ၾကားသိရသမွ်

ပိုက်ဆံအခက်အခဲကြောင့်အိမ်မှာမွေးထားသည့် နွားလေးကို ရောင်းချဖို့လုပ်ခဲ့ရာ နွားလေးကဝမ်းနည်းစွာငိုနေလို့ မရောင်းဖို့ဆုံးဖြတ်လိုက်ရသည့် ပိုင်ရှင်

တိရိစ္ဆာန်လေးတို့သာ စကားပြောတတ်မည်ဆိုလျှင် သူတို့၏အခက်အခဲတွေကို လူသားတွေကို ပြောပြပြီးအကူအညီတောင်းကြမှာသေချာပါတယ်တိရိစ္ဆာန်လေးများ၏ ခံစားတတ်သောနှလုံးသားလေးထဲမှ သူတို့၏သခင်အပေါ်တွင် ထားရှိသောမေတ္တာတရားလေးဟာ အလွန်ကြီးမားကျယ်ပြန့်လှတာဖြစ်ပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦး၏မွေးမြူထားသောနွားကလေးနှင့် ဆက်နွယ်နေသောသံယောဇဉ်လေးဟာ မြင်တွေ့သူတိုင်းကို ရင်နှစ်ဖွယ်ရာကောင်းလှပါတယ်။ပိုင်ရှင်ဖြစ်သူဟာ ငွေကြေးအခက်အခဲကြောင့် သူ၏နွားလေးကိုရောင်းချဖို့လုပ်ခဲ့ပါတယ်။ထိုအခါနွားလေးက သူ့ကိုရောင်းချတော့မှာသိနေခဲ့ပြီး မျက်ရည်ကျကာ ငိုကြွေးနေခဲ့ပါတယ်။

ထို့ကြောင့်သခင်ဖြစ်သူက စိတ်မကောင်းဖြစ်ပြီး နွားလေးကိုမရောင်းရက်တော့ဘဲ ဆက်မွေးထားခဲ့ပါတယ်။

Shooon (Cele Daily)



