ၾကားသိရသမွ်

အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ မှီခို ဇနီးသည်များအားလုံး စစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဟု

စစ္ေကင္စီ လက္ေအာက္ခံ ျပည္ထဲေရးဝန္ႀကီးဌာနေအာက္ရွိ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းမ်ား၏

မွီခို ဇနီးသည္မ်ားအားလုံး စစ္သင္တန္း မျဖစ္မေနတက္ေရာက္ရမည္ဟု စစ္ေကာင္စီက ယခုရက္ပိုင္းအတြင္း စာထုတ္ျပန္လိုက္သည္။

စစ္သင္တန္း တက္ေရာက္နိုင္ရန္ ႀကိဳတင္ျပင္ဆင္ထားရန္ဟု စာတြင္ပါရွိၿပီး အက်ဥ္းဦးစီးဌာနရွိ

ေထာင္မ်ား၊ စခန္းမ်ားႏွင့္ ႐ုံးခ်ဳပ္မွ ဝန္ထမ္းမ်ား၏ မွီခိုဇနီးသည္မ်ားအားလုံး တက္ေရာက္ရမည္ျဖစ္သည္။

အခုဆိုရင္ တခ်ိဳ႕ေထာင္စခန္းေတြက တက္ရမယ့္ဝတ္စုံေတြ တိုင္းၿပီးခ်ဳပ္ေနရၿပီ

ဟု အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းတစ္ဦးက ဆိုသည္။

လာမည္ႏွစ့္ ဇန္နဝါရီတြင္ စတင္တက္ေရာက္ရမည္ဟု ခန္႔မွန္းထားၿပီး အေထြအေထြအုပ္ခ်ဳပ္ေရး

ဦးစီးဌာန ေအာက္ရွိ ဝန္ထမ္းဇနီးအားလုံး စစ္သင္တန္းတက္ေရာက္ရန္ စစ္ေကာင္စီက

အမိန္႔ထုတ္ထားေၾကာင္း သတင္းရင္းျမစ္က ဆိုသည္။

တခ်ိဳ႕ေတြ မတက္ခ်င္လို႔ လင္မယားကြာရွင္းၾကတယ္လို႔ေတာင္ ေျပာတယ္ ဟု

အက်ဥ္းဦးစီး ဝန္ထမ္း သတင္းရင္းျမစ္က ဆိုသည္။

ယခု စစ္သင္တန္းကို အသက္ ၆၀ ေအာက္ မည္သူမဆို တက္ေရာက္ရမည္ျဖစ္ကာ

ကိုယ္ဝန္ ၇ လေက်ာ္မ်ားမွ လြဲ၍ က်န္ကိုယ္ဝန္ေဆာင္သည္မ်ားလည္း တက္ေရာက္ရမည္ဟု ဆိုသည္။

သို႔ေသာ္ ယင္းအခ်က္ကို သီးျခား အတည္မျပဳနိုင္ေပ

ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕မွ ရဲဝန္ထမ္းမ်ား၏ ဇနီးသည္မ်ား၏ စစ္သင္တန္းမွာမူ ၿပီးခဲ့သည့္ ႏွစ္ပတ္ကတည္းက

ၿပီးဆုံးခဲ့ၿပီဟုဆိုၿပီး ေနျပည္ေတာ္ MICC1 တြင္ တက္ေရာက္ခဲ့ၾကသည္ဟု သတင္းရင္းျမစ္မ်ားက အတည္ျပဳထားသည္။

အခ်ိဳ႕ ၿမိဳ႕နယ္မ်ားတြင္ ရဲဝန္ထမ္းမ်ား၏ ဇနီးသည္မ်ားကို စစ္သင္တန္းေပးရာ ဌာနတြင္း

အျပန္အလွန္ကန္႔ကြက္မႈမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ားႏွင့္ ေငြေပး၍ လူစားထိုးမႈမ်ား ရွိလာေသ

ာေၾကာင့္ သင္တန္းပ်က္ခဲ့သည္မ်ားလည္း ရွိခဲ့သည္ Credit- Mratt Kyaw Thu

စစ်ကေင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏

မှီခို ဇနီးသည်များအားလုံး စစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စာထုတ်ပြန်လိုက်သည်

စစ်သင်တန်း တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်ဟု စာတွင်ပါရှိပြီး အကျဉ်းဦးစီးဌာနရှိ

ထောင်များ၊ စခန်းများနှင့် ရုံးချုပ်မှ ဝန်ထမ်းများ၏ မှီခိုဇနီးသည်များအားလုံး တက်ရောက်ရမည်ဖြစ်သည်

အခုဆိုရင် တချို့ထောင်စခန်းတွေက တက်ရမယ့်ဝတ်စုံတွေ တိုင်းပြီးချုပ်နေရပြီ

ဟု အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်

လာမည်နှစ့် ဇန်နဝါရီတွင် စတင်တက်ရောက်ရမည်ဟု ခန့်မှန်းထားပြီး အထွေအထွေအုပ်ချုပ်ရေး

ဦးစီးဌာန အောက်ရှိ ဝန်ထမ်းဇနီးအားလုံး စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီက

အမိန့်ထုတ်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်

တချို့တွေ မတက်ချင်လို့ လင်မယားကွာရှင်းကြတယ်လို့တောင် ပြောတယ် ဟု

အကျဉ်းဦးစီး ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်

ယခု စစ်သင်တန်းကို အသက် ၆၀ အောက် မည်သူမဆို တက်ရောက်ရမည်ဖြစ်ကာ

ကိုယ်ဝန် ၇ လကျော်များမှ လွဲ၍ ကျန်ကိုယ်ဝန်ဆောင်သည်များလည်း တက်ရောက်ရမည်ဟု ဆိုသည်

သို့သော် ယင်းအချက်ကို သီးခြား အတည်မပြုနိုင်ပေ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများ၏ ဇနီးသည်များ၏ စစ်သင်တန်းမှာမူ ပြီးခဲ့သည့် နှစ်ပတ်ကတည်းက

ပြီးဆုံးခဲ့ပြီဟုဆိုပြီး နေပြည်တော် MICC1 တွင် တက်ရောက်ခဲ့ကြသည်ဟု သတင်းရင်းမြစ်များက အတည်ပြုထားသည်

အချို့ မြို့နယ်များတွင် ရဲဝန်ထမ်းများ၏ ဇနီးသည်များကို စစ်သင်တန်းပေးရာ ဌာနတွင်း

အပြန်အလှန်ကန့်ကွက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် ငွေပေး၍ လူစားထိုးမှုများ ရှိလာသေ

ာကြောင့် သင်တန်းပျက်ခဲ့သည်များလည်း ရှိခဲ့သည် Credit- Mratt Kyaw Thu