ရန်ကုန် မြောက်ဥက္ကလာပမှ ရွှေဘိုသူ “အဝစား ၅၀၀ ကျပ်” ဆိုင်မှ ဆိုင်ရှင်ရဲ့ ပီတိ…
နေ့တိုင်းကျွေးမှာလား သမီးရယ်တဲ့လေ ကျွေးမှာပေါ့ အဘိုးရယ်ဆိုတော့…
ဆိုင်ရှင်ရဲ့ ပီတိ

၁ နာရီလည်းထိုးရော ဟင်းလည်းကုန် ထမင်းလည်းကုန်ဘဲ အိမ်ကလူတွေ မျှတ စားလိုက်ရတယ်…
အိမ်ချက်ဟင်းလက်ရာလေးမို့ စားလို့လည်းကောင်းလို့ ကျေးဇူးတင်ပါတယ်တဲ့…
သံဃာတပါးဆွမ်းကပ်လိုက်ရတယ်…

မသန်စွမ်းသူများ အသက်ကြီးသော်လည်း ဆင်းရဲပင်ပန်းစွာ တွန်းလှည်းတွန်းနေတဲ့ အဘိုးများ လာစားတာတွေ့ရတယ်…
နေ့တိုင်းကျွေးမှာလား သမီးရယ်တဲ့လေ ကျွေးမှာပေါ့ အဘိုးရယ်ဆိုတော့ ဝမ်းသာနေလေရဲ့ကိုယ်လုပ်တဲ့ အလုပ်အပေါ် ဝမ်းသာပိတိဖြစ်မိတယ်…
လုပ်နေတဲ့အချိန် လုပ်နိုင်တဲ့အချိန်မှာ စိတ်ရော ကိုယ်ပါ နှစ်လုပ်ပြီး ကုသိုလ်ယူနေပါတယ်…
အားဖြည့် လှူကြတဲ့ အလှုရှင်များအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်…

၂၅.၁၁.၂၀၂၁ နေ့ ဟင်းလျားများ 😍👇
ဝက်သား အာလူး
ကြက်သား အာလူး
ဗူးသီးချဥ်ရည်
ငပိရည်ဖျော်
အတို့
အဝစား တစ်ပွဲ ၅၀၀ ကျပ် ဖြစ်ပါတယ်

လာရောက်အားပေးကြပါရန်နှင့် တတ်နိုင်သူများမှ ထမင်းတစ်နပ်စာအတွက် ခက်ခဲနေသူများကို ဝိုင်းဝန်းဖေးမ ကုသိုလ်ယူနိုင်ပါကြောင်းနှင့် ရှယ် တစ်ချက်ဖြင့်လည်း ကုသိုလ်ယူလို့ရပါတယ်။
၂၃.၁၁.၂၀၂၁ နေ့မှ စတင်ပြီး နံနက် ၁၁ နာရီမှ နေ့လည် ၁ နာရီအတွင်း ရောင်းချပေးနေပါတယ်။
လိပ်စာက

အမှတ် ၅၂၉/ ၅၃၀ သုနဒ္ဒါပတ်လမ်းမ ပုလဲ (၃) လမ်းနဲ့ (၄) လမ်းကြား (ဌ) ရပ်ကွက် မြောက်ဥက္ကလာပ ကားကြီးဂိတ်မှတ်တိုင် အနီး မီးပွိုင့်နားမှာ ဖြစ်ပါတယ်။






