က်မၼာေရး ဗဟုသုတ

အောင်မဲညို အပွင့် ၂ ပွင့်၊ ၃ ပွင့် ကို ပန်းကန်ထဲ ထည့်၍ ရေနွေးဖျောလိုက်ပြီး၊ ခရမ်းရောင်အရည်ကို အအေးခံသောက်ခြင်းဖြင့် –

အောင်မဲညို အပွင့် ၂ ပွင့်၊ ၃ ပွင့် ကို ပန်းကန်ထဲ ထည့်၍ ရေနွေးဖျောလိုက်ပြီး၊ ခရမ်းရောင်အရည်ကို အအေးခံသောက်ခြင်းဖြင့် –

ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း၊ သွေးတိုးရောဂါကျခြင်း၊ ခန္ဓာကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းခြင်း၊ခေါင်းကိုက်ခြင်းတို့မှ ကာကွယ်ပေးပြီး မျက်စိအမြင်ကြည်ခြင်းနှင့် တိမ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အစာအိမ် ကြွက်သားနံရံများကို ကောင်းစွာ အလုပ်လုပ်စေပြီး၊ အစာချေဖျက်မှုအားလည်း ကောင်းစေပါတယ်။
အရွယ်တင်နုပျိုသော အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

စိတ်ဖိစီးမှုများသူများနှင့် စိတ်ကျရောဂါ စွဲနေသူများကို ကောင်းကျိုးပြုပါတယ်။

အမျိူးသမီးများအတွက် သွေးအားကောင်းစေပါတယ်။
သံပုရာသီး (သို့မဟုတ်) အခြားသော အသီးအနှံတွေနဲ့ ဖျော်ရည်လို ရောစပ်ဖျော်သောက်ပါက ဦးနှောက် ဉာဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ကလေးသူငယ်တွေကိုလည်း အန္တရာယ်ကင်းစွာဖြင့် တိုက်ကျွေးနိုင်ပါတယ်။

အရသာပိုကောင်းစေရန်နှင့် ကျန်းမာရေး အာနိသင်အမျိုးစုံ ရရှိစေနိုင်ရန်အတွက် ၎င်းအရည်ထဲကို သံပုရာရည်၊ ပျားရည်နှင့် ဂျင်းမှုန့် ရောပြီး သောက်သုံးနိုင်ပါတယ်။ ခရမ်းရောင်အပွင့်လေး ပန်းရောင်သို့ ပြောင်းလဲသွားသည်အထိ ၎င်းအပွင့်ကို ရေနွေးဖြော၍ သောက်သုံးနိုင်ပါတယ်။

(ပေါက်ပေါက် _Tin Htet Htet Zaw _ Promise Pauk)





အမျိုးသမီးများအတွက် သွေးအားကောင်းစေပါတယ်။

