ၾကားသိရသမွ်

မြို့လယ်ခေါင်လမ်းမတွေပေါ်ထိတက်ကာမီးတုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်အမျိုးသမီးထုကြီးရဲ့ အကြမ်းစားဗီဒီယိုဖိုင်

အာဏာရှင်စနစ်ကိုတော်လှန်ကြတဲ့နေရာမှာ အသက်အရွယ်၊ယောကျာ်းမိန်းမ မရွေးတစ်ထောင့်တစ်နေရာကနေ ပါ၀င်တော်လှန်နေကြရတာဖြစ်ပါတယ်။

ပြောင်းလဲလာတဲ့ ၂၁ရာစုခေတ်ကြီးထဲမှာ အမျိုးသမီးတွေကလည်း အမျိုးသားတွေနဲ့အတူယှဉ်ပေါင်တန်းပြီး နေရာစုံ၊ထောင့်စုံကနေပါ၀င်နေကြသလို နိုင်ငံ့အကြီးအကဲရာထူးတွေအထိ အမျိုးသမီးတွေတာ၀န်ယူဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်…..။

မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ပြည်သူတွေအနေနဲ့ နေ့စဉ်နဲ့အမျှတော်လှန်ဆန္ဒပြနေကြသလို “ပြည်သူ့ကာကွယ်ရေးတပ်” တွေလည်းဖွဲ့စည်းလာကြပြီး အာဏာရှင်စနစ်ကိုအမြစ်ဖြုတ်ဖို့အတွက် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေမှာလည်း အမျိုးသမီးတွေပါ၀င်ကြပြီး အမျိုးသားတွေနဲ့အတူ ရင်ပေါင်တန်းကာ စစ်ပညာသင်ယူနေကြတာလည်းတွေ့ရပါတယ်။

ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်ရှိအမျိုးသမီးထုကြီးဟာ “၂၁ရာစုရဲ့ ပန်ထွာဘုရင်မများ သပိတ်စစ်ကြောင်း” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ မီးတုတ်တွေရှို့ကြပြီး မြို့လယ်ခေါင်လမ်းမတွေပေါ်အထိတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပုံရိပ်တွေနဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချက်ချင်းပျံ့နှံ့လာပြီး အမျိုးသမီးထုကြီးရဲ့ အားအင်ကိုသက်သေပြခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းမြစ်: Ko Kaung Facebook acc

အာဏာရွင္စနစ္ကိုေတာ္လွန္ၾကတဲ့ေနရာမွာ အသက္အ႐ြယ္၊ေယာက်ာ္းမိန္းမ မေ႐ြးတစ္ေထာင့္တစ္ေနရာကေန ပါ၀င္ေတာ္လွန္ေနၾကရတာျဖစ္ပါတယ္။

ေျပာင္းလဲလာတဲ့ ၂၁ရာစုေခတ္ႀကီးထဲမွာ အမ်ိဳးသမီးေတြကလည္း အမ်ိဳးသားေတြနဲ႔အတူယွဥ္ေပါင္တန္းၿပီး ေနရာစုံ၊ေထာင့္စုံကေနပါ၀င္ေနၾကသလို ႏိုင္ငံ့အႀကီးအကဲရာထူးေတြအထိ အမ်ိဳးသမီးေတြတာ၀န္ယူေဆာင္႐ြက္ေနၾကတာကိုေတြ႕ရပါတယ္…..။

ျမန္မာႏိုင္ငံရဲ႕လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအၾကပ္အတည္းေတြေၾကာင့္ ျပည္သူေတြအေနနဲ႔ ေန႔စဥ္နဲ႔အမွ်ေတာ္လွန္ဆႏၵျပေနၾကသလို “ျပည္သူ႔ကာကြယ္ေရးတပ္” ေတြလည္းဖြဲ႕စည္းလာၾကၿပီး အာဏာရွင္စနစ္ကိုအျမစ္ျဖဳတ္ဖို႔အတြက္ ႀကိဳးပမ္းေနၾကတာျဖစ္ပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ေတြမွာလည္း အမ်ိဳးသမီးေတြပါ၀င္ၾကၿပီး အမ်ိဳးသားေတြနဲ႔အတူ ရင္ေပါင္တန္းကာ စစ္ပညာသင္ယူေနၾကတာလည္းေတြ႕ရပါတယ္။

ယေန႔ ဇူလိုင္လ(၁၄)ရက္ေန႔မွာဆိုရင္လည္း ရန္ကုန္ရွိအမ်ိဳးသမီးထုႀကီးဟာ “၂၁ရာစုရဲ႕ ပန္ထြာဘုရင္မမ်ား သပိတ္စစ္ေၾကာင္း” ဆိုတဲ့ ဆိုင္းဘုတ္ေတြကိုင္ေဆာင္ကာ မီးတုတ္ေတြရႈိ႕ၾကၿပီး ၿမိဳ႕လယ္ေခါင္လမ္းမေတြေပၚအထိတက္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပုံရိပ္ေတြနဲ႔ ဗီဒီယိုေတြဟာ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ခ်က္ခ်င္းပ်ံ႕ႏွံ႔လာၿပီး အမ်ိဳးသမီးထုႀကီးရဲ႕ အားအင္ကိုသက္ေသျပခဲ့ၾကတာေတြ႕ရပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

သတင္းအရင္းျမစ္: Ko Kaung Facebook acc