မိဘတွေအတွက် သားသမီးဆိုတာ ဘဝမှာ တန်ဖိုးအရှိဆုံး အရာပါ ။ ထို့ကြောင့် သားသမီးများ ပျော်ရွှင်အေးချမ်းတဲ့ ဘဝဖြစ်ပါစေကြောင်း ဆုတောင်းရုံမျှဖြင့် အရာရာကို စွန့်လွှတ်နိုင်ကြတဲ့ သူတွေဖြစ်ပါတယ် ။ “နို့စို့အရွယ်” မှ အရွယ်ရောက်ပြီး ကြီးပြင်းလာပေမဲ့ မိဘတွေက သားသမီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားရတဲ့ ကလေးအဖြစ် ရှိနေဆဲဖြစ်ပါတယ် ။ အခုတစ်ခါမှာလည်း ဖခင်ဖြစ်သူသမီးလေးကို နမ်းနေတဲ့ ဗီဒီယိုအတိုလေးက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပြီး ထိုအခိုက်အတန့်ကိုမြင်ရတဲ့အခါ ဖခင်ရဲ့ မျက်ရည်များကို သတိပြုမိပါတယ် ။
အဲ့ဒီ အဖြစ်အပျက်က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စုံတွဲနဲ့ မိန်းကလေး သုံးဦးက အပြန်အလှန် သူငယ်ချင်းဖြစ်သူ မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ကြောင်း သိရပါတယ် ။ အံ့သြစရာကောင်းတာက ပွဲပြီးသွားတော့ ကောင်လေးက သူချစ်တဲ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်ထားတာကို မြင်လိုက်ရတော့ မင်းသမီးနဲ့ သူ့အဖေက သူတို့ရဲ့ ခံစားချက်တွေကို ထိန်းမနိုင်မသိမ်းနိုင်နဲ့ မျက်ရည်တွေ ကျလာခဲ့ပါတယ် ။ ဖခင်က သူ့သမီးလေးဟာ မှန်ကန်တဲ့လူနဲ့တွေ့တယ်လို့ ခံစားမိတဲ့အတွက် သူအရမ်းပျော်နေပုံရပါတယ် ။
ဒီဗီဒီယိုကိုကြည့်ပြီး အင်တာနက်သုံးစွဲသူတွေက မိဘတိုင်းဟာ သူတို့ကလေးကို အပြည့်အဝချစ်ကြမှာဖြစ်လို့ သူတို့ကလေးဘဝရဲ့ အရေးကြီးတဲ့အဖြစ်အပျက်ကို မြင်တွေ့ရတဲ့အခါ သူတို့ရဲ့ခံစားချက်တွေကို မထိန်းနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဗီဒီယိုထဲက မိန်းကလေးလို စစ်မှန်တဲ့အချစ်ကို ရရှိဖို့ မျှော်လင့်တဲ့ အမျိုးသမီး အများအပြားကလည်း မှတ်ချက်တွေ ရေးခဲ့ကြပါတယ် ။
JRose (KB Chimmy One)
Reference : yan
Zawgyi
မိဘေတြအတြက္ သားသမီးဆိုတာ ဘဝမွာ တန္ဖိုးအရွိဆုံး အရာပါ ။ ထို႔ေၾကာင့္ သားသမီးမ်ား ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့ ဘဝျဖစ္ပါေစေၾကာင္း ဆုေတာင္း႐ုံမွ်ျဖင့္ အရာရာကို စြန႔္လႊတ္ႏိုင္ၾကတဲ့ သူေတြျဖစ္ပါတယ္ ။ “ႏို႔စို႔အ႐ြယ္” မွ အ႐ြယ္ေရာက္ၿပီး ႀကီးျပင္းလာေပမဲ့ မိဘေတြက သားသမီးကို ခ်စ္ခင္ျမတ္ႏိုး တန္ဖိုးထားရတဲ့ ကေလးအျဖစ္ ရွိေနဆဲျဖစ္ပါတယ္ ။ အခုတစ္ခါမွာလည္း ဖခင္ျဖစ္သူသမီးေလးကို နမ္းေနတဲ့ ဗီဒီယိုအတိုေလးက လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့ၿပီး ထိုအခိုက္အတန႔္ကိုျမင္ရတဲ့အခါ ဖခင္ရဲ႕ မ်က္ရည္မ်ားကို သတိျပဳမိပါတယ္ ။
အဲ့ဒီ အျဖစ္အပ်က္က တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ၎တို႔ စုံတြဲနဲ႔ မိန္းကေလး သုံးဦးက အျပန္အလွန္ သူငယ္ခ်င္းျဖစ္သူ မဂၤလာေဆာင္သို႔ သြားေရာက္ခဲ့ေၾကာင္း သိရပါတယ္ ။ အံ့ၾသစရာေကာင္းတာက ပြဲၿပီးသြားေတာ့ ေကာင္ေလးက သူခ်စ္တဲ့ေကာင္မေလးကို လက္ထပ္ခြင့္ေတာင္းဖို႔ ျပင္ဆင္ထားတာကို ျမင္လိုက္ရေတာ့ မင္းသမီးနဲ႔ သူ႔အေဖက သူတို႔ရဲ႕ ခံစားခ်က္ေတြကို ထိန္းမႏိုင္မသိမ္းႏိုင္နဲ႔ မ်က္ရည္ေတြ က်လာခဲ့ပါတယ္ ။ ဖခင္က သူ႔သမီးေလးဟာ မွန္ကန္တဲ့လူနဲ႔ေတြ႕တယ္လို႔ ခံစားမိတဲ့အတြက္ သူအရမ္းေပ်ာ္ေနပုံရပါတယ္ ။
ဒီဗီဒီယိုကိုၾကည့္ၿပီး အင္တာနက္သုံးစြဲသူေတြက မိဘတိုင္းဟာ သူတို႔ကေလးကို အျပည့္အဝခ်စ္ၾကမွာျဖစ္လို႔ သူတို႔ကေလးဘဝရဲ႕ အေရးႀကီးတဲ့အျဖစ္အပ်က္ကို ျမင္ေတြ႕ရတဲ့အခါ သူတို႔ရဲ႕ခံစားခ်က္ေတြကို မထိန္းႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ ဗီဒီယိုထဲက မိန္းကေလးလို စစ္မွန္တဲ့အခ်စ္ကို ရရွိဖို႔ ေမွ်ာ္လင့္တဲ့ အမ်ိဳးသမီး အမ်ားအျပားကလည္း မွတ္ခ်က္ေတြ ေရးခဲ့ၾကပါတယ္ ။
JRose (KB Chimmy One)