လမ်းဘေးမှာစျေးရောင်းနေတဲ့ ပန်းသည်ကလေးကို Video ရိုက်တင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်နေကြတဲ့သူတွေကို အောင်သမာဓိဦးအောင်ပြောပြီ
အောင်သမာဓိ ပိုင်ရှင်ကြီးက လမ်းဘေးမှာစျေးရောင်းနေတဲ့ သူ့မြေးအရွယ် ကလေးဆီကို သွားပြီး ဆင်းရဲသားမိဘတွေရဲ့ သား သမီးတွေဘယ်လိုအလုပ်လုပ်ရတယ်ဆိုတာကိုသူ့မြေးများကိုပြောပြပြီး
စျေးသည်ကလေးဆီက ရောင်းသမျှ အကုန်ဝယ်ပီးအားပေးလိုက်တာပဲဖြစ်ပါတယ် ဒီ Video ဖိုင်နဲ့ပတ်သက်ပြီး ပရိတ်သတ်တချို့ကဝေဖန်နေကြတာပဲဖြစ်ပါတယ်
Video ကိုမကြည့်ရသေးသူများအတွက်အောက်မှာတင်ပေးထားပါတယ်
ဝေဖန်နေကြသူတွေကိုတော့ ဦးအောင်က အခုလိုပဲပြောထားတာဖြစ်ပါတယ်
အေးဆေးပါ ဒီနေ့ထိပရိတ်သတ်ကိုမစော်ကားဘူးပါ ပန်းသည်ကလေးပိုတောင်းရောင်းကောင်းနေပါတယ်
ဝေဖန်နေသူများအကောင့်အစစ်များမဟုတ်လျှင် စော်ကားလိုရုံသက်သက်ဖြစ်ပါလိမ့်မယ်
စိန်လိုက်ရွှေလိုက်ကိစ္စ အနာရှိသူများစပ်ပါလိမ့်မယ် ယနေ့ထိ ရေးခဲ့ ပြောခဲ့တဲ့ စာနဲ့စကားတလုံးခြင်းစီကိုတာဝန်ယူပါတယ်
ပန်းသည်ကလေးVideo ဆရာသမားတယောက်ကဖျက်လိုက်ပါဆိုလို့ဖျက်လိုက်တာပါ
1.7 M တောင်လူကြည့်ထားတားအလွန်နှမြောပါတယ်
ပရိတ်သတ်ကြည့်ချင်ရင်ဖုံးထဲမှာရှိပါတယ်လိုအပ်ရင်ပြန်တင်ပေးပါမယ်
လူမိုက်တစ်သောင်းကဲ့ရဲ့ညောင်းလည်း သူကောင်းတယောက်ချီးမွမ်းပျောက်ပါသတဲ့
ကျုပ်ရေးတာ ပြောတာတွေလမ်းမှားနေရင် ကျုပ်ကိုဆုံးမပေးနေတဲ့ ဆရာတော် လူပညာရှိတွေရှိပါတယ် မှားနေရင်နာယူနာခံဘို့အဆင့်သင့်ပါ
ဝေဖန်တာ အကြံပြုတာမဟုတ်ဘဲနဲ့ တိုက်ခိုက်လိုယုံသက်သက်စော်ကားလွန်ကြူးလာရင် ဥပဒေဘောင်ကျော်လာခဲ့ရင်တော့ ဥပဒေအရအကာအကွယ်ယူသွားမှာပါ
အားပေးနေတဲ့ပရိတ်ကြီးကလည်း အဆုံးအဖြတတ်ပေးမှာပါ ကျုပ်ပရိတ်သတ် ဖော်လိုဝါ သုံးသိန်းလေးသောင်းအကုန်ပျောက်သွား ဒါမှမဟုတ်လျှော့သွားခဲ့ရင်တော့
ကျုပ်မှားနေပီဆိုပီးပြင်ရမှာဆိုတာလက္ခံပါတယ် စာတစ်လုံးရဲ့ပရိတ်သတ်သာဆုံးဖြတ်ပါ ဆိုပြီး သူအကောင့်မှာတင်လိုက်တာပဲဖြစ်ပါတယ်
Video ၾကည့္ရန္