တက္ကသိုလ်ကျောင်းသူကို ချစ်သူကောင်လေးမှ လည်ပင်းဓားထောက်၍ နားကပ်လုယူပြီး လက်ပြန်ကြိုးတုပ်ကာ ရေထဲပစ်ချမှု ဖြစ်ပွား
အဆောင်နေ တက္ကသိုလ်ကျောင်းသူကို ချစ်သူကောင်လေးမှ မြို့ပြင်ခေါ်ကာ လည်ပင်းဓားထောက်၍ နားကပ်လုယူပြီး လက်ပြန်ကြိုးတုပ်ကာရေထဲပစ်ချမှု လောင်းလုံးတွင်ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့ ညနေ၇နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတားပေါ်မှ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ကောင်မငယ်(ကောင်မလေး)က ထားဝယ်တက္ကသိုလ်က ပထဝီမေဂျာပထမနှစ်ကျောင်းသူ။ သူ့ကောင်လေးက မြို့ပြင်က စိုက်ပျိုးရေးခြံထဲခေါ်သွားပြီး ချိန်းတွေ့တယ်။ ကမြောကင်းတံတားပေါ်ရောက်မှ ဓားထောက်ပြီး နားကပ်လုတာ။ လုပြီးတော့ ဖုန်းအားသွင်းကြိုးနဲ့ လက်ပြန်ကြိုးတုပ်ပြီး ရေထဲပစ်ချတာ ” ဟု ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
ယင်းကဲ့သို့ ရေထဲပစ်ချခဲ့ချိန်တွင် မိန်းကလေးသည် လက်ပြန်ကြိုးတုပ်ထားသည့် ဖုန်းအားသွင်းကြိုးကို ရအောင်ဖြည်ခဲ့ပြီး ရေကူးနေရချိန် သဲစုပ်လှေများနှင့်တွေ့ရှိခဲ့ကာ အဆိုပါလှေပေါ်ရှိ အလုပ်သမားများမှဆင်း၍ ကယ်ဆယ်ပေးခဲ့ပြီး မိဘများနှင့် ဆက်သွယ်စေခဲ့ကာ ကမြောကင်းနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။
“ ကောင်မလေးက —– ဘော်ဒါက။ ကောင်လေးက အတင်းတောင်းတာကို မိဘဝယ်ပေးထားတာမို့ မပေးဘူးငြင်းရင်း ဖြစ်ကြတာ။ မနေ့ကဖမ်းမိပါပြီ။ စခန်းမှာစစ်နေတယ် ” ဟု ကမြောကင်းနယ်မြေရဲစခန်း၏ တာဝန်ကျရဲတစ်ဦးကပြောသည်။
ယင်းနောက် နားကပ်လုယူကာ မိန်းကလေးအား ရေထဲပစ်ချခဲ့သည့် မြတ်သူအောင်(ခ)နေထက်လင်းအား ချစ်သူမိန်းကလေးမှ တရားလိုပြုလုပ်ကာ ထားဝယ်မြို့မရဲစခန်း (ပ)၃၈၉/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ၃၈၂/၃၀၇အရ အမှုဖွင့်အရေးယူထားပြီး ယမန်နေ့ဇူလိုင်လ ၂၈ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကမြောကင်းနယ်မြေရဲစခန်း၏ တာဝန်ကျရဲတစ်ဦးကပြောသည်။ MPA
Zawgyi