ငယ္ငယ္ကတည္းက ၾကည့္ခဲ့ရတဲ့ ရဲသရုပ္ေဆာင္ ရဲျမညႊန္႕ ကြယ္လြန္
႐ုပ္ရွင္သက္ႀကီးကန္ေတာ့ခံ သ႐ုပ္ေဆာင္ရဲျမၫြန႔္ကြယ္လြန္သြားေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံးမွသိရသည္၊၊
ေအာက္တိုဘာလ(၃)ရက္ မနက္ပိုင္းက ကြယ္လြန္ခဲ့ျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္(၈၉)ႏွစ္ရွိၿပီ ျဖစ္သည္၊၊
“ဒီကေန႔မနက္ပိုင္းက အဘ ရဲျမၫြန႔္ကြယ္လြန္သြားပါတယ္၊၊
အသက္ကေတာ့(၈၀)ေက်ာ္(၉၀)နားနီးေနပါၿပီ၊၊သူ႐ိုက္ကူးခဲ့တဲ့ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမ်ားစြာရွိပါတယ္၊၊
သူက ဇာတ္ပို႔ ဇာတ္ရံအလႊာက သက္ႀကီးကန္ေတာ့ခံတစ္ဦးျဖစ္ပါတယ္”လို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွတာဝန္ရွိသူတစ္ဦးကေျပာသည္၊၊
သ႐ုပ္ေဆာင္ရဲျမၫြန႔္သည္ ျမန္မာ႐ုပ္ရွင္ႏွင့္ ဗီဒီယို ဇာတ္ကားမ်ားတြင္ ရဲတပ္ဖြဲ႕ဝင္အျဖစ္ႏွစ္ေပါင္းမ်ားစြာသ႐ုပ္ေဆာင္ခဲ့ၿပီး
ရဲဝတ္စုံႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားငွားရမ္းျခင္းကိုလည္းေဆာင္႐ြက္ ခဲ့ ေၾကာင္းသိရသည္၊၊
ရဲျမၫြန႔္သည္ မကြယ္လြန္ခင္တြင္ အိမ္ငွားမေနႏိုင္သည့္ အတြက္ရပ္ကြက္႐ုံး ေနရာေလးတြင္ ခိုကပ္ေနခဲ့ရေၾကာင္းလည္းသိရသည္၊၊
credit to orginal
unicode
ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ ရဲသရုပ်ဆောင် ရဲမြညွှန့် ကွယ်လွန်
ရုပ်ရှင်သက်ကြီးကန်တော့ခံ သရုပ်ဆောင်ရဲမြညွန့်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှသိရသည်၊၊
အောက်တိုဘာလ(၃)ရက် မနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီ ဖြစ်သည်၊၊
“ဒီကနေ့မနက်ပိုင်းက အဘ ရဲမြညွန့်ကွယ်လွန်သွားပါတယ်၊၊
အသက်ကတော့(၈၀)ကျော်(၉၀)နားနီးနေပါပြီ၊၊သူရိုက်ကူးခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိပါတယ်၊၊
သူက ဇာတ်ပို့ ဇာတ်ရံအလွှာက သက်ကြီးကန်တော့ခံတစ်ဦးဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်၊၊
သရုပ်ဆောင်ရဲမြညွန့်သည် မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် ရဲတပ်ဖွဲ့ဝင်အဖြစ်နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့ပြီး
ရဲဝတ်စုံနှင့် အသုံးအဆောင် ပစ္စည်းများငှားရမ်းခြင်းကိုလည်းဆောင်ရွက် ခဲ့ ကြောင်းသိရသည်၊၊
ရဲမြညွန့်သည် မကွယ်လွန်ခင်တွင် အိမ်ငှားမနေနိုင်သည့် အတွက်ရပ်ကွက်ရုံး နေရာလေးတွင် ခိုကပ်နေခဲ့ရကြောင်းလည်းသိရသည်၊၊
credit to orginal



