ၾကားသိရသမွ်

သူစိမ်းထံမှ ဖိနပ်လက်ဆောင်ရပြီး ဘဝမှာ ဖိနပ်ကို ပထမဆုံးအကြိမ် စီးဖူးတာကြောင့် အလွန်တရာ စိတ်လှုပ်ရှားသွားတဲ့ ကောင်မလေး

မကြာသေးမီက ခရီးသွားဓာတ်ပုံဆရာ Laura Grier အမည်ရှိ အမျိုးသမီးဟာ ယူဂန်ဒါနိုင်ငံ အနောက်တောင်ပိုင်းရှိ Bwindi Forbidden National Park သို့ သဘာဝနဲ့ လူများအကြောင်း လေ့လာရန် ခရီးထွက်ခဲ့ပါတယ် ။ လမ်းခရီးမှာ သူမရဲ့ကားက ယူဂန်ဒါအသိုက်အဝန်းကို ဖြတ်ကျော်သွားရာ Laura က ယာဉ်ကို ရပ်တန့်ပြီး အထူးသဖြင့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါတယ် ။ အဆိုပါငယ်ရွယ်တဲ့ ယူဂန်ဒါအမျိုးသမီးတစ်ဦးက လမ်းပေါ်မှာ ခြေဗလာဖြင့် လမ်းလျှောက်ကာ ကြံတစ်ပိုင်းစားနေပါတယ် ။ ဒီမိန်းကလေးရဲ့ ပုံစံကိုကြည့်ပြီး Laura က မိန်းကလေးငယ်ရဲ့ မိသားစုဟာ အလွန်ဆင်းရဲနွမ်းပါးကြောင်းနဲ့ သူမတစ်သက်မှာ ဖိနပ်တစ်ရံ တစ်ခါမျှ မစီးဖူးကြောင်း သိရှိခဲ့ရပါတယ် ။

Laura က ချက်ချင်းပင် သူမရဲ့အိတ်ကိုဖွင့်ကာ သူယူဆောင်လာတဲ့ ဖိနပ်များကို ထုတ်ယူကာ သူမရဲ့ ဖော်မပြနိုင်တဲ့ ပျော်ရွှင်မှုဖြင့် မိန်းကလေးငယ်ကို ပေးလိုက်ပါတယ် ။ Laura ကထိုင်လိုက်ပြီး မိန်းကလေးငယ်ကို ဖိနပ်စီးပေူပြီး ကြိုးများချည်ကာ ကူညီခဲ့ပါတယ် ။ မိန်းကလေးရဲ့မျက်နှာပေါ်မှာ ကြီးမားတဲ့ အပြုံးတစ်ခုဖြင့် သူမက အလွန်တရာ စိတ်လှုပ်ရှားပျော်ရွှင်နေပြီး သူ့ဘဝမှာ အဖိုးတန်တဲါအရာကို တစ်ခါမျှ မပေးဖူးသလိုပင် ဖြစ်နေတာကို တွေ့မြင်နိုင်ပါတယ် ။

သူမမှာ ယခုဖိနပ်တစ်ရံရှိတော့ သူမပျော်နေပြီး သူစိမ်းတစ်ယောက်ထံမှ သူမအတွက် ကြီးမားတဲ့လက်ဆောင်တစ်ခုရတဲ့အတွက် ဝမ်းသာမိပါတယ် ။ သူမရဲ့ ပျော်ရွှင်မှုတွေက တခြားသူတွေကိုလည်း ပျော်ရွှင်စေပါတယ် ။ Laura က အခင်းဖြစ်ရာကိုမြင်ရတဲ့အခါ အလွန်စိတ်လှုပ်ရှားမိကြောင်း ပြောပါတယ် ။ ဘဝမှာ တခါတရံ သေးငယ်တဲ့ လုပ်ရပ်တစ်ခုက အဓိပ္ပါယ်ကြီးကြီးမားမားရှိပါတယ် ။ သိပ်ကြီးကြီးမားမားမဟုတ်ပေမယ့် ကုသိုလ်ကောင်းမှုတစ်ခုက အကန့်သတ်မဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်တယ်လို့ ကျွန်တော်သိလိုက်ရပါတယ် ။

JRose (KB Chimmy One)

Reference : yan

Zawgyi

မၾကာေသးမီက ခရီးသြားဓာတ္ပုံဆရာ Laura Grier အမည္ရွိ အမ်ိဳးသမီးဟာ ယူဂန္ဒါႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ Bwindi Forbidden National Park သို႔ သဘာဝနဲ႔ လူမ်ားအေၾကာင္း ေလ့လာရန္ ခရီးထြက္ခဲ့ပါတယ္ ။ လမ္းခရီးမွာ သူမရဲ႕ကားက ယူဂန္ဒါအသိုက္အဝန္းကို ျဖတ္ေက်ာ္သြားရာ Laura က ယာဥ္ကို ရပ္တန္႔ၿပီး အထူးသျဖင့္ အမ်ိဳးသမီးတစ္ဦးကို ေတြ႕လိုက္ရပါတယ္ ။ အဆိုပါငယ္႐ြယ္တဲ့ ယူဂန္ဒါအမ်ိဳးသမီးတစ္ဦးက လမ္းေပၚမွာ ေျခဗလာျဖင့္ လမ္းေလွ်ာက္ကာ ႀကံတစ္ပိုင္းစားေနပါတယ္ ။ ဒီမိန္းကေလးရဲ႕ ပုံစံကိုၾကည့္ၿပီး Laura က မိန္းကေလးငယ္ရဲ႕ မိသားစုဟာ အလြန္ဆင္းရဲႏြမ္းပါးေၾကာင္းနဲ႔ သူမတစ္သက္မွာ ဖိနပ္တစ္ရံ တစ္ခါမွ် မစီးဖူးေၾကာင္း သိရွိခဲ့ရပါတယ္ ။

Laura က ခ်က္ခ်င္းပင္ သူမရဲ႕အိတ္ကိုဖြင့္ကာ သူယူေဆာင္လာတဲ့ ဖိနပ္မ်ားကို ထုတ္ယူကာ သူမရဲ႕ ေဖာ္မျပႏိုင္တဲ့ ေပ်ာ္႐ႊင္မႈျဖင့္ မိန္းကေလးငယ္ကို ေပးလိုက္ပါတယ္ ။ Laura ကထိုင္လိုက္ၿပီး မိန္းကေလးငယ္ကို ဖိနပ္စီးေပူၿပီး ႀကိဳးမ်ားခ်ည္ကာ ကူညီခဲ့ပါတယ္ ။ မိန္းကေလးရဲ႕မ်က္ႏွာေပၚမွာ ႀကီးမားတဲ့ အၿပဳံးတစ္ခုျဖင့္ သူမက အလြန္တရာ စိတ္လႈပ္ရွားေပ်ာ္႐ႊင္ေနၿပီး သူ႔ဘဝမွာ အဖိုးတန္တဲါအရာကို တစ္ခါမွ် မေပးဖူးသလိုပင္ ျဖစ္ေနတာကို ေတြ႕ျမင္ႏိုင္ပါတယ္ ။

သူမမွာ ယခုဖိနပ္တစ္ရံရွိေတာ့ သူမေပ်ာ္ေနၿပီး သူစိမ္းတစ္ေယာက္ထံမွ သူမအတြက္ ႀကီးမားတဲ့လက္ေဆာင္တစ္ခုရတဲ့အတြက္ ဝမ္းသာမိပါတယ္ ။ သူမရဲ႕ ေပ်ာ္႐ႊင္မႈေတြက တျခားသူေတြကိုလည္း ေပ်ာ္႐ႊင္ေစပါတယ္ ။ Laura က အခင္းျဖစ္ရာကိုျမင္ရတဲ့အခါ အလြန္စိတ္လႈပ္ရွားမိေၾကာင္း ေျပာပါတယ္ ။ ဘဝမွာ တခါတရံ ေသးငယ္တဲ့ လုပ္ရပ္တစ္ခုက အဓိပၸါယ္ႀကီးႀကီးမားမားရွိပါတယ္ ။ သိပ္ႀကီးႀကီးမားမားမဟုတ္ေပမယ့္ ကုသိုလ္ေကာင္းမႈတစ္ခုက အကန႔္သတ္မဲ့ ေပ်ာ္႐ႊင္မႈကို ေဆာင္ၾကဥ္းေပးႏိုင္တယ္လို႔ ကြၽန္ေတာ္သိလိုက္ရပါတယ္ ။

JRose (KB Chimmy One)