ထိုင်းနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၉နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဖခင်ဖြစ်သူမှ မတော်တဆဖြစ်ပြီး ခြေထောက်တစ်ဖက် ဖြတ်ထုတ်လိုက်ရကာ ကျန်းမာရေးမကောင်းသေးသည့်အတွက် အလုပ်မသွားနိုင်ပဲ အိပ်ရာထဲလှဲနေခဲ့ရသည်။

ဖခင်ဖြစ်သူမှ ထိုအခြေအနေသို့ ရောက်သောအခါ မိခင်ဖြစ်သူသည် မိသားစု စားဝတ်နေရေးအတွက် တာဝန်မယူချင်ပဲ အိမ်ကထွက်သွားခဲ့ရာ မူလတန်းကျောင်းနေအရွယ် ကောင်လေးကပဲ ဝင်ငွေရှာရတော့သည်။

ကောင်လေးဆီမှာ အဖိုးအဖွားရှိသော်လည်း အသက်ကြီးနေပြီဖြစ်တာကြောင့် မခိုင်းရက်တော့ပဲ သူကိုယ်တိုင်ပဲ ကျောင်းကပြန်လာတိုင်း အခြားသောသူများခြံထဲတွင် ရိတ်သိမ်းပြီးစီးသော ပြောင်းဖူးအကျန်လေးတွေကို ကောက်ယူကာ အိမ်ရောက်သည်နှင့် အဖွားဖြစ်သူနဲ့အတူ ပြန်ခြွေကာနေလှန်းပြီး ရောင်းချခဲ့သည်။

ပြောင်းဖူးကလည်း အမြဲတမ်းမရရှိနိုင်တာကြောင့် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေသည့်အတွက် မြင်တွေ့သူအချို့မှ အလှူရှင်များပေါ်ပေါက်ရန် လူမှုကွန်ယက်တွင် အကူအညီတောင်း မျှဝေခဲ့သည်။

unicode