ၾကားသိရသမွ်

နိုင်ငံခြားကနေ ပြန်ပင့်လာရတဲ့ ဦးခေါင်း ၃လုံး နဂါးရုံဘုရား ကို (၁၈) နှစ်တိုင်တိုင် အိမ်မှာ ပူဇော်ထားခဲ့ပေမယ့် ခုမှသိရတဲ့ ဆင်းတုတော်ရဲ့ လျှို့ဝှက်ချက်…

နိုင်ငံခြားကနေ ပြန်ပင့်လာရတဲ့ ဦးခေါင်း ၃လုံး နဂါးရုံဘုရား ကို (၁၈) နှစ်တိုင်တိုင် အိမ်မှာ ပူဇော်ထားခဲ့ပေမယ့် ခုမှသိရတဲ့ ဆင်းတုတော်ရဲ့ လျှို့ဝှက်ချက်

ရေမြေရပ်ခြားတိုင်းတပါးမှပြန်လည်ပင့်ဆောင်လာခဲ့သောဘိုးဘွားတို့ရဲ့အမွေမြန်မာ့ပန်းပုလက်ရာရှေးဟောင်းဗုဒ္ဓရုပ်ပွာတော်တစ်ဆူ၏ ထူးခြားမှုအဖုံဖုံဖြစ်ကြောင်းကုန်စင်ကို ဗဟုသုတဖြန့်ဝေပေးခြင်းကုသိုလ်ကျွန်တော်တို့ဘိုးဘွားတို့ရဲ့အမွေ မြန်မာလက်မှုအနုပညာ ရှေးဟောင်းရုပ်ပွားတော်မြတ်ကြီးကို စတင်ဖူးတွေ့ရပုံကိုပြောပြရမည်ဆိုလျှင်..

လွန်ခဲ့တဲ့(၁၈)နှစ်ခန့်က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် ထိုင်းနိုင်ငံချင်းရိုင်မြို့၌ကျင်းပသောကုန်စည်ပြပွဲသို့သွားရောက်ပြီးကျောက်မျက်ရတနာများကိုသွားရောက်ရောင်းချစဉ်က ကျွန်တော်တွေ့ကြုံ ခဲ့ရပုံများကိုစတင်ပြောပြမှသာလျှင်ပိုမိုပြီးပြည့်ပြည့်စုံစုံ‌ပြောပြနိုင်မှာမို့ပြန်လည်ပြောပြပေးလိုပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံချင်းရိုင်မြို့သို့ရောက်ရှိသောကျွန် တော် တို့မြန်မာကုန်သည် တစ်သိုက်ဟာ‌ပြပွဲမှာ ဈေးရောင်းကောင်းသည်ဖြစ်စေဈေးရောင်းမကောင်းသည်ဖြစ်စေနံနက်(၉)နာရီမှညနေ(၅)နာရီအထိ ပြပွဲမှာ‌ဈေးရောင်းကြပြီး ညနေပြခန်းပိတ်ပြီဆိုတာနဲ့တပြိုင်ထဲစိတ်တူကိုယ်တူသမားများစုရုန်းပြီးလည်ကြပတ်ကြပျော်ကြပါးကြနဲ့ပေါ့ဗျာ..။

ကျွန်တော်ကတော့အပျော်အပါးထက်သူများနိုင်ငံမှာကျွန်တော်တို့နိုင်ငံရဲ့ရှေးဟောင်းပစ္စည်းတွေဘာတွေများရောက်ရှိနေမလဲဘယ်လိုရောက်ရှိသွားတာလဲလေ့လာချင်စိတ်စူးစမ်းချင်စိတ်များဖြင့်သာကျွန်တော်နဲ့အတူလိုက်ပါလာသော တူလေးနှစ်ယောက်ကိုခေါ်ပြီး

သူတို့စားချင်တာဝယ်ကျွေးလိုက် သူတို့လိုချင်တာဝယ်ပေးလိုက်လုပ်ပြီး ကျွန်တော်သွားချင်တဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များသို့ ခေါ်ဆောင်သွားလေ့ရှိပါတယ်။

တစ်နေ့မမျှော်လင့်မရည်ရွယ်ပါဘဲနှင့် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားရာ ကျွန်တော်တို့မြန်မာလက်မှုပစ္စည်းတော်တော်များများ တိုင်း တပါးသို့ရောက်ရှိနေတာကို ဝမ်းနည်းဖွယ်ရာတွေ့မြင်ရပါတော့တယ် ။

ထိုရှေးဟောင်းပစ္စည်းအရောင်းဆိုင်၏ ထောင့်တစ်နေရာတွင်ထူးထူးဆန်းဆန်း မှောင်ခိုဈေးကွက်မှတဆင့် ရောက်ရှိလာဟန်တူသော ပုဂံခေတ်လက်ရာ ဦးခေါင်း၃လုံးပါ

နဂါးရုံဘုရားတစ်ဆူကို တွေ့မြင်လိုက်ရတာနဲ့တပြိုင်ထဲ ကျွန်တော့်စိတ်ထဲမှာ အမျိုးအမည်မသိ ဝေဒနာတစ်ခုခံစားရပြီး ဝမ်းနည်းသလို ဝမ်းသာသလိုဖြစ်ကာ ရှေးပစ္စည်းရောင်းတဲ့ဆိုင်ထဲမှာပဲ အရှက်မရှိငို‌ကြွေးနေမိပါတော့တယ်။

ကျွန်တော်နဲ့အတူလိုက်ပါလာတဲ့ တူလေးကျော်ကျော်နဲ့သားသွင်တို့အား သားရယ် အောင်အောင် ဒီရုပ်ပွားတော်ကြီးကို မြန်မာပြည်သို့ ပြန်ပင့်ချင်လိုက်တာလို့ဖွင့်ပြောတော့ တူလေးက မဖြစ်နိုင်တာအောင်အောင်ရာ ဈေးကလည်းဒေါ်လာ(၃၀၀၀) တဲ့ ဘယ်မှာလဲပိုက်ဆံ

ပိုက်ဆံရှိတော့လဲ လမ်းမှာ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲတဲ့တူလေးပြောတာဟုတ်ပါတယ်လေ အားမတန်တော့မာန်လျှော့ပြီး တည်းခိုရာဟိုတည်သာပြန်လာခဲ့ရပေမဲ့ ကျွန်တော့်စိတ်က နဂါးရုံဘုရားစီကိုပဲ အမြဲရောက်နေတော့ မြန်မာပြည်မပြန်မချင်း အဲ့ဒီရှေးဟောင်းပစ္စည်းဆိုင်ကို နေ့တိုင်းရောက်အောင်သွားတယ် နဂါးရုံရုပ်ပွားတော်ကို ဘုရားကန်တော့တယ်သစ္စာဆိုတယ်

အဲ့ဒီလိုနဲ့ပြပွဲနောက်ဆုံးနေ့သို့ ရောက်ရှိသည့်တိုင်အောင် ဈေးရောင်းမကောင်းတဲ့အတွက် ဘုရားဝယ်ဖို့ပိုက်ဆံမဆိုထားနဲ့ လမ်းစရိတ်တောင်ပြန်ဖို့ရန် အနိုင်နိုင်ဖြစ်နေတော့အော်တို့မြန်မာပြည်ကဘိုးဘွားတွေပိုင်တဲ့နဂါးရုံရုပ်ပွားတော်ကြီးနဲ့ဝေးရပါပြီပေါ့

သို့ပေမဲပြပွဲနောက်ဆုံးနေ့မှာပဲထူးခြားတိုက်ဆိုင်မှုတစ်ခုက ရှေး ဟောင်းပစ္စည်းဆိုင်ကသူဌေး ပြပွဲလာကြည့်ရင်းကနေ ကျွန်တော့်ဆိုင်နားရောက်လာတော့ နေ့တိုင်းသူဆိုင်လာလာနေတဲ့ ကျွန်တော့်ကိုမြင်သွားပြီး ကျွန်တော့်ပြခန်းကို သေသေခြာခြာလာရောက်လေ့လာကာ သူလိုချင်တာတွေဝယ်ယူ အားပေးပါတော့တယ်။

သူ့ကိုကြည်ပြီးကျွန်တော့်စိတ်ထဲကနေ အော် သူဌေးရယ် တို့မြန်မာပြည်က ရုပ်ပွားတော်တို့နဲ့ပြန်ပေးပါလားဆိုပြီး စိတ်ထဲကပြောနေစဉ်မှာပဲသူဌေးက ကျွန်တော်ပါလာတဲ့ကျောက်တွေ့ကြည့်ရင်း ‌ပြောင်သလိုနှောက်သလိုဟန်ဖြင့် မင်းကျောက်တွေနဲ့ နဂါရုံဘုရားနဲ့ လဲမလားလို့လာပြောတော့

ကျွန်တော်လေ ဟန်သာဆောင်နေရတယ် ရေငတ်နေတဲ့သူရေတွင်းထဲကျသလို မျက်နှာ အမူအရာက ဖြစ်နေပြီး သူဌေးကို မ‌နောက်ပါနဲ့ဗျာတကယ်လဲမှာဆိုရင် အိမ်မှာကိုးကွယ်ချင်လို့လဲချင်တာပေါ့ဗျာဟု‌ပြောလိုက်တော့ သူဌေးကတကယ်လဲမယ်တဲ့ ။

ကျွန်တော်ကမြန်မာပြည်ကို ပြန်မသယ်တတ်ဘူး‌‌ပြောတော့ သူ့ဘက်က မြဝတီထိပို့ပေးမယ်တဲ့ဟိုရောက်ရင်ကိုယ့်ဘာသာကိုယ်သယ်တဲ့ကျွန်တော်လည်းဖြစ်ချင်ရာဖြစ်ဆိုပြီး ထိုအချိန်ကမြန်မာကျပ်ငွေဆယ်သိန်းဖိုးခန့်ရှိတဲ့ကျောက်စိမ်းပုတီးကျောက်စိမ်းပန်းပုကျောက်စိမ်းလက်ကောက်ကျောက်စိမ်းဆွဲသီးနှင့် အလဲအထပ်လုပ်လိုက်ရတာကြောင့် ပျော်လိုက်တာများဗျာ မျောက်အုန်းသီးရသလိုပါပဲ

ပြောမပြောချင်တော့ပါဘူးမြန်မာပြည်ဘက်ပြန်ရောက်တာနဲ့ မြဝတီကနေရန်ကုန်သည်ပေးမည့်သူကို ကားဂိတ်သွားစုံစမ်းတော့လည်း ကူညီပေးမယ့်သူ အဆင်ပြေတာနဲ့ ယခုရုပ်ပွားတော်ကို ရန်ကုန်သို့ပင့်ပြီး ကိုးကွယ်ပူ‌ဇော်လာတာဟာဖြင့် ယခုဆိုရင်(၁၈)နှစ်ပြည့်တဲ့နေပါပဲ

(၁၈)နှစ်ခန့်ကိုးကွယ်လာတဲ့နဂါရုံဘုရားမှာ ယခုလိုအံဝှပ်ရှိတာသိလာပုံကလည်း ကျွန်တော့်အကျင့်ကနေမကောင်းရင်အမေကိုပိုသတိရတယ်အမေကို သတိရတိုင်းရတိုင်းအမြဲတမ်း ကုသိုလ်တစ်ခုခုလုပ်နေကြဆိုတော့ ယနေ့ကျွန်တော့်နေအိမ်ဘုရားခန်းမှာ ပူဇော်ထားသောရုပ်ပွားတော်မြတ်များအား ရွှေသင်္ကန်းကပ်လှူမယ်ဆိုပြီး

ရွှေချပေးတဲ့ဦးတင်ဝင်းကိုခေါ်ပြီးရွှေသင်္ကန်းကပ်လှူဖို့နဂါးရုံရုပ်ပွားတော်ကိုသစ်ဆေးသုတ်နေစဉ်ရွှေချတဲ့ဆရာကဦးအောင်နဂါးသုံးရစ်မှာ အောက်ဆုံးအရစ်ကလှုပ်နေသလိုပဲ အရင်တစ်ကြိမ်ရွှေသင်္ကန်းကပ်ကထဲက သူသတိထားမိနေတာလို့ပြောတာနဲ့

ကျွန်တော်နဲ့ရွှေသင်္ကန်းကပ်တဲ့ ဦးတင်ဝင်းတို့နည်းမျိုးစုံဖြင့် အောက်ဆုံးအဆင့်ကိုချွတ်ကြည့်ရာ အတွင်း၌ရုပ်ပွားတော်မြတ်တစ်ဆူ ကိန်းဝပ်ပူဇော်ထားတာကို မျက်ဝါးထင်ထင်ဖူးမျှော်တွေ့ပါတော့တယ်။

ကျွန်တော်တို့ရှေးဘိုးဘွားများဟာရည်ရွယ်ချက်ရည်မှန်းချက်အလွန်ကြီးမားနက်နဲလွန်းသလိုပန်းဆယ်မျိုးအတတ်ပညာထဲမှာပါတဲ့ပန်းပုပညာရဲ့နက်နဲမှု အတတ် ပညာ ပြောင်မြောက်မှုတို့ဟာ နဂါရုံဘုရားထုလုပ်ထားပုံကိုကြည့်ပြီး အံ့ဩ၍မကုန်ဖြစ်နေမိပါတော့တယ်။

ထိုင်းနိုင်ငံကနေကျွန်တော့်ပြန်လည်ပင့်ဆောင်လာတဲ့ နဂါးရုံရုပ်ထုတော်ရဲ့ နဂါးဦးခေါင်းသုံးလုံးအတွင်း၌ ကကုသန် ကောဏဂုံကဿဖဘုရားသုံးဆူကိုယ်စားရုပ်ပွာတော်၃ဆူကို မုဒြာအမျိုးမျိုး မထိခြင်းအမျိုးမျိုးဖြင့် လက်ရာအသေးစိပ်ထုလုပ်ထားပြီး

ထိုနဂါးဦးခေါင်းသုံးလုံးအောက်၌ ဂေါတမဘုရားရှင်ကိုယ်စား ရုပ်ပွားတော်မြတ်ကြီးကိုလည်း ဦးခေါင်းတော်နှင့် မျက်နာကျက်တော်မထိခြင်း ပုခုံးတော်နှင့်နားတော်နှစ်ဖက်မထိခြင်း လက်တော်နှစ်ဖက်တော်မထိခြင်းလက်တော်နှင့်‌‌ခြေတော်မထိခြင်း

ပုလ္လင်တော်နဲ့ခန္ဓာကိုယ်မထိခြင်း ပုလ္လင်တော်နှင့်ဒူးတော်နှစ်ဖက်မထိခြင်း စသည့် မထိခြင်း(၉)ပါးဖြင့် ကြိုညိုသပ္ပါယ်ဖွယ်သတင်းသုံး‌နေသည့် ဂေါတမဘုရားရှင်ကိုယ်စားရုပ်ပွားတော် နဂါးခန္ဓာကိုယ်လုံးတော်အတွင်း၌ အံဝှက်ဖြင့်ပူဇော်ထားသော နောင်ပွင့်တော်မူမည့်

အရိမေတ္တယျ ဘုရားရှင်ပုံတော်ကိုလည်း အဘယမုဒြာပုံထုလုပ်ထားသည်မှာ အံ့ဩဖွယ်ဖူးမျှော်ကြည်ညိုရပုံများကို ကျွန်တော့်ရဲ့ဓမ္မမိတ်ဆွေများအား ဖူးမျှော်စေချင်သောစေတနာဖြင့် ယခုလိုပြောပြပေးခြင်းဖြစ်ပါတယ်

ယခုလိုပြောပေးခြင်းဟာလည်း ကျွန်တော့်မှာဘာရည်ရွယ်ချက်မရှိဘဲ မြန်မာ့ပန်းပုလက်ရာအံ့မခမ်းမှုကို ပြောပြပေးခြင်းသာဖြစ်ပါကြောင်း ကြိုတင်ပြောပြထားလိုပါတယ်ခင်ဗျ…

ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ (၂၄.၁၂.၂၀၂၁)သောကြာနေ့

Credit ~ မူရင်း
Sai Min Thant ထံမှ ထပ်ဆင့် ပြန်လည်မျှဝေပါသည်။