ၾကားသိရသမွ်

ကားသူခိုးေတြကို လွည့္စားဖို႔ ဝယ္ထားတဲ့ကားအသစ္ႀကီးကို….

လူတွေဟာ ကားသူခိုးတွေကို လှည့်စားဖို့ သူတို့ရဲ့ကားကိုသံချေးနဲ့ဖုံးအုပ်ပစ်လိုက်တဲ့အထိ လုပ်ရဲကြတယ်ဆိုတော့ တော်ယုံတန်ယုံစကေးမဟုတ်ပါဘူး။

ဒီကားပိုင်ရှင်လိုပေါ့။ ဒီ Volkswagen T5 Sportline ကားပိုင်ရှင်တစ်ယောက်ဟာ ကားသူခိုးတွေထံမှ ကာကွယ်ဖို့ သူ့ရဲ့ Van ကားအသစ်ကို သံချေးတွေနဲ့ဖုံးအုပ်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။Clyde Wraps အမည်ရှိ UK အခြေစိုက်ဗီနိုင်းဆွဲတဲ့ဆိုင်ရဲ့အကူအညီဖြင့် ကားရာဇဝင်သားတွေရဲ့ခိုးယူခြင်းမှကာကွယ်ဖို့ သူ့ရဲ့ကားတစ်စီးလုံးကို သံချေး၊ အက်ကြောင်း၊ခြစ်ရာတွေ နဲ့ ကားတံခါးပေါက်တွေအဆုံး စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ကားအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။

“သူ့ရဲ့ Van ကားက လူအုပ်ထဲမှ ာထင်ရှားနေခဲ့တာကြောင့် သံချေးတွေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာကို မေးမြန်းဖို့ ရဲ က သူ့ကို ၃ ရက်လောက်ခေါ်သွားခဲ့တဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြရင်း ကျွန်တော်တို့ရဲ့ဖောက်သည်က အရမ်းပျော်နေခဲ့တယ်”လို့ Clyde Wrapsဆိုင်က သူတို့ဝက်ဆိုက်မှာ ပြောပြခဲ့ပါသေးတယ်။

ဒီတော့ ဘယ်သူတွေက Disneyရဲ့ Cars ကာတွန်းရုပ်ရှင်ဇာတ်ကားရဲ့Rusty Cornfuel ဆိုတဲ့ဇာတ်ကောင်နဲ့တူတဲ့အဆိုပါကားကို ခိုးယူပြီးထောင်အကျခံချင်ပါသလဲ။ဒါပေမဲ့ ပြောင်လက်နေတဲ့ကားအသစ်စက်စက်ကိုစီးရတဲ့feelingက ဘယ်အရာနဲ့မှမလဲနိုင်တာကို အဲ့ကားပိုင်ရှင်ကိုတော့ မလေးစားဘဲမနေနိုင်တော့ပါဘူး။

crd

zawgyi

လူေတြဟာ ကားသူခိုးေတြကို လွည့္စားဖို႔ သူတို႔ရဲ႕ကားကိုသံေခ်းနဲ႔ဖုံးအုပ္ပစ္လိုက္တဲ့အထိ လုပ္ရဲၾကတယ္ဆိုေတာ့ ေတာ္ယုံတန္ယုံစေကးမဟုတ္ပါဘူး။

ဒီကားပိုင္ရွင္လိုေပါ့။ ဒီ Volkswagen T5 Sportline ကားပိုင္ရွင္တစ္ေယာက္ဟာ ကားသူခိုးေတြထံမွ ကာကြယ္ဖို႔ သူ႔ရဲ႕ Van ကားအသစ္ကို သံေခ်းေတြနဲ႔ဖုံးအုပ္ထားဖို႔ဆုံးျဖတ္ခဲ့တာပါ။Clyde Wraps အမည္ရွိ UK အေျခစိုက္ဗီႏိုင္းဆြဲတဲ့ဆိုင္ရဲ႕အကူအညီျဖင့္ ကားရာဇဝင္သားေတြရဲ႕ခိုးယူျခင္းမွကာကြယ္ဖို႔ သူ႔ရဲ႕ကားတစ္စီးလုံးကို သံေခ်း၊ အက္ေၾကာင္း၊ျခစ္ရာေတြ နဲ႔ ကားတံခါးေပါက္ေတြအဆုံး စုတ္ျပတ္ေဟာင္းႏြမ္းေနတဲ့ကားအျဖစ္ေျပာင္းလဲပစ္ခဲ့ပါတယ္။

“သူ႔ရဲ႕ Van ကားက လူအုပ္ထဲမွ ာထင္ရွားေနခဲ့တာေၾကာင့္ သံေခ်းေတြနဲ႔ ဘာေတြျဖစ္ေနတယ္ဆိုတာကို ေမးျမန္းဖို႔ ရဲ က သူ႔ကို ၃ ရက္ေလာက္ေခၚသြားခဲ့တဲ့အေၾကာင္း ကြၽန္ေတာ္တို႔ကို ေျပာျပရင္း ကြၽန္ေတာ္တို႔ရဲ႕ေဖာက္သည္က အရမ္းေပ်ာ္ေနခဲ့တယ္”လို႔ Clyde Wrapsဆိုင္က သူတို႔ဝက္ဆိုက္မွာ ေျပာျပခဲ့ပါေသးတယ္။

ဒီေတာ့ ဘယ္သူေတြက Disneyရဲ႕ Cars ကာတြန္း႐ုပ္ရွင္ဇာတ္ကားရဲ႕Rusty Cornfuel ဆိုတဲ့ဇာတ္ေကာင္နဲ႔တူတဲ့အဆိုပါကားကို ခိုးယူၿပီးေထာင္အက်ခံခ်င္ပါသလဲ။ဒါေပမဲ့ ေျပာင္လက္ေနတဲ့ကားအသစ္စက္စက္ကိုစီးရတဲ့feelingက ဘယ္အရာနဲ႔မွမလဲႏိုင္တာကို အဲ့ကားပိုင္ရွင္ကိုေတာ့ မေလးစားဘဲမေနႏိုင္ေတာ့ပါဘူး။

crd