zawgyi/
ပြည်သူ့ဘက်တော်သားကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာကိုပေါက်က လွတ်မြောက်နယ်မြေတစ်နေရာကနေ PDF ရဲဘော်တွေအတွက် လိုအပ်သမျှ ကူညီဖြည့်ဆည်းပေးနေရှာသူပါ ..
အဓိက တာဝန်ယူလုပ်ကိုင်ပေးနေတာကတော့အစားအသောက်အတွက် စားဖိုမှုးကြီးပေါ့..
မနေ့က ထုံးစံအတိုင်း ရှားရှားပါးပါးအသားဟင်းလေးရခိုက်မို့ ပျော်ရွှင်စွာနဲ့ချက်ပြုတ်နေတုန်း ပဒူအကိုက်ခံလိုက်ရပါတယ်
” လက်မှာပူကနဲရှိန်းကနဲ့ဖြစ်သွားပြီးလက်ကလှုပ်လို့မရတော့ဘူး.. တဖြည်းဖြည်းအဆိပ်က တံတောင်ဆစ်ရောက်လာတယ်တံတောင်ဆစ်ကနေ လက်မောင်းရင်းရောက်လာတယ် လက်တစ်ခုလုံးထုံကျင်လာပြီးဘယ်လိုမှ နေလို့မရတော့ဘူး
ဒါနဲ့ပဲ ဆေးထိုးဖို့ပြေးရတော့တယ် CDM ဆရာမတစ်ယောက်က အဆိပ်ဖြေဆေးထိုးပေးလိုက်တော့မှ သက်သာသွားတာပြန်လည်းရောက်ရော တစ်ကိုယ်လုံး ချမ်းတုန်လာပြီး အဆိပ်အရှိန်ကြောင့် အဖျားကတက်လာတယ် လည်ချောင်းတွေခြောက်ပြီး ရေဆာသလိုကြီး တစ်ညလုံးဖြစ်တာ.. လက်ကအကိုက်တော့ကျသွားပေမယ့် တစ်ညလုံးဖျားတယ်ဒီမနက်တော့အတော်သက်သာသွားပါပြီ..လို့ဆိုခဲ့ပြီး အကိုက်ခံရတဲ့ပဒူအမျိုးအစားကိုတော့
” ကျနော့်ကို ကိုက်တဲ့ပဒူက တွေ့နေကျ အနီရောင်ပဒူမဟုတ်ဘူး..အမဲရောင်နဲ့အဝါရောင်စပ်ကျားဟင်းချက်နေတာကို ဘေးမှာအသားတွေလာစားနေတာ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ်နဲ့ အသားစားပဒူပေါ့ ..
ဒေသခံတွေအပြောအရ သူ့အဆိပ်ဘယ်လောက်ပြင်းသလဲဆိုရင် ခေါင်းကိုတုတ်မိရင် ဆံပင်တွေပါဖြူကုန်တာတဲ့ ဟုတ်မဟုတ်တော့ မသိဘူး.. မနေ့ကတော့ အတော်ခံလိုက်ရတယ်” လို့ဒါရိုက်တာကိုပေါက်က ပြောပြခဲ့သည်.