ၾကားသိရသမွ်

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေကို ကူညီဖို့ ရန်ပုံငွေဟာ တောင်းခံထားတဲ့ အတိုင်းအတာကို မရရှိသေးတာ

ကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာအတွက် ပိုမိုထည့်ဝင်လှူဒါန်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ကူမှု အစီအစဉ်နဲ့ ယာယီအရေး‌ပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အတွက် ဒေါ်လာ ၃၈၅

သန်း တောင်းခံထားရမှာ လက်ရှိအချိန်ထိ ရန်ပုံငွေဟာ တဝက်လောက်တောင် မရရှိသေးပါဘူး။

ဒီအတွက် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က မနေ့က နယူးယောက်မှာကျင်းပတဲ့‌ ကုလသတင်းစာရှင်းလင်းပွဲမှာ လက်ရှိ

အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွက် ထည့်သွင်းရှင်းလင်းပြောကြားခဲ့တာပါ။

ဒါကြောင့် ကုလအဖွဲ့ဝင်နိုင်ငံတွေအားလုံးက မြန်မာနိုင်ငံကို ကူညီနိုင်ဖို့ ရန်ပုံငွေတွေအတွက် အရင်ကထက် ပိုမိုပြီး အလှူငွေ ထည့်ဝင်ကြဖို့

တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

ဒါအပြင် ကုလအနေနဲ့လည်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ လူပေါင်း ၃ သန်းကျော်ကို ကူညီနိုင်ဖို့အခြေအနေဟာ ရန်ပုံငွေ

အင်အားအလွန်နည်းနေတာကြောင့် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။Source;DNA

Zawgyi

မြန်မာအတွက် ရန်ပုံငွေ မလုံလောက်လို့ နိုင်ငံတကာအနေနဲ့ အလှူငွေပိုထည့်ဝင်ကြဖို့ ကုလတိုက်တွန်း

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေကို ကူညီဖို့ ရန်ပုံငွေဟာ တောင်းခံထားတဲ့ အတိုင်းအတာကို မရ

ရှိသေးတာကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာအတွက် ပိုမိုထည့်ဝင်လှူဒါန်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ကူမှု အစီအစဉ်နဲ့ ယာယီအရေး‌ပေါ် တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အတွက် ဒေါ်

လာ ၃၈၅ သန်း တောင်းခံထားရမှာ လက်ရှိအချိန်ထိ ရန်ပုံငွေဟာ တဝက်လောက်တောင် မရရှိသေးပါဘူး။

ဒီအတွက် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က မနေ့က နယူးယောက်မှာကျင်းပတဲ့‌ ကုလသတင်းစာရှင်းလင်းပွဲ

မှာ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအတွက် ထည့်သွင်းရှင်းလင်းပြောကြားခဲ့တာပါ။

ဒါကြောင့် ကုလအဖွဲ့ဝင်နိုင်ငံတွေအားလုံးက မြန်မာနိုင်ငံကို ကူညီနိုင်ဖို့ ရန်ပုံငွေတွေအတွက် အရင်ကထက် ပိုမိုပြီး အလှူငွေ ထ

ည့်ဝင်ကြဖို့ တိုက်တွန်းခဲ့တာပဲဖြစ်ပါတယ်။

ဒါအပြင် ကုလအနေနဲ့လည်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ လူပေါင်း ၃ သန်းကျော်ကို ကူညီနိုင်ဖို့အခြေအနေဟာ ရန်

ပုံငွေ အင်အားအလွန်နည်းနေတာကြောင့် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။Source;DNA