ၾကားသိရသမွ်





Shoon (Cele Daily)

Unicode

ဥရောပသူဇနီးသည်လေးကို ပိန္နဲသီးခွဲခိုင်းခဲ့ရာ ပိန္နဲသီးကိုရေဖြင့်သေချာစွာဆေးပြီး အခြားအသီးတွေလို အတုံးလေးတွေတုံးပေးလိုက်လို့ ကြေကွဲနေရသည့် အမျိုးသား၏အဖြစ်

ခေတ်မီတိုးတက်လာသောအခါတွင် ကမ္ဘာကြီးတစ်ခုလုံးကို လှည့်ပတ်သွားလာနိုင်ခဲ့ပြီး ဆက်သွယ်ရေးစနစ်များလည်းကောင်းမွန်လာခဲ့ကာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာဖြစ်လာခဲ့ပါတယ်။ထို့အတူယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အနောက်ခြမ်းကဥရောပသူလေးနှင့် ဖူးစာဆုံကာ လက်ထပ်ယူခဲ့ကြပါတယ်။

ထို့နောက် ဇနီးသည်လေးကို အာရှဒေသ၏အစားအစာဖြစ်သော ပိန္နဲသီးကိုစားဖို့ပြင်ဆင်ခိုင်းခဲ့ရာမှာတော့ တလွဲဖြစ်ခဲ့ရပါတော့တယ်။ဥရောပသူလေးဟာ ပိန္နဲသီးကို အခြားအသီးတွေလိုထင်မှတ်ပြီး အစေးတွေကို ရေဖြင့်ပြောင်ဆင်နေအောင်ဆေးပြီး အတုံးအသေးလေးတွေ လှီးဖြတ်လာခဲ့ခြင်းဖြစ်ပါတယ်။

ထိုအခါ ဗီယက်နမ်အမျိုးသားဟာ ဇနီးသည်၏လုပ်ကိုင်နေပုံကိုကြည့်ရင်း ကြေကွဲနေခဲ့ရပါတယ်။

Shoon (Cele Daily)