ၾကားသိရသမွ်

ကြားဘူးခဲ့တဲ့ မြေကြီးက ရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ ထွက်တဲ့ သစ်ပင်တွေ တကယ်ရှိတယ်ဆိုတဲ့ အကြောင်း

သိပ္ပံပညာရှင်တွေကရွှေကြောရှာဖွေရင်းနဲ့ရွှေတွေသီးနေတယ်လို့ဆိုလို့ရတဲ့ယူကလစ်သစ်ပင်တွေကိုမတော်တ ဆတွေ့ရှိခဲ့ပါတယ်။

ဒီအပင်တွေကိုဘယ်လိုအသုံးချကြမလဲ။ပုံပြင်ထဲမှာတော့ကိုယ်လိုချင်တဲ့ပစ္စည်းတွေကို အပင်တွေဆီကခူးယူကြတာကြားဖူးကြမှာပါ။

ရှေးတုန်းကလဲပစ္စည်းတွေ သီးတဲ့ ပဒေသာပင်ဆိုတာရှိခဲ့တယ်လို့လူကြီးတွေကပြောဖူးကြပါတယ်။ကဲအခုက တော့ပစ္စည်းတွေသီးတဲ့အပင်တွေအကြောင်းတော့မဟုတ်ပေမယ့်ရွှေထွက်တဲ့သစ်ပင်တွေအကြောင်းပြောပြမှာပါ။

ရွှေထွက်တဲ့သစ်ပင်တွေတွေ့တဲ့နေရာကတော့ခြောက် သွေ့တဲ့ဒေသတစ်ဖြစ်လဲGoldfields Esperanceဒေသ ဖြစ်ပြီးသြစတြေးလျတိုက် အနောက်ဘက်မှာရှိတာပါ။

မူလကတော့ ရှာဖွေသူတွေဟာဒီရွှေထွက်တဲ့မြေအေက်မှာဘာရှိသလဲ ဆိုတာ လောက်ပဲရှာဖွေဖို့ရည်ရွယ်ခဲ့ပေမယ့်တကယ်ရွှေတွေ့တော့မြေကြီးထဲမှာမဟုတ်ဘဲယူက လစ်သစ်ပင်တွေမှာသွားတွေ့ပါတယ်။

အဲဒီသစ်ပင်တွေဟာ အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ အပင်တွေဖြစ်ပြီး အမြစ်တွေဟာလည်းမြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်းတာကြောင့် ရေသောက်မြစ်တွေက ဘယ်လိုမြေအောက်ရေကို အသုံးချပြီး အပင်တွေကို ရှင်သန်စေသလဲဆိုတာတောင် ရှာရခက်ပါတယ်။

ဒီမှာ မေးစရာရှိတာက မြေကြီးအောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့်ထွက်သလဲဆိုတာပါပဲ။ တကယ်တော့ ယူကလစ်သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့မြေလွှာထဲအထိ ရောက်ရှိ နိုင်ပါတယ်။

သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလအားဖြင့် ရွှေဆိုတဲ့သတ္တုဟာ အပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင်တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။

ရွှေရှိတဲ့ မြေလွှာထဲရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်းအစတွေကို စုပ်ယူပြီးနောက် အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေမဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာရှိတဲ့ အရွက်တွေဆီ ပို့ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသူတွေက အစကမယုံကြသေးပါဘူး။ဖန်လုံအိမ် ထဲမှာလည်း အဲဒီအပင်တွေ ရွှေတွေကိုသယ်ဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာအမှန် ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အဲဒီ Eucalyptus အပင်တွေက ရွှေထွက်ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန်တူပါတယ်။ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက်ပေါင်းမှလက်ထပ် လက်စွပ်တစ်ကွင်းစာလုပ်ဖို့ လုံလောက်တဲ့ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။

အဲဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှာ အသုံးမဝင်ရင် ဘယ်မှာသုံးကြပါမလဲ။ရွှေထုတ်တဲ့ နေရာမှသုံးကြပါတယ်တဲ့။ အပင်တွေစိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ရတာကြောင့် ရွှေကြောတွေကို ပေါက်တူးပေါက်ပြီး ရှာစရာမလိုတော့ပါဘူး။Credit

————

သိပၸံပညာရွင္ေတြကေ႐ႊေၾကာရွာေဖြရင္းနဲ႔ေ႐ႊေတြသီးေနတယ္လို႔ဆိုလို႔ရတဲ့ယူကလစ္သစ္ပင္ေတြကိုမေတာ္တ ဆေတြ႕ရွိခဲ့ပါတယ္။

ဒီအပင္ေတြကိုဘယ္လိုအသုံးခ်ၾကမလဲ။ပုံျပင္ထဲမွာေတာ့ကိုယ္လိုခ်င္တဲ့ပစၥည္းေတြကို အပင္ေတြဆီကခူးယူၾကတာၾကားဖူးၾကမွာပါ။

ေရွးတုန္းကလဲပစၥည္းေတြ သီးတဲ့ ပေဒသာပင္ဆိုတာရွိခဲ့တယ္လို႔လူႀကီးေတြကေျပာဖူးၾကပါတယ္။ကဲအခုက ေတာ့ပစၥည္းေတြသီးတဲ့အပင္ေတြအေၾကာင္းေတာ့မဟုတ္ေပမယ့္ေ႐ႊထြက္တဲ့သစ္ပင္ေတြအေၾကာင္းေျပာျပမွာပါ။

ေ႐ႊထြက္တဲ့သစ္ပင္ေတြေတြ႕တဲ့ေနရာကေတာ့ေျခာက္ ေသြ႕တဲ့ေဒသတစ္ျဖစ္လဲGoldfields Esperanceေဒသ ျဖစ္ၿပီးၾသစေၾတးလ်တိုက္ အေနာက္ဘက္မွာရွိတာပါ။

မူလကေတာ့ ရွာေဖြသူေတြဟာဒီေ႐ႊထြက္တဲ့ေျမေအက္မွာဘာရွိသလဲ ဆိုတာ ေလာက္ပဲရွာေဖြဖို႔ရည္႐ြယ္ခဲ့ေပမယ့္တကယ္ေ႐ႊေတြ႕ေတာ့ေျမႀကီးထဲမွာမဟုတ္ဘဲယူက လစ္သစ္ပင္ေတြမွာသြားေတြ႕ပါတယ္။

အဲဒီသစ္ပင္ေတြဟာ အကိုင္း အလက္ ခ်ိဳးခံရေပမယ့္လည္း မူလအတိုင္း ျပန္လည္ရွင္သန္ႏိုင္စြမ္းရွိတဲ့ အပင္ေတြျဖစ္ၿပီး အျမစ္ေတြဟာလည္းေျမေအာက္ဘက္ကို လွ်ိဳတိုးႏိုင္စြမ္း အားေကာင္းတာေၾကာင့္ ေရေသာက္ျမစ္ေတြက ဘယ္လိုေျမေအာက္ေရကို အသုံးခ်ၿပီး အပင္ေတြကို ရွင္သန္ေစသလဲဆိုတာေတာင္ ရွာရခက္ပါတယ္။

ဒီမွာ ေမးစရာရွိတာက ေျမႀကီးေအာက္က ေ႐ႊေတြဟာ သစ္ပင္ကေန ဘာေၾကာင့္ထြက္သလဲဆိုတာပါပဲ။ တကယ္ေတာ့ ယူကလစ္သစ္ပင္ေတြရဲ႕ အျမစ္ဟာ ရွည္လ်ားလြန္းတာေၾကာင့္ ေ႐ႊေတြရွိတဲ့ေျမလႊာထဲအထိ ေရာက္ရွိ ႏိုင္ပါတယ္။

သစ္ပင္ေတြဟာ ဓာတ္ပစၥည္းေတြကို ေျမေအာက္ကေန သယ္ေဆာင္ႏိုင္စြမ္းရွိတာ မဆန္းေပမယ့္ မူလအားျဖင့္ ေ႐ႊဆိုတဲ့သတၱဳဟာ အပင္ေတြရဲ႕ အဆိပ္ျဖစ္တာေၾကာင့္ ဒီအပင္ေတြကေတာ့ အထူးအဆန္းလို ျဖစ္ေနပါတယ္။

ေ႐ႊရွိတဲ့ ေျမလႊာထဲေရာက္ေနတဲ့ အျမစ္ေတြက ေ႐ႊအပိုင္းအစေတြကို စုပ္ယူၿပီးေနာက္ အႏၲရာယ္ရွိတဲ့ ဓာတ္ေပါင္းစည္းမႈေတြမျဖစ္ဖို႔ အေပၚဆုံး အဖ်ားမွာရွိတဲ့ အ႐ြက္ေတြဆီ ပို႔ေပးလိုက္ပါတယ္။

ဒီျဖစ္စဥ္ကို ရွာေဖြေတြ႕ရွိသူေတြက အစကမယုံၾကေသးပါဘူး။ဖန္လုံအိမ္ ထဲမွာလည္း အဲဒီအပင္ေတြ ေ႐ႊေတြကိုသယ္ေဆာင္ႏိုင္စြမ္း ရွိ၊မရွိ စမ္းသပ္ခဲ့ ၾကရာမွာအမွန္ ျဖစ္တယ္ဆိုတာ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

အဲဒီ Eucalyptus အပင္ေတြက ေ႐ႊထြက္ေပမယ့္ မ်ားျပားလွတာ မဟုတ္ပါဘူး။ အမႈန္အမႊား ေလာက္ပဲ ျဖစ္ဟန္တူပါတယ္။ဘာေၾကာင့္လည္း ဆိုေတာ့ အဲဒီလို ေ႐ႊ ထြက္တဲ့ အပင္ေပါင္း ၅၀၀ ေလာက္ေပါင္းမွလက္ထပ္ လက္စြပ္တစ္ကြင္းစာလုပ္ဖို႔ လုံေလာက္တဲ့ေ႐ႊသာ ရႏိုင္ေလာက္ လို႔ပါပဲတဲ့။

အဲဒီေတာ့ ဒီအပင္ေတြဟာ ေ႐ႊထြက္ရာမွာ အသုံးမဝင္ရင္ ဘယ္မွာသုံးၾကပါမလဲ။ေ႐ႊထုတ္တဲ့ ေနရာမွသုံးၾကပါတယ္တဲ့။ အပင္ေတြစိုက္ၿပီး ေ႐ႊ ရွိ၊မရွိ စမ္းသပ္လို႔ရတာေၾကာင့္ ေ႐ႊေၾကာေတြကို ေပါက္တူးေပါက္ၿပီး ရွာစရာမလိုေတာ့ပါဘူး။Credit