ၾကားသိရသမွ်

လိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာတွေ့ရန် ချိန်းဆိုလိုက်သောအခါ

အသက်၁၆နှစ်အရွယ် ကောင်လေးတစ်ဦးသည် လိုင်းပေါ်ကနေ သူ့ထက်အသက်၂နှစ်လောက်ကြီးသော မိန်းကလေးနှင့် ဆုံတွေ့ခဲ့ရာ ချစ်စရာကောင်းနေတာကြောင့် ချက်ချင်းပင် ချစ်ရေးသွားဆိုခဲ့သည်။

မိန်းကလေးကလည်း ရည်းစားတစ်ခါမှ မထားဖူးတာကြောင့် ပထမဆုံးအကြိမ်တွဲကြည့်ရန် ကောင်လေးရဲ့အခြေအနေကို စောင့်ကြည့်ပြီး

လက်ခံခဲ့ရာ ချစ်သူသက်တမ်း ၁လပြည့်တွင် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားတူတူစားရအောင်ဆိုပြီး ကောင်လေးဖက်က ချိန်းဆိုခဲ့သည်။

ထိုစဉ် မိန်းကလေးလည်း စားသောက်ဆိုင်သို့ ရောက်သွားပြီး ခဏအကြာတွင် ကောင်လေးမှ ပုံထဲကလို ချောချောလေးဖြစ်မနေလို့ဆိုပြီး သူ့အားလှည့်စားသည်ဟု မှတ်ယူကာ ကလဲ့စားချေရန် ဆိုင်ထဲရှိ ဈေးကြီးဆုံး အစားအစာတွေကိုသာ မှာယူခဲ့သည်။

ထို့နောက် ကောင်လေးသည် သန့်စင်ခန်းသွားအုံးမည်ဆိုပြီး ချစ်သူမိန်းကလေးမသိအောင် အိမ်သို့တိတ်တိတ်လေးပြန်ခဲ့ပြီးနောက် မိန်းကလေးမှ ဖုန်းဆက်သောအခါ သူ့အကြိုက်ပုံစံမဟုတ်၍ လမ်းခွဲစကားဆိုခဲ့သည်။

ထိုအချိန်တွင် မိန်းကလေးသည် သူမအားတကယ်မချစ်နိုင်တာကို အပြစ်မမြင်ပဲ ဈေးကြီးသော အစားအစာတွေကို မှာယူပြီးထားခဲ့၍ ပိုက်ဆံတစ်ဝက်ရှင်းပေးရန်

တောင်းဆိုခဲ့ရာ ကောင်လေးမှ ဖုန်းကိုစက်ပိတ်သွားသည့်အတွက် သူငယ်ချင်းထံအကြောင်းကြားပြီး အကူအညီတောင်းခဲ့ပြီးနောက် သူမလိုအဖြစ်မျိုး မကြုံတွေ့ရလေအောင် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Unicode