ဇီးအိုရွာမှ နွားမသာချပွဲ
ထိုရွာကို ကိုရင်ဂျိမ်းစ် ရောက်ချိန်က နေ့လည်ခင်း(၃) နာရီ ဝန်းကျင်ခန့်။ တစ်ကျောင်း တစ်ဂါထာ ၊တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို၊ ဒီလိုမျိုး ဓလေ့တချို့တွေလည်း မြင်တွေ့ရတော့ မှတ်တမ်းတင်မိတယ်။
သေဆုံးရဲ့အမည်က (ဖိုးလုံး) – တဲ့။ အသက်အရွယ်ကိုတော့ မမေးမိဘူး။ ပြိုင်ပွဲတွေမှာ အလီလီ အနိုင်ယူ ဗိုလ်စွဲခဲ့တဲ့ ဒုန်းနွားလောကရဲ့ ဘုရင်တစ်ပါးဆိုပဲ။
ရွာသားတွေကလည်း အလွန်သစ္စာ ရှိကြတယ်။ အဲဒီသေဆုံးသွားတဲ့ နွားလေးကို မဖျက်ဘူး။ မစားဘူး။ထိုကဲ့သို့ အကျိုးပြုခဲ့တဲ့ ကျေးဇူးရှင်ကို ကောင်းမှုပြုဆုတောင်းခြင်း လုပ်ပေးတယ်။
အုတ်ဂူနဲ့ ကျကျနန သြင်္ဂ ိုလ်ပေးတယ်။ တစ်ရွာလုံး ဝမ်းနည်းပက်လက်ဖြစ်ကြတယ်ဆိုပဲ။ သူတို့ဒေသမှာ နှစ်စဉ်ကျင်းခဲ့တဲ့ ဒုန်းနွားပြိုင်ပွဲတွေမှာ ဆုတွေရပြီး ရွာရဲ့ဂုဏ်ကို ဆောင်ခဲ့တာကိုး … ။
ကဲ … ရှေ့ကိုဆက်လက် ခရီးထွက်အုံးမယ် … ။နယ်လှည့် အညာမြေတောဓလေ့ မှတ်တမ်းမှတ်ရာ အဖြာဖြာ …
James
Zawgyi
ဇီးအို႐ြာမွ ႏြားမသာခ်ပြဲ
ထို႐ြာကို ကိုရင္ဂ်ိမ္းစ္ ေရာက္ခ်ိန္က ေန႔လည္ခင္း(၃) နာရီ ဝန္းက်င္ခန႔္။ တစ္ေက်ာင္း တစ္ဂါထာ ၊တစ္႐ြာ တစ္ပုဒ္ဆန္း ဆိုသလို၊ ဒီလိုမ်ိဳး ဓေလ့တခ်ိဳ႕ေတြလည္း ျမင္ေတြ႕ရေတာ့ မွတ္တမ္းတင္မိတယ္။
ေသဆုံးရဲ႕အမည္က (ဖိုးလုံး) – တဲ့။ အသက္အ႐ြယ္ကိုေတာ့ မေမးမိဘူး။ ၿပိဳင္ပြဲေတြမွာ အလီလီ အႏိုင္ယူ ဗိုလ္စြဲခဲ့တဲ့ ဒုန္းႏြားေလာကရဲ႕ ဘုရင္တစ္ပါးဆိုပဲ။
႐ြာသားေတြကလည္း အလြန္သစၥာ ရွိၾကတယ္။ အဲဒီေသဆုံးသြားတဲ့ ႏြားေလးကို မဖ်က္ဘူး။ မစားဘူး။ထိုကဲ့သို႔ အက်ိဳးျပဳခဲ့တဲ့ ေက်းဇူးရွင္ကို ေကာင္းမႈျပဳဆုေတာင္းျခင္း လုပ္ေပးတယ္။
အုတ္ဂူနဲ႔ က်က်နန ၾသဂၤ ိုလ္ေပးတယ္။ တစ္႐ြာလုံး ဝမ္းနည္းပက္လက္ျဖစ္ၾကတယ္ဆိုပဲ။ သူတို႔ေဒသမွာ ႏွစ္စဥ္က်င္းခဲ့တဲ့ ဒုန္းႏြားၿပိဳင္ပြဲေတြမွာ ဆုေတြရၿပီး ႐ြာရဲ႕ဂုဏ္ကို ေဆာင္ခဲ့တာကိုး … ။
ကဲ … ေရွ႕ကိုဆက္လက္ ခရီးထြက္အုံးမယ္ … ။နယ္လွည့္ အညာေျမေတာဓေလ့ မွတ္တမ္းမွတ္ရာ အျဖာျဖာ …
James