လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် တက်ရောက်မည့်သူများ နိုင်ငံ့တာဝန် မထမ်းဆောင်သူဖြစ်လျှင် ငွေကောက်ခံမည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌပြော
ထက်ခေါင်လင်း/ ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၁ ရက်
လာမည့်ပညာသင်နှစ်တွင် ဆေးကျောင်းများတွင် နိုင်ငံတော်တာဝန် ထမ်းဆောင်မည့်သူမဟုတ်ပဲ မိမိကိုယ်ပိုင် ဆေးကုသရေး လုပ်ငန်းများ လုပ်မည်ဆိုပါက ပညာသင်ကြားရေးတွင် ငွေကြေးကောက်ခံသွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။
အဲ့ဒီလို ဆောင်ရွက်သွားမှသာလျှင် နိုင်ငံတော်ရှိ ဆေးရုံများအတွက် လိုအပ်နေသည့် ဆေးဝန်ထမ်းများကို လုံလောက်စွာ ဖြည့်တင်းနိုင်မှာ ဖြစ်ကြောင်း ၎င်းက ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး အမှတ်စဉ် ၁/ ၂၀၂၂ ခုနှစ်တွင် ပြောခဲ့သည်။
လက်ရှိ ၎င်းတို့ကို အာဏာသိမ်းသည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာနိုင်ငံအနှံ့ ကျန်းမာရေးဝန်ထမ်းများက CDM ပြုလုပ်ခဲ့ကြသလို ဆေးပညာဆိုင်ရာ တက္ကသိုလ်များက ကျောင်းသားလူငယ် အများအပြားကလည်း ၎င်းတို့ ကျောင်းပြန်ဖွင့်နိုင်ရန် ကြိုးစားနေသော်လည်း ကျောင်းမတက်ပဲ ဆန့်ကျင်နေခဲ့ခြင်းကို တွေ့နေရသည်။
မြန်မာနိုင်ငံအနှံ့ တိုက်နယ်ဆေးရုံများ၏ ၇၀ ရာခိုင်နှုန်းသည် ဝန်ထမ်းများ CDM ပြုလုပ်ထားသည့်အတွက် ဆေးရုံလည်ပတ်နိုင်ခြင်းမရှိကြောင်း ဆရာဝန်အသိုင်း
အဝိုင်းက မှတ်ချက်ပြုသည်။
“ဆေးရုံတော့ ဖွင့်ဆိုတော့ တံခါးတော့ ဖွင့်ထားတာပေါ့။ ဒါပေမယ့် ဝန်ထမ်းရှိတာမှ ကျနော်အပါအဝင် နောက်စာရင်းကိုင်တတ်တဲ့ သူနာပြုဆရာမတဦးကလွဲလို့ ဘယ်သူမှမရှိတော့ ဘယ်လူနာကို သွားကုပေးလို့ရမလဲ။ နောက်ဆုံးဗျာ။ အခု သေမှုသေခင်းတွေကို ကျနော်တို့ ခွဲစိတ်စစ်ဆေးပြီး ဆေးလက်မှတ်ထုတ်ပေးဖို့ ဆိုတာတောင် ဝန်ထမ်းမရှိတော့ ခပ်ရှင်းရှင်းပြောရရင် သေသူကို ကြည့်လိုက်တယ်။
ကဲ ဒီလိုသေတတ်တာ ဘာဆိုတာနဲ့ ဒီအတိုင်း လက်မှတ်ထိုးပေးလိုက်တယ်။ ခွဲစိတ်ဖို့တောင် လူမှမရှိတာ။ သူတို့ကလည်း အာဏာသာသိမ်းလိုက်တာ။ လူမှမဖြည့်တင်းပေးနိုင်တာ။ နောက်ပြီးသူတို့စစ်ဆေးက ဆရာဝန်တွေဆိုတာ ဒီလိုသေမှုသေခင်းတွေအတွက် တရားရုံးသက်သေခံဝင်တဲ့ ဆေးလက်မှတ်မှာမှ လက်မှတ်ထိုးခွင့်မရှိတာ” ဟု မွန်ပြည်နယ်ရှိ တိုက်နယ်ဆေးရုံအုပ် တဦးက ပြောသည်။
ထိုကဲ့သို့ ကျန်းမာရေး ဝန်ထမ်းများ မလုံလောက်ခြင်းကြောင့် ယခင်က မြန်မာနိုင်ငံအနှံ့ ပြည်သူအများ အားအထားရဆုံး ဖြစ်ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပင် ပြင်ပလူနာဌာနတွင် နေ့စဉ်နှင့်အမျှ ဆေးကုသရန် လာရောက်ပြသသူများ တန်းစီစနစ်ဖြင့် ပြသနေရပြီး တချို့လူနာများသည့် ၂ ရက်၊ ၃ ရက်ခန့် ကြိုတင်လာရောက် စာရင်းသွင်းကာမှ ပြသခွင့်ရနေသည့် အနေအထားမျိုးရှိကြောင်း ရန်ကုန်မြို့ရှိ လူမှုကူညီရေး အသင်းတခုမှ တာဝန်ရှိသူက ပြောသည်။
ထို့အတွက် ယခုနောက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံက အွန်လိုင်းတုံကင်ယူစနစ် အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆက်ပြောသည်။
“အရင်ကလည်း လူနာတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို တက်လာ၊ ဒါတောင်မှ ဆေးရုံနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတိုင်းက အရင်လို လက်မခံရဲတော့ဘူး။ အချိန်မရွေး ဘုန်းကြီးကျောင်းလဲမချိန် တက်ရှာတာမျိုး လုပ်ခဲ့တော့ လူတိုင်းကို လက်မခံရဲဘူး။
အွန်လိုင်းစနစ်နဲ့ လုပ်ပြန်မယ်ဆိုတော့လည်း နယ်ကလူနာတွေ ဒီအွန်လိုင်းစနစ်ကို သုံးတတ်မယ်လို့ အများစုကို မထင်ဘူး။
သူတို့လုပ်လိုက်ရင် တိုင်းပြည်ကိုလည်း ငြိမ်အောင်မထိန်းနိုင်၊ စနစ်တခုလုပ်တာလဲ အများစုအတွက် မစဉ်းစား။ သူတို့အာဏာတည်မြဲရေးကိုပဲ အာရုံစိုက်နေတဲ့ စစ်တပ်ပါဗျာ” ဟု သူက ဆိုသည်။
လက်ရှိအချိန်တွင် ၂၀၂၀ ခုနှစ်၏ နောက်ဆုံးစာရင်းများအရ မြန်မာတနိုင်ငံလုံးတွင် ဆရာဝန်၊ သူနာပြု၊ သန့်ရှင်းရေး စသဖြင့် ကျန်မာရေးဝန်ထမ်းများ အားလုံး တစ်သိန်းနှစ်သောင်းကျော်အနက် ၄ သောင်းကျော်က CDM ပြုလုပ်လျှက်ရှိပြီး တချို့က အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးထောင်ချခြင်း ခံနေရသည်။
#Ayeyarwaddy_Times
လာမည့္ပညာသင္ႏွစ္တြင္ ေဆးေက်ာင္းမ်ားတြင္ တက္ေရာက္မည့္သူမ်ား နိုင္ငံ့တာဝန္ မထမ္းေဆာင္သူျဖစ္လၽွင္ ေငြေကာက္ခံမည္ဟု အာဏာသိမ္း စစ္ေကာင္စီ ဥကၠဌေျပာ
ထက္ေခါင္လင္း/ ဧရာဝတီတိုင္းမ္
ဇန္နဝါရီ ၂၁ ရက္
လာမည့္ပညာသင္ႏွစ္တြင္ ေဆးေက်ာင္းမ်ားတြင္ နိုင္ငံေတာ္တာဝန္ ထမ္းေဆာင္မည့္သူမဟုတ္ပဲ မိမိကိုယ္ပိုင္ ေဆးကုသေရး လုပ္ငန္းမ်ား လုပ္မည္ဆိုပါက ပညာသင္ၾကားေရးတြင္ ေငြေၾကးေကာက္ခံသြားမည္ဟု အာဏာသိမ္း စစ္ေကာင္စီ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာခဲ့သည္။
အဲ့ဒီလို ေဆာင္ရြက္သြားမွသာလၽွင္ နိုင္ငံေတာ္ရွိ ေဆး႐ုံမ်ားအတြက္ လိုအပ္ေနသည့္ ေဆးဝန္ထမ္းမ်ားကို လုံေလာက္စြာ ျဖည့္တင္းနိုင္မွာ ျဖစ္ေၾကာင္း ၎က ယမန္ေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့သည့္ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေဝး အမွတ္စဥ္ ၁/ ၂၀၂၂ ခုႏွစ္တြင္ ေျပာခဲ့သည္။
လက္ရွိ ၎တို႔ကို အာဏာသိမ္းသည္ကို ကန္႔ကြက္သည့္အေနျဖင့္ ျမန္မာနိုင္ငံအႏွံ့ က်န္းမာေရးဝန္ထမ္းမ်ားက CDM ျပဳလုပ္ခဲ့ၾကသလို ေဆးပညာဆိုင္ရာ တကၠသိုလ္မ်ားက ေက်ာင္းသားလူငယ္ အမ်ားအျပားကလည္း ၎တို႔ ေက်ာင္းျပန္ဖြင့္နိုင္ရန္ ႀကိဳးစားေနေသာ္လည္း ေက်ာင္းမတက္ပဲ ဆန္႔က်င္ေနခဲ့ျခင္းကို ေတြ႕ေနရသည္။
ျမန္မာနိုင္ငံအႏွံ့ တိုက္နယ္ေဆး႐ုံမ်ား၏ ၇၀ ရာခိုင္ႏႈန္းသည္ ဝန္ထမ္းမ်ား CDM ျပဳလုပ္ထားသည့္အတြက္ ေဆး႐ုံလည္ပတ္နိုင္ျခင္းမရွိေၾကာင္း ဆရာဝန္အသိုင္း
အဝိုင္းက မွတ္ခ်က္ျပဳသည္။
“ေဆး႐ုံေတာ့ ဖြင့္ဆိုေတာ့ တံခါးေတာ့ ဖြင့္ထားတာေပါ့။ ဒါေပမယ့္ ဝန္ထမ္းရွိတာမွ က်ေနာ္အပါအဝင္ ေနာက္စာရင္းကိုင္တတ္တဲ့ သူနာျပဳဆရာမတဦးကလြဲလို႔ ဘယ္သူမွမရွိေတာ့ ဘယ္လူနာကို သြားကုေပးလို႔ရမလဲ။ ေနာက္ဆုံးဗ်ာ။ အခု ေသမႈေသခင္းေတြကို က်ေနာ္တို႔ ခြဲစိတ္စစ္ေဆးၿပီး ေဆးလက္မွတ္ထုတ္ေပးဖို႔ ဆိုတာေတာင္ ဝန္ထမ္းမရွိေတာ့ ခပ္ရွင္းရွင္းေျပာရရင္ ေသသူကို ၾကည့္လိုက္တယ္။
ကဲ ဒီလိုေသတတ္တာ ဘာဆိုတာနဲ႔ ဒီအတိုင္း လက္မွတ္ထိုးေပးလိုက္တယ္။ ခြဲစိတ္ဖို႔ေတာင္ လူမွမရွိတာ။ သူတို႔ကလည္း အာဏာသာသိမ္းလိုက္တာ။ လူမွမျဖည့္တင္းေပးနိုင္တာ။ ေနာက္ၿပီးသူတို႔စစ္ေဆးက ဆရာဝန္ေတြဆိုတာ ဒီလိုေသမႈေသခင္းေတြအတြက္ တရား႐ုံးသက္ေသခံဝင္တဲ့ ေဆးလက္မွတ္မွာမွ လက္မွတ္ထိုးခြင့္မရွိတာ” ဟု မြန္ျပည္နယ္ရွိ တိုက္နယ္ေဆး႐ုံအုပ္ တဦးက ေျပာသည္။
ထိုကဲ့သို႔ က်န္းမာေရး ဝန္ထမ္းမ်ား မလုံေလာက္ျခင္းေၾကာင့္ ယခင္က ျမန္မာနိုင္ငံအႏွံ့ ျပည္သူအမ်ား အားအထားရဆုံး ျဖစ္ခဲ့သည့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ပင္ ျပင္ပလူနာဌာနတြင္ ေန႔စဥ္ႏွင့္အမၽွ ေဆးကုသရန္ လာေရာက္ျပသသူမ်ား တန္းစီစနစ္ျဖင့္ ျပသေနရၿပီး တခ်ိဳ႕လူနာမ်ားသည့္ ၂ ရက္၊ ၃ ရက္ခန္႔ ႀကိဳတင္လာေရာက္ စာရင္းသြင္းကာမွ ျပသခြင့္ရေနသည့္ အေနအထားမ်ိဳးရွိေၾကာင္း ရန္ကုန္ၿမိဳ႕ရွိ လူမႈကူညီေရး အသင္းတခုမွ တာဝန္ရွိသူက ေျပာသည္။
ထို႔အတြက္ ယခုေနာက္ပိုင္းတြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံက အြန္လိုင္းတုံကင္ယူစနစ္ အေကာင္အထည္ေဖာ္ရန္ ျပင္ဆင္ေနေၾကာင္း ၎က ဆက္ေျပာသည္။
“အရင္ကလည္း လူနာေတြဟာ နီးစပ္ရာ ဘုန္းႀကီးေက်ာင္းေတြကို တက္လာ၊ ဒါေတာင္မွ ေဆး႐ုံနားမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းတိုင္းက အရင္လို လက္မခံရဲေတာ့ဘူး။ အခ်ိန္မေရြး ဘုန္းႀကီးေက်ာင္းလဲမခ်ိန္ တက္ရွာတာမ်ိဳး လုပ္ခဲ့ေတာ့ လူတိုင္းကို လက္မခံရဲဘူး။
အြန္လိုင္းစနစ္နဲ႔ လုပ္ျပန္မယ္ဆိုေတာ့လည္း နယ္ကလူနာေတြ ဒီအြန္လိုင္းစနစ္ကို သုံးတတ္မယ္လို႔ အမ်ားစုကို မထင္ဘူး။
သူတို႔လုပ္လိုက္ရင္ တိုင္းျပည္ကိုလည္း ၿငိမ္ေအာင္မထိန္းနိုင္၊ စနစ္တခုလုပ္တာလဲ အမ်ားစုအတြက္ မစဥ္းစား။ သူတို႔အာဏာတည္ျမဲေရးကိုပဲ အာ႐ုံစိုက္ေနတဲ့ စစ္တပ္ပါဗ်ာ” ဟု သူက ဆိုသည္။
လက္ရွိအခ်ိန္တြင္ ၂၀၂၀ ခုႏွစ္၏ ေနာက္ဆုံးစာရင္းမ်ားအရ ျမန္မာတနိုင္ငံလုံးတြင္ ဆရာဝန္၊ သူနာျပဳ၊ သန္႔ရွင္းေရး စသျဖင့္ က်န္မာေရးဝန္ထမ္းမ်ား အားလုံး တစ္သိန္းႏွစ္ေသာင္းေက်ာ္အနက္ ၄ ေသာင္းေက်ာ္က CDM ျပဳလုပ္လၽွက္ရွိၿပီး တခ်ိဳ႕က အာဏာသိမ္းစစ္ေကာင္စီ ဖမ္းဆီးေထာင္ခ်ျခင္း ခံေနရသည္။
#Ayeyarwaddy_Times