ရန်ကုန်မြန်မာပလာဇာတွင် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြ လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းထိုးကြိတ်ဖမ်း၊ လူငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်လာ(ရုပ်/ပုံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဆန္ဒပြကြသည့် လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများ ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့သော်လည်း လူငယ် ၂ ဦး ထွက်ပြေး ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။
ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု မြန်မာပလာဇာအတွင်းတွင် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဆန္ဒပြပွဲအပြီးတွင် လူငယ် ၂ ဦးကို ပလာဇာ လုံခြုံရေးဝန်ထမ်းများက ထိုးကြိတ် ဖမ်းဆီးခဲ့ကြကြောင်း၊ သို့ရာတွင် လူငယ် ၂ ဦးက ရုန်းကန် ထွက်ပြေးလွတ်မြောက်လာကြကြောင်း သိရှိရသည်။
“လူငယ် ၂ ဦးကို ဖမ်းသွားပေမယ့် အတင်းရုန်းကန်ပြီး ပြန်လွတ်လာပါတယ်။ လူငယ် ၁ ဦးက အခု ဆေးခန်း ပြနေရတယ်။ ပလာဇာ လုံခြုံရေးဝန်ထမ်းက ဖြတ်ကန်ပြီး ဖမ်းတာကြောင့်လို့ပြောတယ်” ဟု ဖြစ်စဉ်ကို သိရှိထားသူတစ်ဦးက ပြောသည်။
ရန်ကုန်တော်လှန်ရေး လူငယ်တချို့က မြန်မာပလာဇာ လုံခြုံရေးဝန်ထမ်းများ သည် စစ်ကောင်စီအလိုကျ ဆန္ဒပြ လူငယ်များကို ရန်ရှာလာခြင်းအပေါ် ရှုတ်ချပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာကို Social Punishment လုပ်ကြရန် တောင်းဆိုသည်။
unicode