ၾကားသိရသမွ်

သင်ရှိနေတဲ့အရပ်က ကံကောင်းတဲ့နေရာ ဟုတ်/မဟုတ် သိရအောင် ဖတ်ကြည့်လိုက်ပါ

သင်ရှိနေတဲ့အရပ်က ကံကောင်းတဲ့နေရာ ဟုတ်/မဟုတ် သိရအောင် ဖတ်ကြည့်လိုက်ပါ

 

တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ခြံထဲက အိမ်ကိုပြင်လိုက်တယ်။ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။

ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာကိုကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။

သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဗေဒင်ဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဗေဒင်ဆရာက နာမည်ကြီးတစ်ဦးပါ။ ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။

ဆရာ့ကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။ ဒါကို ဗေဒင်ဆရာကတွ့တော့ ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ လို့ဆိုတယ်။

သူဌေးက ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။

 

ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကိုနင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။

တစ်ခုခုကို စောင့်နေသလိုပါပဲ။ခဏနေတော့ ကလေးငယ်နောက်တစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဗေဒင်ဆရာက နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ လို့မေးပါတယ်။

သူဌေးက ကလေးဆိုတာ တစ်ယောက်ကို တစ်ယောက် ပြေးလိုက် လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ရုတ်တ ရက် ထပျံသွားတာကို တွေ့လိုက်တယ်။

သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ ဆရာ ခဏလောက် စောင့်ပါနော် လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးကအိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။

ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ် ကျွန်တော်တိုခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့ လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်သားတွေရဲ့ကံကြမ္မာကိုကျွန်တော်မကြည့်တော့ပါဘူး လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက ဟုတ်ပါတယ် ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့နေရာမို့ပါ လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ကံတရားဖြစ်ပါတယ်။အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်ကိုယ်ချင်းစာတရားလက်ကိုင် ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ကံကောင်းတဲ့အရပ်ဖြစ်တယ်။

ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊ကိုယ်ချင်းစာ တရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။ရလိုမှုနဲ့ ဆန္ဒကိုဥပေက္ခာ ပြုလိုက်တာအကောင်းဆုံးပါပဲ။ဖြစ်ချင်တာတွေကိုမျိုသိပ့်ထား ဖြစ်သင့်တာကိုဖြစ့်ခွင့်ပေးလိုက်တာကိုယ့်အတွက်နောင်တကင်းပါတယ်၊၊

Zawgyi

သင္ရွိေနတဲ့အရပ္က ကံေကာင္းတဲ့ေနရာ ဟုတ္/မဟုတ္ သိရေအာင္ ဖတ္ၾကည့္လိုက္ပါ

တစ္ခါက သူေဌးတစ္ဦးဟာ ၿခံတစ္ၿခံဝယ္လိုက္တယ္။ၿခံထဲက အိမ္ကိုျပင္လိုက္တယ္။ၿခံေနာက္မွာ ႏွစ္ခ်ိဳ႕သစ္သီးပင္ေတြရွိတယ္။

ဒီအိမ္ကိုဝယ္ရတဲ့အေၾကာင္းရင္းက အဲဒီသစ္သီးပင္ေတြေၾကာင့္ပါပဲ။ အဲဒီအသီးေတြကို သူေဌးကေတာ္ႀကိဳက္ႏွစ္သက္လို႔ပါ။

အိမ္ျပင္ေနခ်ိန္အတြင္းမွာ မိတ္ေဆြတခ်ိဳ႕က ေဗဒင္ဆရာေခၚၿပီး ကံၾကမၼာကိုၾကည့္ဖို႔ သူေဌးကိုအႀကံေပးတယ္။

သူေဌးက ဒါေတြကို အယုံအၾကည္ရွိသူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မိတ္ေဆြေတြကအႀကံေပးေတာ့ ေဗဒင္ဆရာေခၚဖို႔ စဥ္းစားလိုက္တယ္။

ေဗဒင္ဆရာက နာမည္ႀကီးတစ္ဦးပါ။ ဆရာကို အေဝးႀကီးကေန ပင့္ဖိတ္ၿပီး ဘူတာမွာ သူေဌးကိုယ္တိုင္သြားႀကိဳခဲ့ပါတယ္။

ဆရာ့ကိုေခၚၿပီး အိမ္ကိုျပန္ရာလမ္းမွာ သူေဌးဟာ သူ႕ကားကိုေက်ာ္ဖို႔ႀကိဳးစားတဲ့ ကားတိုင္းကို လမ္းဖယ္ေပးခဲ့ပါတယ္။ ဒါကို ေဗဒင္ဆရာကတြ႕ေတာ့ ခင္ဗ်ားကားေမာင္းတာ ေတာ္ေတာ္တည္ၿငိမ္တာပဲ လို႔ဆိုတယ္။

သူေဌးက ကားေက်ာ္ဖို႔ႀကိဳးစားသူတိုင္းဟာ အေရးႀကီးတဲ့ကိစၥတစ္ခုခု ရွိလို႔ေနမွာပါ။ သူတို႔သြားလိုရာလမ္းမွာ အခ်ိန္ႏွောင့္ႏွေးလို႔မျဖစ္ဘူး လို႔ ရယ္ၿပီး ေျပာပါတယ္။

အိမ္နားေရာက္ခါနီး လမ္းက်ဥ္းတစ္ခုမွာ သူေဌးက ကားအရွိန္ကိုေလ်ာ့လိုက္ပါတယ္။ကေလးငယ္တစ္ေယာက္ လမ္းၾကားကေန ၿပဳံးၿပဳံး႐ႊင္႐ႊင္ ထြက္ေျပးလာပါတယ္။ သူေဌးက ကားဘရိတ္အုပ္ၿပီး လမ္းေဘးခ်ထားလိုက္တယ္။

ကေလးငယ္ ျဖတ္ေက်ာ္သြားေပမယ့္ သူဟာ ကားဆက္မေမာင္းဘဲ ဘရိတ္ကိုနင္းၿပီး လမ္းၾကားဘက္ ၾကည့္ေနတုန္းပါ။

တစ္ခုခုကို ေစာင့္ေနသလိုပါပဲ။ခဏေနေတာ့ ကေလးငယ္ေနာက္တစ္ေယာက္ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕ ထြက္ေျပးလာျပန္ပါတယ္။ ေရွ႕ကေျပးသြားတဲ့ ကေလးေနာက္ လိုက္ေျပးသြားပါတယ္။

ဒါကို ေဗဒင္ဆရာက ေနာက္မွာ ကေလးတစ္ေယာက္ရွိေသးတယ္ဆိုတာ ခင္ဗ်ားဘယ္လိုသိလဲ လို႔ေမးပါတယ္။

သူေဌးက ကေလးဆိုတာ တစ္ေယာက္ကို တစ္ေယာက္ ေျပးလိုက္ လိုက္လိုက္ ေဆာ့ကစားၾကတယ္။ သူ႕တစ္ေယာက္တည္းနဲ႕ေတာ့ အဲေလာက္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ေျပးလႊားေနမွာ မဟုတ္လို႔ပါ.လို႔ဆိုတယ္။

အိမ္ကိုျပန္ေရာက္ေတာ့ သူေဌးက ကားေပၚကဆင္းၿပီး ၿခံတံခါးဖြင့္ဖို႔ ေသာ့ထုတ္ေတာ့ အိမ္ေနာက္ၿခံထဲမွာ ငွက္တခ်ိဳ႕႐ုတ္တ ရက္ ထပ်ံသြားတာကို ေတြ႕လိုက္တယ္။

သူေဌးက ၿခံတံခါးမဖြင့္ေသးဘဲ အားနာတဲ့ပုံစံနဲ႕ ဆရာ ခဏေလာက္ ေစာင့္ပါေနာ္ လို႔ဆိုတယ္။

ဘာေၾကာင့္လဲလို႔ ဆရာကေမးေတာ့ သူေဌးကအိမ္ေနာက္ၿခံထဲမွာ ကေလးေတြ သစ္သီးဝင္ခိုးေနတယ္ထင္တယ္။

ကြၽန္ေတာ္တို႔ အခုခ်ိန္ဝင္သြားရင္ ကေလးေတြလန့္ၿပီး သစ္ပင္ေပၚက ျပဳတ္က်ရင္ ေျခလက္ေတြက်ိဳးမွာ စိုးတယ္။ သူတို႔ကို ေပးခူးလိုက္မယ္ ကြၽန္ေတာ္တိုၿခံျပင္ဘက္ကို အရင္ပတ္ၾကည့္ၾကတာေပါ့ လို႔ဆိုတယ္။

သူေဌးရဲ႕ေျပာစကားကိုၾကားေတာ့ ဆရာက တစ္ခ်က္စဥ္းစားလိုက္ၿပီး ကြၽန္ေတာ့္ကို ဘူတာပဲျပန္ပို႔လိုက္ပါ။ ဒီအိမ္သားေတြရဲ႕ကံၾကမၼာကိုကြၽန္ေတာ္မၾကည့္ေတာ့ပါဘူး လို႔ေျပာတယ္။

သူေဌးက တအံ့တၾသနဲ႕ ဘာျဖစ္လို႔လဲ ေမးေတာ့ ဆရာက ဟုတ္ပါတယ္ ခင္ဗ်ားသာရွိရင္ ခင္ဗ်ားရွိတဲ့အရပ္က တကယ္ေကာင္းတဲ့ေနရာမို႔ပါ လို႔ရွင္းျပတယ္။

လူရဲ႕အျပဳအမူက ကံတရားျဖစ္ပါတယ္။အျပဳအမူလုပ္ရပ္ ေကာင္းတယ္၊ ၾကင္နာတတ္တယ္ကိုယ္ခ်င္းစာတရားလက္ကိုင္ ထားရင္ သူဘယ္ေရာက္ေရာက္ သူေရာက္တဲ့အရပ္ဟာ ကံေကာင္းတဲ့အရပ္ျဖစ္တယ္။

ဆန့္က်င္ဘက္အေနနဲ႕ အက်င့္စရိုက္မေကာင္းသူ၊ကိုယ္ခ်င္းစာ တရား ကင္းမဲ့သူေတြဟာ ဘယ္လိုပဲ ႀကိဳးစား႐ုန္းကန္လည္း အက်ိဳးမျဖစ္ထြန္းပါဘူး။

ကိုယ္ကိုယ္တိုင္ဟာ အရာအားလုံးရဲ႕ ရင္းျမစ္ျဖစ္ပါတယ္။ရလိုမႈနဲ႕ ဆႏၵကိုဥေပကၡာ ျပဳလိုက္တာအေကာင္းဆုံးပါပဲ။ျဖစ္ခ်င္တာေတြကိုမ်ိဳသိပ့္ထား ျဖစ္သင့္တာကိုျဖစ့္ခြင့္ေပးလိုက္တာကိုယ့္အတြက္ေနာင္တကင္းပါတယ္၊၊