အေထြအေထြဗဟုသုတ

စီးပွားရေးနိမ့်ကျ နွမ်းပါး အဆင်မပြေဖြစ်နေခြင်း၊ အကြွေးမဆပ်နိုင်ဖြစ်နေခြင်း၊ငွေကြေးမစုနိုင်ဖြစ်နေခြင်း များဆိုသူများအတွက်

လာဘ်ဖွင့်ဂါထာတော်

စီးပွားရေးနိမ့်ကျ နွမ်းပါး အဆင်မပြေဖြစ်နေခြင်း၊ အကြွေးမဆပ်နိုင်ဖြစ်နေခြင်း၊ငွေကြေးမစုနိုင်ဖြစ်နေခြင်း များဆိုသူများအတွက် ဤဂါထာတော်ကို ပုတီးစိပ်ရွတ်ဆို ကြစေရန်ရည်ရွယ်ပြီး မျှဝေပေးခြင်းဖြစ်ပါတယ်။

ဒီဂါထာတော်ကို ပုတီးမစိပ်မှီ ဘုရားကန်တော့၊သီလယူ၊ မြတ်စွာဘုရားရှင်ကို လှူဖွယ်တစ်ခုခု အနည်းဆုံးဘုရား သောက်တော်ရေတစ်ခွက်ပဲဖြစ်စေ ရိုသေစွာ ဆက်ကပ်လှူဒါန်းပြီးမှသာ

မိမိအိမ်ဘုရားကျောင်းဆောင်ရှေ့တွင်ထိုင်ပြီး မနက်တစ်ပတ်၊ ညနေတစ်ပတ် (၁၀၈)လုံး ပုတီးနှင့် စိပ်ရပါတယ်။ချက်ချင်းအဆင်ပြေပါတယ်။

အိမ်ဘုရားကျောင်းဆောင်ရှေ့မှာထိုင်ပြီးပုတီး မစိပ်ပါက ဝင်သမျှငွေမမြဲတတ်ပါ။ မိမိအိမ်ဘုရားရှေ့တွင် စိပ်ဖို့ရန် အဆင်မပြေပါက ပုံမှန် ပုတီးစိပ်နေရာတစ်ခုကို မိမိဘုရားခန်းအဖြစ် စိတ်ကသတ်မှတ်လို့ရပါတယ်။

ဤဂါထာတော်သည် ပါဠိ၊သဒ္ဒါ၊ဆန်းဂိုဏ်းတွေအရ အဖြတ်အတောက် သိပ်အရေးကြီးပါတယ်။ရှေ့ကစာလုံးများ အားလုံးကို ပီပီသသရွတ်ရပါတယ်။

“ရ”ကိုတွေ့တိုင်း(ra)ဟူ၍အသံထွက်ရပါမယ်။ ဂါထာရွတ်ဖတ်ရာ၌ မမှားကြစေရန် အသံအဖြတ်အတောက် ကိုအောက်တွင် အသေးစိတ်ရေးထားပါတယ်။

“အရဟံ ဗဟိ အန္တ ဇယံ

သုဂတံ အ,မိ,တံ ဝိ,ရ,ဇံ လ,လိ,တံ

အ,တုလံ စရဏံ တိဘဝူ,ပ,သမံ

ယမကံ သုခဒံ သရဏံ ပ,နမာမိ ဇိနံ။”

ဤဂါထာတော်၏ထူးခြားချက်များမှာ စိတ်ငြိမ်ငြိမ်ထားပြီး အသံထွက်မှန်မှန် ဆယ်ကြိမ်လောက်ရွတ်မိရင်ကိုပဲ စိတ်ကြည်နူးလန်းဆန်းလာတာပါ။

ဤဂါထာတော်ကို ရိုသေစွာ ပုံမှန်ပုတီးစိပ်နေသူများက စီးပွားရေးနိမ့်ကျ နွမ်းပါးနေပါစေ၊တစ်နေ့တခြား စီးပွားလာဘ်လာဘတက် လာပြီး ဘုရားဒကာ၊ကျောင်းဒကာဖြစ်ခွင့်ရလာပါတယ်။

ဤဂါထာတော်သည် ကျွန်ုပ်၏ရိုသေလေးစားရပါသော ဆရာကြီး ဦးမင်းနိုင် သင်ကြားပေးသော ပညာရပ်များမှ ဆရာကြီး ဦးမင်းနိုင် ခွင့်ပြုချက်ဖြင့် ပြန်လည်၍ ရေးသားတင်ပြပေးရခြင်း ဖြစ်သည်။

ယုံကြည် အားကိုး ဆန္ဒ ရှိသူများ အတွက်ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
credit