ပရိသတ်ကြီးရေ နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို (ရန်ကုန်) နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးကျော်သူ ကတော့ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်ပေးရင်း Covid ရောဂါကူးစက်ခံထားရတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။
ဦးကျော်သူ ကိုတော့ ရန်ကုန် ဝေဘာဂီ ဆေးရုံကြီးမှာ ဆေးကုသမှုကို ကောင်းစွာခံယူနေတာဖြစ်ပါတယ်။ ယနေ့ထိ ဦးကျော်သူဟာ ရောဂါလက္ခဏာမပြပဲ ကျန်းကျန်းမာမာ နဲ့ ရှိနေပါတယ်။
ဦးကျော်သူရဲ့ ဆေးကုသမှုရဲ့နောက်ကိုတော့ မော်လ်ဒယ်သရုပ်ဆောင် ထွန်းကိုကို က လိုက်ပါအဖော်ပြု ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ ဦးကျော်သူက ဆေးကုသမှုခံယူနေရင်း ထူးခြားတဲ့ အဖြစ်အပျက်လေးကို ပြောပြလာခဲ့ပါတယ်။ “ဝေဘာဂီ သို့ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီး……ယမန်နေ့ညဖက် ဝေဘာဂီဆေးရုံတွင် ညမအိပ်ခင် လွယ်အိတ်ထဲမှ မိမိကိုယ်နှင့်မကွာယူဆောင်လေ့ရှိသော သာသနာပြုလွယ်အိတ်ငယ်လေးထဲမှ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော် အသေးအားခေါင်းအုံးပေါ်တင်၍ ဘုရားဝတ်ပြု၊ဂုဏ်တော်ပွားကာ နဂါးမင်းများအားမေတ္တာပို့သခဲ့ပါသည်။
ယနေ့နံနက်စာ စားအပြီး မိမိအား လူကြုံပစ္စည်းရ၍ကြည့်လိုက်ရာ အစားအသောက်ဒါနပြုသူတို့၏စားဖွယ်ရာများအပြင် စာအိတ်အညိုအကြီးတစ်ခုပါလာ၍ ဖွင့်ကြည့်လိုက်ရာ မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်အကြီးနှင့် ပရိတ်ရည်ဗူး၊အဆောင်လက်ပါတ်ကြိုးတို့အားဝမ်းမြောက်ပီတိဖြစ်ကာ မြင်တွေ့ရတော့သည်…..ယနေ့ညအဖို့တော့ ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်ကြီး၏ပုံတော်ကြီးကား ကုတင်ဘေးရှိစားပွဲပေါ်တွင် အနီးကပ် သီတင်းသုံးလျက်ရှိနေပြီဖြစ် တော့သည်….ကိုဗစ်ကပ်ဘေးရောဂါ အမြင်ချုပ်ငြိမ်းပျောက်ကွယ်ပါစေသား……တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာဝပြောကြပါစေ…..”ဆိုပြီ ရေးသားထားပါတယ်။ ကဲ…..ပရိသတ်ကြီးရေ ဆေးကုသမှုခံယူနေရင်း ဦးကျော်သူ ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Swelsone News