ဗဟုသုတ

အဘအောင်မင်းခေါင် ပုပ္ပားတောင်မှာ ရေးခဲ့တဲ့ တဘောင်စာနှင့် မိုးလင်းတော့မည့် မြန်မာပြည်

အဘအောင်မင်းခေါင် ပုပ္ပားတောင်မှာ ရေးခဲ့တဲ့ တဘောင်စာနှင့် မိုးလင်းတော့မည့် မြန်မာပြည်

အဘအောင်မင်းခေါင် ပုပ္ပားတောင်မှာ ရေးခဲ့တဲ့ တဘောင်စာနှင့် မြန်မာပြည် အနာဂတ်ကို ကြိုသိနေသလော…

မြန်မာပြည်မှာ လက်ရှိဖြစ်ပျက်မှု‌များဆက်စပ်နေတဲ့ သဲလွန်စ တဘောင်တစ်ခုကို လေ့လာမိပါတယ်။ ဘယ်လိုစပ်ဆက်နေသလဲဆိုတော့ ၁၃၁၀ ခုနှစ်မှ ၁၃၁၄ ခုနှစ်အတွင်း ဘိုးတော်အောင်မင်းခေါင် ပုပ္ပါး တောင်ကလာပ်မှာ ရေးဆပ်ခဲ့တဲ့ တဘောင်စာက ဖော်ပြနေတာဖြစ်ပါတယ်။

“လွဲမထွက်သာ ဝဲဘက်ယာပါမှ ဇတ်မဟာရုပ်စုံထွက်ပြီမို့ မိုးလင်းရင် ဇတ်တော်သိမ်းမည်တဲ့ ပတ်ဆော်ကာ ကပ်ကျော်မဲ့ကိန်း”ပါပဲ ဆိုတဲ့ ကိုးန၀င်းတဘောင်စာထဲက နောက်ဆုံးအပိုဒ် စာဖြစ်ပါတယ်။ တစ်ခုချင်းအဓိပ္ပါယ် ပြန်ကြည့်ရင်

“လွဲမထွက်သာ ၊ ဝဲဘက်ယာပါမှ” ဆိုတဲ့ အဓိပ္ပါယ်က ဝဲယာမတူညီတဲ့ အမြင်အငြင်း အခုန်များနှင့်အတူ “လွဲမထွက်သာ” တဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေပြဌာန်းချက်အရ စစ်တပ်နှင့်အစိုးရဟူ၍ နိူင်ငံတွင် အင်အားကြီးနှစ် ရပ်ပေါ်လာလိမ့်မယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

“ဇတ်မဟာရုပ်စုံဖွင့်ပြီမို့” ဆိုတဲ့တဘောင်အပိုဒ်ရဲ့ ဆိုလိုချက်က အခုလို နီ၊ စိမ်၊ ဝါ၊ ပြာ ၊ဖြူ၊ စတဲ့ ရောင်စုံပါတီတွေ ထွက်ပေါ်လာခြင်းနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲစုံ ရည်ရွယ်ချက်စုံ ပေါ်ပေါက်လာမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

“မိုးလင်းရင် ဇတ်တော်သိမ်းမည်တဲ့” ဆိုတဲ့ တဘောင်စာအပိုဒ်ရဲ့ ဆိုလိုချက်က မိုးလင်းရင် နေမင်းကို မြင်ရမယ် နေမင်းဆိုတာ ဘာလဲ…?

မြန်မာတို့အယူဆမှာ လမင်းကို (ယုန်) တံဆိပ် သင်္ကေတနဲ့ ခိုင်းနှိုင်းခဲ့ကြသလို နေမင်းကို တော့ (ဒေါင်း) တံဆိပ်သင်္ကတနဲ့ ခိုင်းနှိုင်းကြပါတယ်။ပိုမိုသေချာအောင် ဆက်ကြည့်ကြမယ်။

“မိုးလင်းရင်” ဆိုတဲ့ တဘောင်ပိုဒ်ကို ပိုမိုသေချာတဲ့ အထောက်ပံ့တဘောင်စာနှစ် ပိုဒ်နဲ့ ကြည့်ရင် တဘောင်စာ တစ်ခုမှာ “ကြက်မတွန်မှ မိုးလင်းလိမ့်မယ်”

နောက်တစ်ခုက “ဇာမဏီကြက်မ သူကတွန်တယ် ဇဗ္ဗူတခွင် လင်းလို့ မဆုံး” ဆိုတဲ့ တဘောင်စာနှစ်ခု ဖြည့်ဆွတ်အားဖြည့်ကြည့်တဲ့အခါ အဖြေက ရှင်းပါတယ်။ ဒေါင်း တံဆိပ်ပါတဲ့ အမျိုးသမီးတစ်ဦး ဦးစီးတဲ့ပါတီက မဲ အနိုင်ရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

“ပတ်ဆော်ကာ ကပ်ကျော်မဲ့ကိန်းပါပဲ” ဆိုတဲ့အပိုဒ်က အခု ပတ်ဆော်တယ်ဆိုတာအောင်ပွဲခံနိုင်မယ်။အခု ကြုံတွေ့ခံစားနေရတဲ့ ကပ်ဘေး၊မင်းဆိုးဘေးလည်းကျော်နိုင်လိမ့်မယ်လို့ အဘအောင်မင်းခေါင်ရဲ့ တဘောင်စာ အဓိပ္ပါယ်က ဆိုလိုခြင်းဖြစ်ပါတယ်။

အဘမင်းခေါင် ကြိုတင်မိန့်ထားပုံက

“ကိုလေးတို့ မလေးတို့ရေ အနာဂါတ်မှာ ကပ်ကြီးနှစ်ခုကြုံကြမယ်။ကပ်ကြီးကြုံတဲ့အချိန်မှာ တို့တိုင်းပြည်မှာ မလွဲမရှောင်သာ ရာဇပုလ္လင်မှာ ဩဇာကြီးမားသူ ဝဲ/ယာ အုပ်စုကြီးနှစ်ခု စိုးစံကြလိမ့်မယ်။ ထိုသို့စိုးစံကြတဲ့အခါ အဖွဲ့စည်းပေါင်းစုံ ပါတီပေါင်းစုံ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လည်းပေါ်ကြလိမ့်မယ်။ မပူကြပါနဲ့ကွယ်.. မိုးလင်းတဲ့အခါ ကပ်ကြီးနှစ်ခုဘေးက ကိုလေးတို့ မလေးတို့ ပျော်ပျော်ပါးပါးနဲ့ ကျော်ဖြတ်နိူင်ကြမှာပါကွယ်..”

Dr.ရဲဇော် (ဇီးကုန်း)

အဘေအာင္မင္းေခါင္ ပုပၸားေတာင္မွာ ေရးခဲ့တဲ့ တေဘာင္စာႏွင့္ မိုးလင္းေတာ့မည့္ ျမန္မာျပည္

အဘေအာင္မင္းေခါင္ ပုပၸားေတာင္မွာ ေရးခဲ့တဲ့ တေဘာင္စာႏွင့္ ျမန္မာျပည္ အနာဂတ္ကို ႀကိဳသိေနသေလာ…

ျမန္မာျပည္မွာ လက္ရွိျဖစ္ပ်က္မႈ‌မ်ားဆက္စပ္ေနတဲ့ သဲလြန္စ တေဘာင္တစ္ခုကို ေလ့လာမိပါတယ္။ ဘယ္လိုစပ္ဆက္ေနသလဲဆိုေတာ့ ၁၃၁၀ ခုႏွစ္မွ ၁၃၁၄ ခုႏွစ္အတြင္း ဘိုးေတာ္ေအာင္မင္းေခါင္ ပုပၸါး ေတာင္ကလာပ္မွာ ေရးဆပ္ခဲ့တဲ့ တေဘာင္စာက ေဖာ္ျပေနတာျဖစ္ပါတယ္။

“လြဲမထြက္သာ ဝဲဘက္ယာပါမွ ဇတ္မဟာ႐ုပ္စုံထြက္ၿပီမို႔ မိုးလင္းရင္ ဇတ္ေတာ္သိမ္းမည္တဲ့ ပတ္ေဆာ္ကာ ကပ္ေက်ာ္မဲ့ကိန္း”ပါပဲ ဆိုတဲ့ ကိုးန၀င္းတေဘာင္စာထဲက ေနာက္ဆုံးအပိုဒ္ စာျဖစ္ပါတယ္။ တစ္ခုခ်င္းအဓိပၸါယ္ ျပန္ၾကည့္ရင္

“လြဲမထြက္သာ ၊ ဝဲဘက္ယာပါမွ” ဆိုတဲ့ အဓိပၸါယ္က ဝဲယာမတူညီတဲ့ အျမင္အျငင္း အခုန္မ်ားႏွင့္အတူ “လြဲမထြက္သာ” တဲ့ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံဥပေဒျပဌာန္းခ်က္အရ စစ္တပ္ႏွင့္အစိုးရဟူ၍ နိူင္ငံတြင္ အင္အားႀကီးႏွစ္ ရပ္ေပၚလာလိမ့္မယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

“ဇတ္မဟာ႐ုပ္စုံဖြင့္ၿပီမို႔” ဆိုတဲ့တေဘာင္အပိုဒ္ရဲ့ ဆိုလိုခ်က္က အခုလို နီ၊ စိမ္၊ ဝါ၊ ျပာ ၊ျဖဴ၊ စတဲ့ ေရာင္စုံပါတီေတြ ထြက္ေပၚလာျခင္းႏွင့္ တိုင္းရင္သားလက္နက္ကိုင္အဖြဲစုံ ရည္ရြယ္ခ်က္စုံ ေပၚေပါက္လာမယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

“မိုးလင္းရင္ ဇတ္ေတာ္သိမ္းမည္တဲ့” ဆိုတဲ့ တေဘာင္စာအပိုဒ္ရဲ့ ဆိုလိုခ်က္က မိုးလင္းရင္ ေနမင္းကို ျမင္ရမယ္ ေနမင္းဆိုတာ ဘာလဲ…?

ျမန္မာတို႔အယူဆမွာ လမင္းကို (ယုန္) တံဆိပ္ သေကၤတနဲ႔ ခိုင္းႏွိုင္းခဲ့ၾကသလို ေနမင္းကို ေတာ့ (ေဒါင္း) တံဆိပ္သကၤတနဲ႔ ခိုင္းႏွိုင္းၾကပါတယ္။ပိုမိုေသခ်ာေအာင္ ဆက္ၾကည့္ၾကမယ္။

“မိုးလင္းရင္” ဆိုတဲ့ တေဘာင္ပိုဒ္ကို ပိုမိုေသခ်ာတဲ့ အေထာက္ပံ့တေဘာင္စာႏွစ္ ပိုဒ္နဲ႔ ၾကည့္ရင္ တေဘာင္စာ တစ္ခုမွာ “ၾကက္မတြန္မွ မိုးလင္းလိမ့္မယ္”

ေနာက္တစ္ခုက “ဇာမဏီၾကက္မ သူကတြန္တယ္ ဇဗၺဴတခြင္ လင္းလို႔ မဆုံး” ဆိုတဲ့ တေဘာင္စာႏွစ္ခု ျဖည့္ဆြတ္အားျဖည့္ၾကည့္တဲ့အခါ အေျဖက ရွင္းပါတယ္။ ေဒါင္း တံဆိပ္ပါတဲ့ အမ်ိဳးသမီးတစ္ဦး ဦးစီးတဲ့ပါတီက မဲ အနိုင္ရမယ္လို႔ ဆိုလိုျခင္းျဖစ္ပါတယ္။

“ပတ္ေဆာ္ကာ ကပ္ေက်ာ္မဲ့ကိန္းပါပဲ” ဆိုတဲ့အပိုဒ္က အခု ပတ္ေဆာ္တယ္ဆိုတာေအာင္ပြဲခံနိုင္မယ္။အခု ၾကဳံေတြ႕ခံစားေနရတဲ့ ကပ္ေဘး၊မင္းဆိုးေဘးလည္းေက်ာ္နိုင္လိမ့္မယ္လို႔ အဘေအာင္မင္းေခါင္ရဲ့ တေဘာင္စာ အဓိပၸါယ္က ဆိုလိုျခင္းျဖစ္ပါတယ္။

အဘမင္းေခါင္ ႀကိဳတင္မိန႔္ထားပုံက

“ကိုေလးတို႔ မေလးတို႔ေရ အနာဂါတ္မွာ ကပ္ႀကီးႏွစ္ခုၾကဳံၾကမယ္။ကပ္ႀကီးၾကဳံတဲ့အခ်ိန္မွာ တို႔တိုင္းျပည္မွာ မလြဲမေရွာင္သာ ရာဇပုလႅင္မွာ ဩဇာႀကီးမားသူ ဝဲ/ယာ အုပ္စုႀကီးႏွစ္ခု စိုးစံၾကလိမ့္မယ္။ ထိုသို႔စိုးစံၾကတဲ့အခါ အဖြဲ႕စည္းေပါင္းစုံ ပါတီေပါင္းစုံ လက္နက္ကိုင္အဖြဲ႕ေပါင္းစုံ လည္းေပၚၾကလိမ့္မယ္။ မပူၾကပါနဲ႔ကြယ္.. မိုးလင္းတဲ့အခါ ကပ္ႀကီးႏွစ္ခုေဘးက ကိုေလးတို႔ မေလးတို႔ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ေက်ာ္ျဖတ္နိူင္ၾကမွာပါကြယ္..”

Dr.ရဲေဇာ္ (ဇီးကုန္း)