သူနာျပဳႏွင့္သားဖြားသင္တန္းေက်ာင္း ေနာက္ဆုံးႏွစ္ေက်ာင္းသူမ်ားကို မျဖစ္မေန ေက်ာင္းျပန္တက္ရန္ ဖုန္ဆက္ေခၚေန
ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕ သူနာျပဳႏွင့္ သားဖြားသင္တန္းေက်ာင္းမွ တာဝန္ရွိသူမ်ားက ေနာက္ဆုံးႏွစ္ေက်ာင္းသူမ်ားအား မျဖစ္မေန တစ္ပတ္ခန္႔ ေက်ာင္းျပန္တက္ၿပီး စာေမးပြဲေျဖဆိုရန္ ဖုန္းဆက္အေၾကာင္းၾကားထားေၾကာင္း ပုသိမ္သူနာျပဳႏွင့္သားဖြားသင္တန္းေက်ာင္း ေက်ာင္းသားမ်ားသမဂၢ၏ အဖြဲ႕ဝင္တစ္ဦးကေျပာသည္။
“ေနာက္ဆုံးႏွစ္ေက်ာင္းသူေတြကို ဖုန္းဆက္ၿပီးေတာ့ လွမ္းေခၚေနတာ၊ ကြၽန္မကေတာ့ ဖုန္းေျပာင္းထားတာမို႔ သူတို႔ဆက္လို႔မရဘူး။ သူငယ္ခ်င္းေတြျပန္ေျပာၾကတာ၊ ေက်ာင္းကဖုန္းဆက္တယ္ေပါ့။ ေအာက္တိုဘာလက်ရင္ ေက်ာင္းျပန္ဖြင့္မယ္ ။ လာတက္ရမယ္။ တစ္လအတြင္း စာေမးပြဲေျဖရမယ္။ အဲဒီလိုေျပာတယ္”ဟု သူနာျပဳသင္တန္းေက်ာင္းသားဖြားေနာက္ဆုံးႏွစ္ ေက်ာင္းသူတစ္ဦးကေျပာသည္။
ေက်ာင္းသူအမ်ားစုမွာ CDMလႈပ္ရွားမႈတြင္ ပူးေပါင္းပါဝင္ေနၾကၿပီး ေက်ာင္းမတက္ၾကရန္ ဆႏၵရွိေနၾကသည္ဟုဆိုသည္။
“အခုက ေနာက္ဆုံးႏွစ္ေတြကိုပဲ ေခၚတာက အေၾကာင္းရွိတယ္ေလ ။ ပထမ တစ္ျဖတ္ စာေမးပြဲက ေျဖေနရင္းနဲ႔ ရပ္သြားတာ၊ အခု အျမန္ေခၚတက္ခိုင္းမယ္။ ၿပီးရင္ အကုန္အေအာင္ေပးၿပီးေတာ့ အလုပ္ထဲ ဝင္ခိုင္းမွာ၊ အလုပ္ထဲကိုက ျငင္းလို႔မရဘူးေလ။
သမီးတို႔က ေက်ာင္းတက္တယ္ဆိုတာ စာခ်ဳပ္နဲ႔တက္ရတာ၊ ေက်ာင္းၿပီးတာနဲ႔ ဘယ္ႏွစ္ႏွစ္ တာဝန္ထမ္းေဆာင္ရမယ္။ မထမ္းေဆာင္ရင္ ဘယ္ေလာက္ေလ်ာ္ရမယ္။ အိမ္ေထာင္မျပဳရတာက အစပါေသးတာ၊ ေက်ာင္းဆက္မတက္ရင္လည္း ေလ်ာ္ရမွာပဲ။ အဲဒါေၾကာင့္မို႔ သူတို႔က အတင္းေခၚေနတာ”ဟု အမည္မေဖာ္လိုသူ ေက်ာင္းသူတစ္ဦးက ထပ္မံေျပာၾကားသည္။
စစ္ေကာင္စီလက္ေအာက္တြင္ ေက်ာင္းဆက္တက္ၿပီး တာဝန္မထမ္းေဆာင္လိုျခင္းေၾကာင့္ ေက်ာင္းသူအခ်ိဳ႕သည္ ဖုန္းနံပါတ္မ်ားကို ေျပာင္းလဲကိုင္ေဆာင္ၿပီး ေက်ာင္းတာဝန္ရွိသူမ်ားႏွင့္ အဆက္အသြယ္ ျဖတ္ေတာက္ထားၾကေၾကာင္း သိရသည္။
စစ္ေကာင္စီႏွင့္ နီးစပ္သည့္ အသိုင္းအဝန္းက ေက်ာင္းသူမ်ားအေနျဖင့္ ေက်ာင္းျပန္တက္ၾကရန္ ျပင္ဆင္ေနၾကသည္ဟု သိရေၾကာင္း၊ ေက်ာင္းျပန္ဖြင့္မဖြင့္ကို ေက်ာင္းႏွင့္အဆက္သြယ္ျဖတ္ေတာက္ထားသည့္အတြက္ မသိရေသးေၾကာင္း CDMေက်ာင္းသူမ်ားက ေျပာသည္။source-mizzima
unicode
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း နောက်ဆုံးနှစ်ကျောင်းသူများကို မဖြစ်မနေ ကျောင်းပြန်တက်ရန် ဖုန်ဆက်ခေါ်နေ
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူများက နောက်ဆုံးနှစ်ကျောင်းသူများအား မဖြစ်မနေ တစ်ပတ်ခန့် ကျောင်းပြန်တက်ပြီး စာမေးပွဲဖြေဆိုရန် ဖုန်းဆက်အကြောင်းကြားထားကြောင်း ပုသိမ်သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းသားများသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။
“နောက်ဆုံးနှစ်ကျောင်းသူတွေကို ဖုန်းဆက်ပြီးတော့ လှမ်းခေါ်နေတာ၊ ကျွန်မကတော့ ဖုန်းပြောင်းထားတာမို့ သူတို့ဆက်လို့မရဘူး။ သူငယ်ချင်းတွေပြန်ပြောကြတာ၊ ကျောင်းကဖုန်းဆက်တယ်ပေါ့။ အောက်တိုဘာလကျရင် ကျောင်းပြန်ဖွင့်မယ် ။ လာတက်ရမယ်။ တစ်လအတွင်း စာမေးပွဲဖြေရမယ်။ အဲဒီလိုပြောတယ်”ဟု သူနာပြုသင်တန်းကျောင်းသားဖွားနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးကပြောသည်။
ကျောင်းသူအများစုမှာ CDMလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နေကြပြီး ကျောင်းမတက်ကြရန် ဆန္ဒရှိနေကြသည်ဟုဆိုသည်။
“အခုက နောက်ဆုံးနှစ်တွေကိုပဲ ခေါ်တာက အကြောင်းရှိတယ်လေ ။ ပထမ တစ်ဖြတ် စာမေးပွဲက ဖြေနေရင်းနဲ့ ရပ်သွားတာ၊ အခု အမြန်ခေါ်တက်ခိုင်းမယ်။ ပြီးရင် အကုန်အအောင်ပေးပြီးတော့ အလုပ်ထဲ ဝင်ခိုင်းမှာ၊ အလုပ်ထဲကိုက ငြင်းလို့မရဘူးလေ။
သမီးတို့က ကျောင်းတက်တယ်ဆိုတာ စာချုပ်နဲ့တက်ရတာ၊ ကျောင်းပြီးတာနဲ့ ဘယ်နှစ်နှစ် တာဝန်ထမ်းဆောင်ရမယ်။ မထမ်းဆောင်ရင် ဘယ်လောက်လျော်ရမယ်။ အိမ်ထောင်မပြုရတာက အစပါသေးတာ၊ ကျောင်းဆက်မတက်ရင်လည်း လျော်ရမှာပဲ။ အဲဒါကြောင့်မို့ သူတို့က အတင်းခေါ်နေတာ”ဟု အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ထပ်မံပြောကြားသည်။
စစ်ကောင်စီလက်အောက်တွင် ကျောင်းဆက်တက်ပြီး တာဝန်မထမ်းဆောင်လိုခြင်းကြောင့် ကျောင်းသူအချို့သည် ဖုန်းနံပါတ်များကို ပြောင်းလဲကိုင်ဆောင်ပြီး ကျောင်းတာဝန်ရှိသူများနှင့် အဆက်အသွယ် ဖြတ်တောက်ထားကြကြောင်း သိရသည်။
စစ်ကောင်စီနှင့် နီးစပ်သည့် အသိုင်းအဝန်းက ကျောင်းသူများအနေဖြင့် ကျောင်းပြန်တက်ကြရန် ပြင်ဆင်နေကြသည်ဟု သိရကြောင်း၊ ကျောင်းပြန်ဖွင့်မဖွင့်ကို ကျောင်းနှင့်အဆက်သွယ်ဖြတ်တောက်ထားသည့်အတွက် မသိရသေးကြောင်း CDMကျောင်းသူများက ပြောသည်။source-mizzima