ၾကားသိရသမွ်

ယနေ့ဒေါ်အောင်ဆန်းစုကြည်ကိုအမိန့်ချမည်ဟုဆိုကာအမိန့်မချဘဲ….

ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်မချဘဲ ဒီဇင်ဘာလ ၆ရက်နေ့ကိုပြန်ချိန်း

ချင်းမိုင်၊ နိုဝင်ဘာလ ၃၀၊ ၂၀၂၁

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မ – ၅၀၅ (ခ) နဲ့ စွဲချက်တင်ထားတဲ့အမှုကို ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ အမိန့်မချသေးဘဲ ဒီဇင်ဘာလ ၆ရက်နေ့ကို ပြန်လည် ချိန်းဆိုကြောင်းတရားရုံးနှင့် နီးစပ်သူထံမှ သိရပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ နိုဘလ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက မတရားစွဲဆိုထားတဲ့အမှုပေါင်း ၁၁ ခုအထိရှိပြီး ထိုအမှုတွေအကုန်လုံးက ထောင်ဒဏ်နှစ်ရှည်ချမှတ်နိုင်တဲ့ ပုဒ်မတွေချည်းဘဲဖြစ်ပါတယ်။

ပုံစာ – ယခင်ပုံဟောင်း

#TheBurmesePost

unicode




