ဆိုင်ကယ်ကို အိမ်သော့နဲ့ ခတ်ဖို့ မရှက်ကြပါနဲ့ (မန္တလေးမှာ ဆိုင်ကယ် လုံးဝအခိုးမခံရအောင် ကာကွယ်နည်း)
ဆိုင်ကယ်သူခိုးများသည် ဇက်သော့အားခြေထောက်ဖြင့် တွန်းကန်ကာ ဇက်သော့ကို ၂ စက္ကန့်အတွင်း ကျိုးသွားအောင် လုပ်ပြီးဆိုင်ကယ်ကို တွန်းသွားခြင်းနောက်ထပ်ဆိုင်ကယ်ဖြင့်ခြေဖြင့်ကန်မောင်းသွားခြင်း စသဖြင့် ခိုးကြရာတွင် စီစီတီဗီ ကင်မရာမှ မြင်ရသော်လည်း ဘာမှ ပြန်လုပ်ယူ၍ မရတော့တာကို တွေ့ရပါတယ်။
ဂျီပီအက်စ် တပ်ထားသော်လည်း ခိုးယူသည့်အချိန် အလျင်မြန် လိုက်နိုင်မှ တော်ကာ ကျမှာပါ။ အဲ့တော့ ကျနော်တို့ အစထဲက ခိုးဖို့ မလွယ်အောင် ခိုးဖို့အချိန်ကို သူခိုးအတွက် အချိန်များများမရအောင် ယခု နည်းလမ်းက အဆင်ပြေမလားလို့ပါ။
ရှေ့ဘီး ဒစ်ဘရိတ်သံကွင်းက အပေါက်လေးတွေမှာ အိမ်သော့အသေးလေးကိုခတ်ထားလိုက်ပါ။ တော်ရုံအချိန်နဲ့ဘယ်လိုမှ ခိုးလို့မရပါ။ ဆိုင်ကယ်ကို တွန်းသွားလို့လည်း မရပါ။
ဇက်သော့ကျိုးသွားခဲ့ရင်တောင် ဆိုင်ကယ်ကို ထားခဲ့မှပဲ ရပါ့မယ်။ သယ်ရတာလဲ လွယ်ပါတယ်။ သော့တလုံးမှ ၂၀၀၀ / ၃၀၀၀ လောက်ပဲရှိပါတယ်။
ဘယ်သူ ဘာပြောပြော ဇက်သော့ကို ညာဘက်စောင်းခတ်ကြပါ ( ဘယ်ဘက်စောင်းခတ်ရင် ခြေဖြင့်ကန်ချိုးရလွယ်လို့ပါ)။
ဂီယာဘီး တွေဆိုရင် ဂွထောက်ကြီး ထောက်ပြီးတော့ ဂွထောက် ရဲ့ကွင်းမှာ သော့ခလောက် ခတ်ထားလိုက်ပါ။လက်ဖက်ရည်ဆိုင်ထိုင်ရင် ဆိုင်ကယ်ကို မြင်ရတဲ့ နေရာမှာ ထိုင်ပါ။ ပြောချင်တဲ့သူ ပြောပါစေ ဆိုင်ကယ်ကိုရှေ့ဘီးသံကွင်းမှာ အိမ်သော့ခလောက် ခတ်ထားပါ။
ပျောက်သွားရင် ဘယ်သူမှ လာလျော်ပေးမှာမဟုတ်လို့ပါ ( သော့ခလောက်ခတ်တာကိုလူတွေမြင်ရင်ရှက်တယ်ဆိုတဲ့သူတွေရှိလို့ပါ)။ ဇက်သော့ခတ်တဲ့အခါ ဇက်ကိုညာဘက် စောင်းခတ်ကြပါ။
Sai Kyaw Zayar
ဆိုင္ကယ္ကို အိမ္ေသာ့နဲ႔ ခတ္ဖို႔ မရွက္ၾကပါနဲ႔ (မႏၲေလးမွာ ဆိုင္ကယ္ လုံးဝအခိုးမခံရေအာင္ ကာကြယ္နည္း)
ဆိုင္ကယ္သူခိုးမ်ားသည္ ဇက္ေသာ့အားေျခေထာက္ျဖင့္ တြန္းကန္ကာ ဇက္ေသာ့ကို ၂ စကၠန္႔အတြင္း က်ိဳးသြားေအာင္ လုပ္ၿပီးဆိုင္ကယ္ကို တြန္းသြားျခင္းေနာက္ထပ္ဆိုင္ကယ္ျဖင့္ေျချဖင့္ကန္ေမာင္းသြားျခင္း စသျဖင့္ ခိုးၾကရာတြင္ စီစီတီဗီ ကင္မရာမွ ျမင္ရေသာ္လည္း ဘာမွ ျပန္လုပ္ယူ၍ မရေတာ့တာကို ေတြ႕ရပါတယ္။
ဂ်ီပီအက္စ္ တပ္ထားေသာ္လည္း ခိုးယူသည့္အခ်ိန္ အလ်င္ျမန္ လိုက္နိုင္မွ ေတာ္ကာ က်မွာပါ။ အဲ့ေတာ့ က်ေနာ္တို႔ အစထဲက ခိုးဖို႔ မလြယ္ေအာင္ ခိုးဖို႔အခ်ိန္ကို သူခိုးအတြက္ အခ်ိန္မ်ားမ်ားမရေအာင္ ယခု နည္းလမ္းက အဆင္ေျပမလားလို႔ပါ။
ေရွ႕ဘီး ဒစ္ဘရိတ္သံကြင္းက အေပါက္ေလးေတြမွာ အိမ္ေသာ့အေသးေလးကိုခတ္ထားလိုက္ပါ။ ေတာ္႐ုံအခ်ိန္နဲ႔ဘယ္လိုမွ ခိုးလို႔မရပါ။ ဆိုင္ကယ္ကို တြန္းသြားလို႔လည္း မရပါ။
ဇက္ေသာ့က်ိဳးသြားခဲ့ရင္ေတာင္ ဆိုင္ကယ္ကို ထားခဲ့မွပဲ ရပါ့မယ္။ သယ္ရတာလဲ လြယ္ပါတယ္။ ေသာ့တလုံးမွ ၂၀၀၀ / ၃၀၀၀ ေလာက္ပဲရွိပါတယ္။
ဘယ္သူ ဘာေျပာေျပာ ဇက္ေသာ့ကို ညာဘက္ေစာင္းခတ္ၾကပါ ( ဘယ္ဘက္ေစာင္းခတ္ရင္ ေျချဖင့္ကန္ခ်ိဳးရလြယ္လို႔ပါ)။
ဂီယာဘီး ေတြဆိုရင္ ဂြေထာက္ႀကီး ေထာက္ၿပီးေတာ့ ဂြေထာက္ ရဲ့ကြင္းမွာ ေသာ့ခေလာက္ ခတ္ထားလိုက္ပါ။လက္ဖက္ရည္ဆိုင္ထိုင္ရင္ ဆိုင္ကယ္ကို ျမင္ရတဲ့ ေနရာမွာ ထိုင္ပါ။ ေျပာခ်င္တဲ့သူ ေျပာပါေစ ဆိုင္ကယ္ကိုေရွ႕ဘီးသံကြင္းမွာ အိမ္ေသာ့ခေလာက္ ခတ္ထားပါ။
ေပ်ာက္သြားရင္ ဘယ္သူမွ လာေလ်ာ္ေပးမွာမဟုတ္လို႔ပါ ( ေသာ့ခေလာက္ခတ္တာကိုလူေတြျမင္ရင္ရွက္တယ္ဆိုတဲ့သူေတြရွိလို႔ပါ)။ ဇက္ေသာ့ခတ္တဲ့အခါ ဇက္ကိုညာဘက္ ေစာင္းခတ္ၾကပါ။
Sai Kyaw Zayar