ရှေ့တန်း စစ်မျက်နှာ မဟုတ်တဲ့ ဝါးချွန် အဆင့်မြင့် လုံခြုံရေး တာဝါတိုင် ဒိုင်းကာ
မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖော က်ခွဲ ဖျ က်ဆီ းခံရအပြီးမှာ စစ်အုပ်စုက
သူတို့ရဲ့ တာဝါတိုင်တွေ လုံခြုံရေးအတွက် ကျေးရွာဒေသခံတွေကို အစောင့်ချတာ မြေမြုပ်မို င်းတွေ တပ်စင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ Mytel တာဝါတိုင်တစ်ခုကို လုံခြုံရေးအဆင့်မြှင့်တင်ပြီး ကာကွယ်ထားတဲ့ ဓာတ်ပုံအချို့ ထွက်ပေါ်လာခဲ့ပါတယ်။
ရှေးမြန်မာမင်းများ လက်ထက်ကကဲ့သို့ ဝါးချွန်တွေနဲ့ ခံတပ်ပုံစံ ကာရံထားတဲ့ တာဝါတိုင်ခြံစည်းရိုးဟာ ခေတ်မှီမြန်မာ့တပ်မတော်ဆိုတဲ့
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုလုံခြုံရေးချထားနိုင်မှုကို မြင်တွေ့နေရပါတယ်။
Mytel တာဝါတိုင်တွေအချို့မှာ မြေမြု ပ်မို င်းတွေ တပ်စင်ခဲ့တာမှာလည်း တာဝါတိုင်ပြုပြင်ဖို့ လာရောက်ခဲ့တဲ့ Mytel မိုင်တဲဝန်ထမ်းတစ်ဦး မို င်းထိဒ ဏ်ရာရရှိခဲ့ဖူးပါတယ်။
Ref DeltaNewsAgency
Ref DeltaNewsAgency