ၾကားသိရသမွ်

ဒေါက်တာငြိမ်းဘက်က ရပ်တည်ဖြေရှင်းလိုက်တဲ့ CDF Mindat တပ်ဖွဲ့ဝင်တစ်ဦး

ဒေါက်တာငြိမ်းက သိန်းထောင်နဲ့ချီပြီး မင်းတပ်ကို လှူတယ်။ လူ‌တွေထင်ထားတာထက် အများကြီး ပိုလှုပါတယ်။ ခုလိုချိန်မှာ အဖွဲ့အစည်းတစ်ခုက သူ့ရဲ့ ဝင်ငွေထွက်ငွေ စာရင်းဇယားနဲ့ အတိအကျကို ကိုယ့်သေတွင်းကိုယ်တူးပြီး လူထုကို ချပြမှာမဟုတ်ဘူး။

အခုဆို ဒေါက်တာငြိမ်းရဲ့ မိဘတွေပါ ဒုက္ခရောက်နေတာ အားလုံးအသိပါ။ အခုလို မဟုတ်မမှန် သတင်းမှားတွေနဲ့ စွပ်စွဲတဲ့လူ‌တွေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် တာဝန်ယူမှာလား၊ တာဝန်ခံမှာလား သိချင်ပါတယ်။

ပြီးတော့လည်း စာရင်းဇယားတွေ မချပြတာကို အခွင့်ကောင်းယူပြီး.. အောက်ခြေကလူတွေမသိဘူးဆိုပြီး ပြဿနာလုပ်လို့မရပါဘူး။ အောက်ခြေက လူတစ်ဦးချင်းစီကတော့ စာရင်းဇယား‌တွေ သိမှာမဟုတ်ဘူး။

ကော်မတီက‌နေတဆင့် တိုက်နယ်၊ ပြီးမှ အုပ်စု၊ ကျေးရွာစသည်ဖြင့် အဆင့်ဆင့်ပြီးမှ လက်ခံသူဆီရောက်တာ။ သူတို့စားတဲ့ဆန်၊ ကုလားပဲ၊ စားစရာတွေ၊ သူတို့ရတဲ့ဓာတ်ဆီ၊ သူ့တို့ကိုကုတဲ့ဆေးဝါးတွေ၊ စောင်တွေ၊ အင်္ကျီတွေ၊ ရိက္ခာအမျိုးမျိုးတွေဟာ

ဒေါက်တာငြိမ်းလှူတဲ့ငွေကနေလာတယ်ဆိုတာ ဒေါက်တာငြိမ်းက တစ်ဦးချင်းစီကို ကိုယ်တိုင်ကိုယ်ကျ သွားမပေးသရွေ့ ဒေါက်တာငြိမ်းပေးတာရပါတယ်လို့ သူတို့ ပြောချင်မှပြောမှာပေါ့။ ဒါကို အောက်ခြေကလူတွေ မသိပါဘူး၊ မရပါဘူးဆိုပြီး လုပ်ဇတ်ခင်းလို့မရပါဘူး။

အပေါ်က‌ရေးထားတာတွေက ဒေါက်တာငြိမ်းနဲ့ကိုယ့်အချင်းချင်းတွေပြန်စုပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ တိုင်ပင်ပြီး ပြန်ချပြတာပါ။ အခုတော့ ကိုယ်ရေးချင်တာ ရေးပါဦးမယ်။

ပထမဆုံးအနေနဲ့ အခုလို မဟုတ်မမှန်တွေ ဖြေရှင်းရတာ ကျွန်တော် အလွန်ပျင်းပါတယ်။ အရည်မရ အဖတ်မရ အချိန်ကုန်တာပဲ။ ဒုတိယအနေနဲ့ စိတ်တိုပါတယ်။ တောင်ပေါ်လမ်းကြမ်းကို

မိုးထဲလေထဲ ဆီကုန်ခံ ဆိုင်ကယ်စီး၊ ပြီးတော့ ‌နွားနောက်ခြံကိုတိုးလမ်းလျှောက်ပြီးမှ လိုင်းရှိတဲ့နေရာကိုလာပြီး မြန်မာပေါကားထဲက ဟာသလိုလိုတွေကို လာ‌‌ဖြေရှင်းရတာ စိတ်တိုပါတယ်။

တချို့တွေ ဖုန်းဆက်လာကြလို့ ကြားရတာတွေကလည်း အော်စကာဝင်ချင်တဲ့ movie script တွေလားပဲ။ တော်လှန်ရေးပြီးသွားမှ ကိုယ့်ကိုယ်ကိုယ် မရမက မဟားတရားကလိထိုးပြီး ပြန်ရယ်ဦးမယ်။

တတိယအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ဘာတွေလုပ်နေတာလဲ မေးချင်ပါတယ်။ ခုချိန်ဟာ မင်းတပ်ပြည်သူတွေအတွက် အရမ်းခက်ခဲပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကနေ စက်တင်ဘာလဆန်းအထိ စကစ တွေထိုးစစ်ဆင်လာတုန်းက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေ ဖျက်ဆီးခဲ့တဲ့အပြင် စစ်ကြောင်းတလျှောက်က ရွာတွေမှာ

ဆန်အိတ်ပေါင်း (၅၀၀) ကျော်နဲ့ ကုလားပဲအိတ်တွေကို ဓားနဲ့ထိုးဖောက် ဓာတ်ဆီလောင်း၊ ဒီဇယ်လောင်း၊ လမ်းမပေါ်ဖြန့်ကြဲ၊ ဆန်‌အိတ်တွေပေါ် မစင်တွေစွန့်ပြီး နည်းအမျိုးမျိုးနဲ့ ဖျက်ဆီးခဲ့ကြတယ်။

အခုချိန်မှာလည်း ရာသီဥတုဆိုးပြီး လမ်းတွေပြို၊ ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ထားလို့ မင်းတပ်ပြည်သူတွေ စားနပ်ရိက္ခာအလွန်ရှားပါးပြီး အစစအရာရာ ခက်ခဲနေတဲ့ချိန်ပါ။

ခုလိုချိန်မှာ မင်းတပ်ပြည်သူတွေကို အများကြီး ကူညီနေတဲ့ ဒေါက်တာငြိမ်းကို မဟုတ်တမ်းရားတိုက်ခိုက်နေတာ ဘာသဘောလဲ။ ဘာတွေရလာမှာမို့လဲ။

ပြည်သူတွေကို ငတ်စေချင်၊ ဒုက္ခပိုရောက်စေချင်တာလား သို့မဟုတ် တော်လှန်ရေးကိုကျဆုံးစေချင်တာလား။ သူတပါးအပြစ်ကို နွားလော့ဟုမ်းလိုလို အမျိုးမျိုး စူးစမ်းရှာဖွေပြီး ပေါက်ကရ

လောဂျစ်တွေနဲ့သုံးသပ်တင်ပြ မဟုတ်မမှန် စွပ်စွဲနေတာက.. ကိုယ့်ကိုယ်ကိုယ် အာဏာရှင်အားပေးဖြစ်‌နေပြီဆိုတာလည်း သတိပြုကြပါဦး။

အဲဒီပေါက်ကရသတင်းတွေယုံပြီး ကိုယ့်ကိုလာသတိပေးတဲ့ အသိတွေကိုလည်း သနားရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ စွန့်လွှတ်နိုင်သမျှ စွန့်လွှတ်ပြီး တစိမ်းမြေဖြစ်တဲ့ ကျွန်တော်တို့ဆီကို ကူညီဖို့လာခဲ့တာ.. ပြီးတော့ ပြောရမယ်ဆိုရင် ဒေါက်တာငြိမ်း အနေထားက ကျွန်တော်တို့လက်ခုပ်ထဲကရေ။

နောက်ဆုံး‌အနေနဲ့.. ကျွန်တော်တို့ မအားဘူးခင်ဗျ။ အမြစ်တွယ်နေတဲ့ အကြမ်းဖက် အာဏာရှင်ကို ဖြုတ်ချနေကြတာ။ မဖြစ်နိုင်တာကို မဖြစ်ဖြစ်အောင် ဝိုင်းလုပ်နေကြတာ။

အခက်အခဲ အမျိုးမျိုးကြားက ဘယ်သူမှ မခိုင်းရဘဲ.. ဘာလစာ‌ငွေမှ မရဘဲ ရရာစားပြီး 24/7 အလုပ်လုပ်နေရတာ။ အခြေအမြစ်မရှိ သတင်းမှားတွေကို ထပ်ကာထပ်ကာ‌ဖြေရှင်းရင်း အချိန်မကုန်ချင်ဘူးခင်ဗျ။ နားလည်ပေးကြပါ။

သောင်းနဲ့ချီတဲ့လူတွေကို ၄ လကျော် အမျိုးမျိုးကူညီ ထောက်ပံ့ဖို့ဆိုတာ လွယ်တာမှတ်လို့ဗျာ။ ဒေါက်တာငြိမ်းကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက တစ်နေရာမှာ လုံလုံခြုံခြုံနဲ့ လုပ်စရာရှိတာ လုပ်နေတာပဲ။

Yaw Mang