သက်ကြီးရွယ်အိုများနဲ့ ကလေးများကို လူငယ်ပြန်ဝန်ကြီးက ကျပ်သိန်း ၆၀၀၀ ကျော်….see more
ဧရာဝတီတိုင်းဒေသကြီး၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက် ၂ နှစ်အောက်ကလေးများ၊ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများကို လူကယ်ပြန်ဝန်ကြီးဌာနမှ ကျပ်သန်း ၆၀၀၀ ကျော်ကို ထောက်ပံ့လိုက်ပါတယ်။
အဆိုပါ ထောက်ပံ့ငွေကို သြဂုတ်လ ၁၃ ရက်နေ့က ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (MCCT) အရ လူမှုရေးပင်စင်အစီအစဉ်များ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ လူကယ်ပြန်ဝန် ကြီးဌာနက ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အစည်းအဝေးတွင် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ကြီး ဦးမောင်မောင်သန်း၊
လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် Online စနစ်ဖြင့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားသော အသက် ၂ နှစ်အောက် ကလေး စုစုပေါင်း ၁ သိန်းကျော်၊
အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အို လူဦးရေ ၃ သောင်းကျော်အတွက် စုစု ပေါင်း ကျပ်သန်း ၆၀၀၀ ကျော် ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။
Source People Media