ၾကားသိရသမွ်

ရန်ကုန်မြို့ရှိရွှေပိတောက်ငါးဈေးတွင်ကပ်သမျှင်ငါး စီဗောင်းမှ မမျှော်လင့်ပဲ ကျပ်သိန်း (၁၄၀) ရရှိ

ဇွန် ၆

ဇွန်လ ၆ ရက်နေ့ ယနေ့မှာ ရန်ကုန်မြို့ရှိရွှေပိတောက်ငါးဈေးတွင်ကုန်သည်တစ်ဦးက ၁၄ ပိဿာဝန်းကျင်သာရှိတဲ့ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ ငွေကျပ်သိန်း ၁၄၀ ရရှိခဲ့တယ်လို့ဆိုပါတယ်။

ပုံမှန်အားဖြင့် ကပ်သမျှင်ငါး ပိဿာ(၂၀)ဝန်းကျင်ငါးတစ်ကောင်မှ စီဗောင်းခန့်မှန်းခြေ (၂၀)သားခန့်သာ ထွက်ရှိလေ့ရှိရာ ယခုတစ်ခေါက်တွင် ၁၄ ပိဿာခန့်သာရှိသော ကပ်သမျှင်ငါးမှ မမျှော်လင့်ဘဲ စီဗောင်း (၅၅)ကျပ် သားရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကပ်သမျှင်ငါးမှာ လပွတ္တာမြို့နယ်မှငါးကုန်သည်တစ်ဦးက ရန်ကုန်မြို့ငါးဈေးရှိပွဲရုံသို့တင်ပို့လိုက်ခြင်းဖြစ်ပြီးစီဗောင်းဝယ်သူက သိန်း ၁၄၀ ကျပ်ဖြင့်ဈေးပေးပြီးဖြစ်ကြောင်းသိရသည်။

ကပ်သမျှင်ငါးသည် ဈေးကွက်အတွင်း စီဗောင်းပါငါးအရွယ်အစားအနေဖြင့်ရရှိမှုရှားပါးကာ ရေလုပ်ငန်းလုပ်ကိုင်သူများ၏အဆိုအရကပ်သမျှင်ကို မိုးရာသီတွင်ရရှိတတ်လေ့ရှိကြောင်း သိရသည်။

ကပ်သမျှင်ငါး စီဗောင်းအား ဆေးဝါးဖော်စပ်ရန်နှင့်တန်ဖိုးကြီးရေမွှေးကဲ့သို့ ကုန်များထုတ်လုပ်ရာတွင် အသုံးပြုကြပြီး အာရပ်နိုင်ငံတွင် မီးနေသည်အတွက် စီဗောင်းအား မီးရှို့ကာအငွေ့ရှူကြကာ တရုတ်နိုင်ငံတွင်ဆေးဝါးနှင့်လက်ဆောင်ပစ္စည်းအဖြစ်အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Photo- Aung Tun FB
Crd