအေး
ဒါနဲ့ ဘုန်းဘုန်းလက်ထဲက ဘာအထုပ်ကြီးလဲဘုရား
ငါးခြောက်ထုပ်ပါကွာ
ဘယ်ကပြန်လာတာမို့လဲ
LA က ပြန်ကြွလာတာ
ဘယ့်နှယ့် LA က ငါးခြောက်ဒီပြန်သယ်ရတာတုန်း
အဲဒီမှာက ပေါတယ်လေကွာ
မြန်မာပြည်က ပိုမပေါဘူးလားဘုရား
အေး ငါမြန်မာပြန်ကပဲပြန်လာတာလေကွာ
ဟင် ဘယ် LA ကိုပြောတာလဲဘုရား
လက်ပွတ္တာကိုပြောတာလေကွာ
လုပ်ပြန်ပီ
ဒါနဲ့ ဒကာကြည့်ရတာရန်ကုန်သားတော့ဟုတ်ဟန်မတူဘူး
တင်ပါ့ဘုရား တပည့်တော်က အညာသားပါဘုရား
အညာ ဘယ်အရပ်ကလဲကွဲ့
မန္တလေးဘက်ကပါဘုရား
အော် မန္တလေးသားပေါ့
မဟုတ်ဘူး မန္တလေးတိုင်းထဲကပါဘုရား
မန္တလေးတိုင်း ဘယ်ဘက်ကတုန်း
မိတ္ထီလာဘက်
အော် မိတ္ထီလာသားပေါ့
မဟုတ်ဘူး မိတ္ထီလာခရိုင်ပါဘုရား
မိတ္ထီလာခရိုင် ဘယ်နားတုန်း
မလှိုင်ပါဘုရား
အော်အေး သိတာပေါ့ အဲမြို့ငါရောက်ဘူးတယ်ကွလက်စသပ်တော့ မင်းက မလှိုင်သားပေါ့
မဟုတ်ဘူးဘုရား မလှိုင်မြို့နယ်ထဲကပါဘုရား
ဟေ မလှိုင်မြို့ရဲ့ ဘယ်ဘက်ကျလဲကွ
နှောကန်သိလားဘုရား
အော်အေးကြားဖူးသလိုကွအော်ဟိုတစ်ခါတိုက်နယ်ဆေးရုံဆောက်တာကြားလိုက်မိသေးတယ်
တင်ပါ့ ဟုတ်တယ်ဘုရား
အော် နှောကန်သားပေါ့
မဟုတ်ပြန်သေးဘူးဘုရား နှောကန်တိုက်နယ်ဘက်ကလို့ပြောတာပါဘုရား
ဟေ ဒါဆိုလဲ နှောကန်သားလဲဟုတ်သေးပြန်ဘူးပေါ့
တင်းပါ့ နှောကန်မြောက်ဘက် သက္ကယ်ကျင်း
အော် သက္ကယ်ကျင်းရွာသားပေါ့
မဟုတ်ဘူးဘုရား သက္ကယ်ကျင်းအုပ်စုထဲကသရက္ကန်ရွာသားပါဘုရား
ဟေ ဒကာရာ မင်းဇာတိမေးရတာဦးစံရှားခေါ်ပီးစုံစမ်းရမလိုဖြစ်နေပီ
ဒါနဲ့ ဘုန်းကကော ဘယ်ဇာတိလဲ
အေး ဘုန်းဘုန်းက မဲဘုန်းဇာတိကွဲ့
သြဇီက မဲလ်ဘုန်းမြို့ကိုပြောတာလားဘုရား
မဟုတ်ပါဘူးကွာဘုတလင်နယ်ဘက်က မဲဘုန်းရွာကိုပြောတာပါကွာ
လုပ်ပြန်ပီ
ဒကာ တက္ကစီမောင်းတာကြာပီလား
ကြာပီပဲပြောပါတော့ဘုရား
အရင်ဘာလုပ်ဘူးသေးလဲ
အရင် တပည့်တော်လန်ဒန်မှာအလုပ်သွားလုပ်သေးတယ်ဘုရား
မင်းနှယ့်ကွာ လန်ဒန်မှာအလုပ်လုပ်ပီးကာမှတက္ကစီမောင်းရတယ်လို့
တင်ပါ့ အဲဒီမှာက လစာနည်းတယ်ဘုရား
ဟေ ဘယ်လောက်ရတာမို့လဲ
၉ သောင်းပါဘုရား
စတာလင်ပေါင်လား
မြန်မာငွေပါဘုရား
အာ့ဆို မင်းပြောတာက ဘယ်ကလန်ဒန်တုန်း
လန်ဒန်ဆေးလိပ်ရောင်းတဲ့ကုမ္ပဏီကိုပြောတာပါဘုရား
တယ်လဲ ကျယ်ပါ့ကွာ
ဘုန်းဘုန်းကျယ်လို့ တပည့်တော်ကျယ်ရတာပါဘုရား
ဒါနဲ့ဒကာက ဘုန်းဘုန်းကိုပို့ပြီးဘယ်သွားအုံးမှာလဲ
တပည့်တော် နေတိုးကို သွားခေါ်ရအုံးမယ်ဘုရား
အံမယ် မင်းသားနေတိုးကလည်းမင်းကားငှားစီးတာပဲလားကွ
မဟုတ်ပါဘူးဘုရား ဆိုက်ကားဆရာနေတိုးပါမနေ့ကသူ့ဆိုက်ကား စည်ပင်ကသိမ်းသွားတာသွားရွေးမလို့ အဖော်လိုက်ပေးရမှာပါဘုရားဒါနဲ့ ဘုန်းဘုန်းက ဒီကျောင်းကလား
မဟုတ်ဘူးကွဲ့ ခဏလာတည်းတာဘုန်းဘုန်းလဲ နောက်နေ့WTDC ကို ခရီးဆက်ရအုံးမှာကွဲ့
အော် တင်းပါ့ ဘုန်းဘုန်းပြောတဲ့ WTDC ဆိုတာဝါရှင်တန်ဒီစီကိုပြောတာလားဘုရား
မဟုတ်ပါဘူးကွာဝါးတန်းကဒေါ်စိန်ဆီကိုသွားမယ် ပြောတာပါကွာ
အော်ငါ့နှယ် ဒီဘုန်းဘုန်းနှယ်
Credit:original writer



