ရည်းစားထားပြီး မိန်းမယူတော့မယ်ဆို တရုပ်တွေရဲ့ ပြဿနာ
“သမီးက..အန်တီရဲ့သားနဲ့ ရည်ငံနေတယ်လို့ ပြောတယ်။ သမီးက ဘယ်နှစ်ခုနှစ်ဖွားလဲ ”
“ဟုတ်…ကျွန်မ… 87ခုနှစ်ဖွားပါ” “ဘာ… ဒါဆို သမီးကယုန်ပေါ့” “ရှင်… အန်တီ”
“တော်…တော်…ဟဲ့…မင်းအဲ့ကောင်မလေးနဲ့ အခုချက်ချင်းလမ်းခွဲပါသား…သားကောင်မလေးကယုန် သားက ကြက် အို..ကွယ်…လုံးဝ မဖြစ်ဘူး”
“မားမား… ဝေါ် သူ့ကိုပဲ ချစ်တယ် မားမား”
” တော်စမ်း… သားကို မာမားအသိထဲက မျောက်နဲ့ဖြစ်ဖြစ် မြင်းနဲ့ဖြစ်ဖြစ် ပေးစားမယ် ။
သားက ကြက်ဆိုတော့…အဲ့လို မျောက်တို့ မြင်းတို့နဲ့မှ အပေါက်အလမ်းတည့်ပြီး စီးပွားတက်မှာ ”
“မားမားရယ်…အဲ့…မျောက်တို့ မြင်းတို့နဲ့ မယူပါရစေနဲ့ဝေါ် သူ့ကိုပဲ ချစ်တယ်”
“ဟဲ့…ငါဆို ခွေးမို့လို့ ရည်းစား နဂါးကိုထားခဲ့ပြီး အိမ်ကရွေးခိုင်းတဲ့ ဝက်နဲ့နွားထဲမှာမှ သားအဖေ နွားကြီးကို ယူခဲ့ရတာ ။
ဒါကြောင့်… သားတို့ကို အခုလို ရွှေပေါ်မြတင် ထားနိူင်ခဲ့တာ…” “မားမား…ရယ်”
“တော်…တော်… သားအကို မြွေလည်း ကြွက်နဲ့ ယူခဲ့တာ သားအမ ဆိတ်လည်း ကျားနဲ့ယူခဲ့တာ သားအ သိ ”
“ ဟိုကောင်မလေး…သွား…ငါ့သားနဲ့ ဘယ်တော့မှလာမပါတ်သက်နဲ့ ”
” နေပေါ့ ကြက်တဲ့ သူ့သားကဖြင့် ဝက်ရုပ်နဲ့ ဟွန်း ”
Gong Xi Fa Cai (Credit)
( Copied from BTU )
Zawgyi
ရည်းစားထားပြီး မိန်းမယူခါနီးဆို တရုပ်တွေရဲ့ ဖြစ်လေ့ရှိတဲ့ ပြဿနာ
“သမီးက..အန်တီရဲ့သားနဲ့ ရည်ငံနေတယ်လို့ ပြောတယ်…သမီးက ဘယ်နှစ်ခုနှစ်ဖွားလဲ…”
ဒါကြောင့်… သားတို့ကို အခုလို ရွှေပေါ်မြတင် ထားနိုင်ခဲ့တာ…” “မားမား…ရယ်”
Gong Xi Fa Cai (Credit)
( Copied from BTU )