အသက်ကြီးလာတာနဲ့အမျှ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အားနည်းလာပါတယ်။ အဲဒါကြောင့် ၂ နှစ်ကို တစ်ခါ ကျန်းမာရေး စစ်ဆေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။ ဒါပေမယ့် ကျန်းမာရေး စစ်ဆေးဖို့ မအားရင် အိမ်မှာ လွယ်လွယ်ကူကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်ကျန်းမာရေးကို စစ်ဆေးဖို့ စက္ကန့် ၃၀ ပဲလိုအပ်ပါတယ်။
၁။ လက်သည်းထိပ်ပိုင်းကို မြဲမြဲမြံမြံညှစ်ခြင်း
ညာဘက်လက်မနဲ့ ညာဘက်လက်ညှိုးကိုသုံးပြီး ဘယ်ဘက်လက်ချောင်းတွေရဲ့ လက်သည်းထိပ်တွေကို ၃ စက္ကန့်ကနေ ၅ စက္ကန့်ကြာအောင် ညှစ်ပါ။ လက်ချောင်း တစ်ချောင်းပြီးတစ်ချောင်း ညှစ်သွားကြည့်ပါ။ ညှစ်ထားတာကို လွှတ်လိုက်ရင် ၂ စက္ကန့်အတွင်း
လက်သည်းမှာ သွေးရောင်ပြန် နီလာတာကို တွေ့ရမှာပါ။ အဲဒါဆိုရင်တော့ ခန္ဓါကိုယ်မှာ လုံလောက်တဲ့ သွေးစီးဆင်းမှု ရှိပါတယ်။ လက်ချောင်းတွေက ကိုယ်တွင်းအင်္ဂါတွေနဲ့ ဆက်စပ်နေပါတယ်။ လက်သည်းထိပ်တွေကို ညှစ်လိုက်လို့ အလွန်နာနေရင်တော့ မကောင်းပါဘူး။ နာရတဲ့အကြောင်းရင်းတွေကတော့
– လက်မရဲ့ လက်သည်းထိပ်ကို ညှစ်လိုက်လို့ နာနေရင် အဆုတ်မှာ ပြဿနာရှိလို့ပါ။
– လက်ညှိုးက အူမကြီးနဲ့ ဆက်စပ်နေပါတယ်။ လက်ညှိုးရဲ့ လက်သည်းထိပ်ကို ညှစ်လိုက်လို့ နာနေရင် အူမကြီးပြဿနာနဲ့ ဝမ်းချုပ်ခြင်းကို ဖော်ပြတာပါ။
– လက်ခလယ်ရဲ့လက်သည်းထိပ်ကို ညှစ်လိုက်လို့ နာနေရင် နှလုံးမှာ ပြဿနာရှိတဲ့ လက္ခဏာပါ။
– လက်သူကြွယ်ကလည်း နှလုံးနဲ့ ဆက်စပ်နေပါတယ်။ လက်သူကြွယ်ရဲ့ လက်သည်းထိပ်ကို ညှစ်လိုက်လို့ နာနေရင် နှလုံးမှာပြဿနာ ရှိနေနိုင်ပါတယ်။
– လက်သန်းရဲ့ လက်သည်းထိပ်ကို ညှစ်လိုက်လို့ နာနေရင် အူသိမ်မှာ ပြဿနာ ရှိနေလို့ပါ။
၂။ လက်သီးဆုပ်ခြင်း
လက်သီးဆုပ်လိုက်ပြီး စက္ကန့် ၃၀ အကြာမှာ လက်ကို ပြန်ဖြန့်လိုက်ပါ။ လက်ကိုပြန်ဖြန့်လိုက်တဲ့အခါ လက်ဖဝါးက ဖြူသွားတာကို တွေ့ရမှာပါ။ လက်သီးဆုပ်လိုက်တဲ့အခါ သွေးကြောတွေကို ညှစ်လိုက်သလိုဖြစ်သွားတာကြောင့်ပါ။
လက်ကိုပြန်ဖြန့်ပြီး ဖြူသွားတဲ့နောက် ချက်ချင်းပဲ လက်က ပြန်နီရဲလာပါတယ်။ အဲဒါကတော့ သွေးကြောတွေ ကောင်းကောင်းအလုပ်လုပ်ပြီး သင့်ကျန်းမာရေးကောင်းကြောင်း ဖော်ပြတာပါ။ လက်ဝါးကို ပြန်ဖြန့်လိုက်ပြီး လက်ဝါးက ပြန်နီရဲလာဖို့ အချိန်ကြာနေရင် သွေးလွှတ်ကြောမာရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
၃။ တင်ပါးကြွက်သားများကို ဆွဲဆန့်ခြင်း
ကြမ်းပေါ်မှာ မှောက်လိုက်ပြီး လက်နှစ်ဖက်ကို ခန္ဓါကိုယ်ရဲ့ဘေးမှာ ချထားပါ။ ဘယ်ခြေထောက်ကို ချထားပြီး ညာခြေထောက်ကို ဖြည်းဖြည်းချင်းမြှောက်ပါ။ မြှောက်ထားတဲ့ ညာခြေထောက်ကို စက္ကန့် ၃၀ ကြာအောင် ကွေးထားပါ။
စက္ကန့် ၃၀ကြာအောင် ကွေးထားတာ အောင်မြင်ရင် သင့်ခန္ဓါကိုယ်က ကျန်းမာပါတယ်။ ကွေးနေတဲ့အချိန်မှာ နာကျင်နေရင် ခန္ဓါကိုယ်က အသန်မာဆုံး ကြွက်သားဖြစ်တဲ့ gluteus maximus မှာ ပြဿနာတစ်ခု ရှိနေနိုင်ပါတယ်။
၄။ ခြေထောက်ကို မြှောက်ထားခြင်း
ကြမ်းပေါ်မှာ မှောက်လိုက်ပြီး လက်နှစ်ဖက်ကို ခန္ဓါကိုယ်ရဲ့ဘေးမှာ ချထားပါ။ခြေထောက်နှစ်ချောင်းလုံးကို ၃၅ စက္ကန့်ကြာအောင် မြှောက်လိုက်ပြီး ခန္ဗာကိုယ်ကို ငြိမ်ငြိမ်ထားပါ။
ခြေထောက်တွေကို မြှောက်လိုက်ချိန်မှာ ခြေထောက်တွေ ဆန့်ငင်ဆန့်ငင် မဖြစ်ရင် သင့်ကျန်းမာရေး ကောင်းပါတယ်။ ခြေထောက်ကို မြှောက်ထားတဲ့အချိန်မှာ ခက်ခဲနေတယ် ဆိုရင် ဝမ်းဗိုက် သို့မဟုတ် ကျောရိုးအောက်ပိုင်းမှာ ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။
၅။ ခန္ဓါကိုယ်အပေါ်ပိုင်းကို မြှောက်ခြင်း
ပထမဆုံး ကြမ်းပြင်ပေါ်မှာ မှောက်လိုက်ပါ။
ပြီးရင် ခန္ဓါကိုယ်အပေါ်ပိုင်းနဲ့ လက်တွေကို စက္ကန့် ၃၀ကြာမြှောက်လိုက်ပါ။
အဲဒီလို စမ်းသပ်တဲ့အခါ ခက်ခဲမှု မရှိရင်တော့ သင့်ခန္ဓါကိုယ်က ကျန်းမာရေးကောင်းပါတယ်။ ခက်ခဲနေရင်တော့ ကျောရိုးနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနိုင်ပါတယ်။
အခုဖော်ပြထားတဲ့နည်းလမ်းတွေက ကိုယ်ခန္ဓါကျန်းမာရေးကို လျင်လျင်မြန်မြန် စမ်းသပ်နိုင်တာပါ။ ပညာရှင်တွေ စမ်းသပ်သလိုတော့ ပြည့်စုံမှု မရှိပါဘူး။ ခန္ဓါကိုယ်မှာ ခံစားရခက်တဲ့ လက္ခဏာတွေ ပြသလာရင်တော့ ဆရာဝန်နဲ့ မြန်မြန်ပြသသင့် ပါတယ်နော်။
crd lovemedia
Zawgyi
အသက္ႀကီးလာတာနဲ႔အမွ် ခႏၶါကိုယ္ရဲ႕ ကိုယ္ခံအားစနစ္က အားနည္းလာပါတယ္။ အဲဒါေၾကာင့္ ၂ ႏွစ္ကို တစ္ခါ က်န္းမာေရး စစ္ေဆးသင့္တယ္လို႔ ဆရာဝန္ေတြက အႀကံေပးၾကပါတယ္။ ဒါေပမယ့္ က်န္းမာေရး စစ္ေဆးဖို႔ မအားရင္ အိမ္မွာ လြယ္လြယ္ကူကူ စစ္ေဆးႏိုင္မယ့္ နည္းလမ္းေတြ ရွိပါတယ္။ သင့္ရဲ႕ခႏၶါကိုယ္က်န္းမာေရးကို စစ္ေဆးဖို႔ စကၠန႔္ ၃၀ ပဲလိုအပ္ပါတယ္။
၁။ လက္သည္းထိပ္ပိုင္းကို ၿမဲၿမဲၿမံၿမံညႇစ္ျခင္း
ညာဘက္လက္မနဲ႔ ညာဘက္လက္ညႇိဳးကိုသုံးၿပီး ဘယ္ဘက္လက္ေခ်ာင္းေတြရဲ႕ လက္သည္းထိပ္ေတြကို ၃ စကၠန႔္ကေန ၅ စကၠန႔္ၾကာေအာင္ ညႇစ္ပါ။ လက္ေခ်ာင္း တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း ညႇစ္သြားၾကည့္ပါ။ ညႇစ္ထားတာကို လႊတ္လိုက္ရင္ ၂ စကၠန႔္အတြင္း
လက္သည္းမွာ ေသြးေရာင္ျပန္ နီလာတာကို ေတြ႕ရမွာပါ။ အဲဒါဆိုရင္ေတာ့ ခႏၶါကိုယ္မွာ လုံေလာက္တဲ့ ေသြးစီးဆင္းမႈ ရွိပါတယ္။ လက္ေခ်ာင္းေတြက ကိုယ္တြင္းအဂၤါေတြနဲ႔ ဆက္စပ္ေနပါတယ္။ လက္သည္းထိပ္ေတြကို ညႇစ္လိုက္လို႔ အလြန္နာေနရင္ေတာ့ မေကာင္းပါဘူး။ နာရတဲ့အေၾကာင္းရင္းေတြကေတာ့
– လက္မရဲ႕ လက္သည္းထိပ္ကို ညႇစ္လိုက္လို႔ နာေနရင္ အဆုတ္မွာ ျပႆနာရွိလို႔ပါ။
– လက္ညႇိဳးက အူမႀကီးနဲ႔ ဆက္စပ္ေနပါတယ္။ လက္ညႇိဳးရဲ႕ လက္သည္းထိပ္ကို ညႇစ္လိုက္လို႔ နာေနရင္ အူမႀကီးျပႆနာနဲ႔ ဝမ္းခ်ဳပ္ျခင္းကို ေဖာ္ျပတာပါ။
– လက္ခလယ္ရဲ႕လက္သည္းထိပ္ကို ညႇစ္လိုက္လို႔ နာေနရင္ ႏွလုံးမွာ ျပႆနာရွိတဲ့ လကၡဏာပါ။
– လက္သူႂကြယ္ကလည္း ႏွလုံးနဲ႔ ဆက္စပ္ေနပါတယ္။ လက္သူႂကြယ္ရဲ႕ လက္သည္းထိပ္ကို ညႇစ္လိုက္လို႔ နာေနရင္ ႏွလုံးမွာျပႆနာ ရွိေနႏိုင္ပါတယ္။
– လက္သန္းရဲ႕ လက္သည္းထိပ္ကို ညႇစ္လိုက္လို႔ နာေနရင္ အူသိမ္မွာ ျပႆနာ ရွိေနလို႔ပါ။
၂။ လက္သီးဆုပ္ျခင္း
လက္သီးဆုပ္လိုက္ၿပီး စကၠန႔္ ၃၀ အၾကာမွာ လက္ကို ျပန္ျဖန႔္လိုက္ပါ။ လက္ကိုျပန္ျဖန႔္လိုက္တဲ့အခါ လက္ဖဝါးက ျဖဴသြားတာကို ေတြ႕ရမွာပါ။ လက္သီးဆုပ္လိုက္တဲ့အခါ ေသြးေၾကာေတြကို ညႇစ္လိုက္သလိုျဖစ္သြားတာေၾကာင့္ပါ။
လက္ကိုျပန္ျဖန႔္ၿပီး ျဖဴသြားတဲ့ေနာက္ ခ်က္ခ်င္းပဲ လက္က ျပန္နီရဲလာပါတယ္။ အဲဒါကေတာ့ ေသြးေၾကာေတြ ေကာင္းေကာင္းအလုပ္လုပ္ၿပီး သင့္က်န္းမာေရးေကာင္းေၾကာင္း ေဖာ္ျပတာပါ။ လက္ဝါးကို ျပန္ျဖန႔္လိုက္ၿပီး လက္ဝါးက ျပန္နီရဲလာဖို႔ အခ်ိန္ၾကာေနရင္ ေသြးလႊတ္ေၾကာမာေရာဂါရဲ႕ လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။
၃။ တင္ပါးႂကြက္သားမ်ားကို ဆြဲဆန႔္ျခင္း
ၾကမ္းေပၚမွာ ေမွာက္လိုက္ၿပီး လက္ႏွစ္ဖက္ကို ခႏၶါကိုယ္ရဲ႕ေဘးမွာ ခ်ထားပါ။ ဘယ္ေျခေထာက္ကို ခ်ထားၿပီး ညာေျခေထာက္ကို ျဖည္းျဖည္းခ်င္းေျမႇာက္ပါ။ ေျမႇာက္ထားတဲ့ ညာေျခေထာက္ကို စကၠန႔္ ၃၀ ၾကာေအာင္ ေကြးထားပါ။
စကၠန႔္ ၃၀ၾကာေအာင္ ေကြးထားတာ ေအာင္ျမင္ရင္ သင့္ခႏၶါကိုယ္က က်န္းမာပါတယ္။ ေကြးေနတဲ့အခ်ိန္မွာ နာက်င္ေနရင္ ခႏၶါကိုယ္က အသန္မာဆုံး ႂကြက္သားျဖစ္တဲ့ gluteus maximus မွာ ျပႆနာတစ္ခု ရွိေနႏိုင္ပါတယ္။
၄။ ေျခေထာက္ကို ေျမႇာက္ထားျခင္း
ၾကမ္းေပၚမွာ ေမွာက္လိုက္ၿပီး လက္ႏွစ္ဖက္ကို ခႏၶါကိုယ္ရဲ႕ေဘးမွာ ခ်ထားပါ။ေျခေထာက္ႏွစ္ေခ်ာင္းလုံးကို ၃၅ စကၠန႔္ၾကာေအာင္ ေျမႇာက္လိုက္ၿပီး ခႏၺာကိုယ္ကို ၿငိမ္ၿငိမ္ထားပါ။
ေျခေထာက္ေတြကို ေျမႇာက္လိုက္ခ်ိန္မွာ ေျခေထာက္ေတြ ဆန႔္ငင္ဆန႔္ငင္ မျဖစ္ရင္ သင့္က်န္းမာေရး ေကာင္းပါတယ္။ ေျခေထာက္ကို ေျမႇာက္ထားတဲ့အခ်ိန္မွာ ခက္ခဲေနတယ္ ဆိုရင္ ဝမ္းဗိုက္ သို႔မဟုတ္ ေက်ာ႐ိုးေအာက္ပိုင္းမွာ ျပႆနာ တစ္ခုခု ရွိေနႏိုင္ပါတယ္။
၅။ ခႏၶါကိုယ္အေပၚပိုင္းကို ေျမႇာက္ျခင္း
ပထမဆုံး ၾကမ္းျပင္ေပၚမွာ ေမွာက္လိုက္ပါ။
ၿပီးရင္ ခႏၶါကိုယ္အေပၚပိုင္းနဲ႔ လက္ေတြကို စကၠန႔္ ၃၀ၾကာေျမႇာက္လိုက္ပါ။
အဲဒီလို စမ္းသပ္တဲ့အခါ ခက္ခဲမႈ မရွိရင္ေတာ့ သင့္ခႏၶါကိုယ္က က်န္းမာေရးေကာင္းပါတယ္။ ခက္ခဲေနရင္ေတာ့ ေက်ာ႐ိုးနဲ႔ ပတ္သက္ၿပီး ျပႆနာ ရွိႏိုင္ပါတယ္။
အခုေဖာ္ျပထားတဲ့နည္းလမ္းေတြက ကိုယ္ခႏၶါက်န္းမာေရးကို လ်င္လ်င္ျမန္ျမန္ စမ္းသပ္ႏိုင္တာပါ။ ပညာရွင္ေတြ စမ္းသပ္သလိုေတာ့ ျပည့္စုံမႈ မရွိပါဘူး။ ခႏၶါကိုယ္မွာ ခံစားရခက္တဲ့ လကၡဏာေတြ ျပသလာရင္ေတာ့ ဆရာဝန္နဲ႔ ျမန္ျမန္ျပသသင့္ ပါတယ္ေနာ္။
crd lovemedia