ထိုင်းနိုင်ငံကဆုတောင်းပြည့်နာမည်ကြီး နတ်ရုပ်ထုကို အဖော်အချွတ် Sexyပုံစံနဲ့………seemore
ထိုင်းနိုင်ငံက ဆုတောင်းပြည့်နာမည်ကြီး နတ်ရုပ်တုကို အဖော်အချွတ်နဲ့ Sexy ပုံစံထုလုပ်တဲ့ တက်တူးဆရာ ပြစ်တင်ဝေဖန်ခံရ
ထိုင်းနိုင်ငံက ကြွယ်ဝချမ်းသာခြင်းနဲ့ ဆုတောင်းပြည့် နတ်ရုပ်တုကို လှပ်ပေါ်လော်လီ sexy ကျတဲ့ အပြင်အဆင်ပုံစံနဲ့ ထုလုပ်ခဲ့တဲ့ တက်တူးပညာရှင်တစ်ဦးရဲ့ ဆိုရှယ်မီဒီယာပေါ်က မျှဝေခဲ့တဲ့ နတ်ရုပ်တု ဓာတ်ပုံတွေဟာ လူပြောများပြီး ပြစ်တင်ဝေဖန်မှုတွေ ခံနေရတယ်လို့ သိရပါတယ်။
တက်တူးပညာရှင် Ajarn Joe လို့ အမည်ရတဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံက စည်းစိမ်ကြွယ်ဝခြင်း နတ် Nang Kwak ရဲ့ ရိုးရာဝတ်စုံအစား အဖော်အချွတ်ပုံစံနဲ့ ဝတ်စားဆင်ယင်စေတဲ့ ရုပ်တုတွေ ထုလုပ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့ရာကနေ အငြင်းပွားမှုတွေပေါ်ပေါက်ကာ အွန်လိုင်းအသုံးပြု သူတွေများစွာက ဒါဟာ မသင့်လျော်ဘူးဆိုတဲ့အကြောင်းကို ထင်မြင်ချက်ရေးသားထားပါတယ်။ ၎င်းဟာ မသင့်လျော် ဘူးဆိုတာနဲ့ ထိုင်းရိုးရာနဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။
စည်းစိမ်ဥစ္စာနဲ့ ကံတရား နတ် ဒါမှ မဟုတ် Nang Kwak လို့ ခေါ်တဲ့ နတ်ဟာ ဆုတောင်းသူတွေ အတွက် ကံကောင်းခြင်း၊ လာဘ်လာဘများပေးခြင်း၊ ကြီးပွားချမ်းသာခြင်းကို ယူဆောင်ပေးလာ တာကြောင့် ထိုင်း လူမျိုးတွေကြား အထူးရေပန်းစားပါတယ်။ စားသောက်ဆိုင်အဝင်အဝ နဲ့ စီးပွားရေးလုပ်ငန်း မျက်နှာစာတွေမှာ အဆိုပါ Nang Kwak နတ်ရုပ်ထုကို ထားရှိခြင်းဖြင့် လာဘ်ခေါ်စီးပွားဖြစ်ကာ ဖောက်သည်တွေကိုလည်း ဆွဲဆောင်နိုင်တယ်လို့ သိရပါတယ်။
Pathum Thani အလယ်ပိုင်းက အဆိုပါအမျိုးသားရဲ့ တက်တူးစတူဒီယိုမှာ Nang Kwak နတ်ရုပ်ထုရဲ့ ရိုးရာဝတ်စုံနဲ့ မဟုတ်တဲ့ အမြင်မသင့်တော်ရိုင်းစိုင်းတယ်လို့ ဆိုတဲ့ အဝတ်အစား အရောင်ကွဲတွေ များစွာနဲ့ ထုလုပ်ထားတဲ့ နတ်ရုပ်တုတွေများစွာရှိတာကိုလည်း တွေ့ရပါတယ်။
လက်တလောမှာတော့ ဒီသတင်းက ထိုင်းမီဒီယာတွေကြား ဟိုးလေးတကြော်ဖြစ်နေပြီး Ajarn Joe ကတော့ သူ့ရဲ့ ဒီလို sexy အသွင်အပြင်နဲ့ နတ်ရုပ်တု က နိုင်ငံခြားသားဖောက်သည်တွေကြား အလွန် ရေပန်းစားကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား နိုင်ငံတို့မှာ ရုပ်တု တစ်ခုလျှင် ဘတ် ၄ ထောင်နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။
Ref:thethaiger Crd…..
Unicode
ထိုင်းနိုင်ငံကဆုတောင်းပြည့်နာမည်ကြီး နတ်ရုပ်ထုကို အဖော်အချွတ် Sexyပုံစံနဲ့………seemore
ထိုင်းနိုင်ငံက ဆုတောင်းပြည့်နာမည်ကြီး နတ်ရုပ်တုကို အဖော်အချွတ်နဲ့ Sexy ပုံစံထုလုပ်တဲ့ တက်တူးဆရာ ပြစ်တင်ဝေဖန်ခံရ
ထိုင်းနိုင်ငံက ကြွယ်ဝချမ်းသာခြင်းနဲ့ ဆုတောင်းပြည့် နတ်ရုပ်တုကို လှပ်ပေါ်လော်လီ sexy ကျတဲ့ အပြင်အဆင်ပုံစံနဲ့ ထုလုပ်ခဲ့တဲ့ တက်တူးပညာရှင်တစ်ဦးရဲ့ ဆိုရှယ်မီဒီယာပေါ်က မျှဝေခဲ့တဲ့ နတ်ရုပ်တု ဓာတ်ပုံတွေဟာ လူပြောများပြီး ပြစ်တင်ဝေဖန်မှုတွေ ခံနေရတယ်လို့ သိရပါတယ်။
တက်တူးပညာရှင် Ajarn Joe လို့ အမည်ရတဲ့ အမျိုးသားဟာ ထိုင်းနိုင်ငံက စည်းစိမ်ကြွယ်ဝခြင်း နတ် Nang Kwak ရဲ့ ရိုးရာဝတ်စုံအစား အဖော်အချွတ်ပုံစံနဲ့ ဝတ်စားဆင်ယင်စေတဲ့ ရုပ်တုတွေ ထုလုပ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေခဲ့ရာကနေ အငြင်းပွားမှုတွေပေါ်ပေါက်ကာ အွန်လိုင်းအသုံးပြု သူတွေများစွာက ဒါဟာ မသင့်လျော်ဘူးဆိုတဲ့အကြောင်းကို ထင်မြင်ချက်ရေးသားထားပါတယ်။ ၎င်းဟာ မသင့်လျော် ဘူးဆိုတာနဲ့ ထိုင်းရိုးရာနဲ့ ယုံကြည်မှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်