အင်္ဂါသားသမီးများ၏ ထူးခြားချက်များနှင့် ဘဝတစ်သက်တာ ကံကြမ္မာ ကာလအပိုင်း အခြားများ(ဗေဒင်)
အများအားဖြင့် အရပ် မနိမ့်မမြင့် သို့မဟုတ် အသင့်တင့်နှင့် မြင့်သော အနေအထားတွင်ရှိနေတက်ပြီးကိုယ်ခန္ဓာအချိုးအဆစ်တို့မှာခန့်ခန့်ညားညားဖြင့် ကြည့်၍ကောင်းသော ပုံစံအနေအထား တွင်ရှိနေတတ်ပါတယ်။အသားအရေမှာ အသားလတ်၍ တင်းပြည့်နူးညံ့ပြီး ဝင်းနေသော အသားအရေကိုပိုင်ဆိုင်ထားသူများဖြစ်ကြပါတယ်။အချို့သောမိန်းခလေးများတွင်နှုတ်ခမ်းမွေးရေးရေးလေးများပင်ပေါက်နေတက်၍ချစ်စရာကောင်းနေတက်ပါသည်။
ကော့ညွတ်နေတတ်သောနှုတ်ခမ်း၊ မဲမှောင်တောက်ပနေသောမျက်လုံး ၊ ထူထပ်နေသော မျက်ခုံး၊ နှာတံစင်းစင်းနှင့် ထူးခြားနေသောသူများဖြစ်ကြပါတယ်။ ငယ်ရွယ်ချိန်တွင်သွယ်သွယ်လှလှရှိနေတက်ပြီးအသက်အရွယ်ရလာချိန်များတွင် ခန့်ခန်းညားညားဖြင့်အလွန်ကြည့်၍ကောင်းနေသူများဖြစ်ပါတယ်။ လိမ်ညာဟန်မဆောင်တတ် ပွင့်ပွင့်လင်းလင်းနှင့် မိမိပြောလိုရာကို တိုတိုနှင့်လိုရင်းကိုပညာသားပါပါ ထိထိမိမိပြောဆိုတတ်သူမျိူးဖြစ်ပါတယ်။ စကားပြောကောင်းသူဟု မဆိုနိုင်သော်လည်း စကားပြောတက်သူဟုဆိုရပါလိမ့်မည်။
အများအားဖြင့် အင်္ဂါသားသမီးတွေဟာ စကားနည်းသူများဖြစ်ပါတယ်။ ဘဝအတွက် ကြီးမားသောအောင်မြင်မှုအတွက်ထာဝရ ကြိုးစားနေသူများဖြစ်ပါတယ်။ အထူးသဖြင့် ပညာရပ်ပိုင်းဆိုင်ရာကို စိတ်ဝင်စား ဝါသနာကြီးတတ်ပါတယ်။ ဘဝတွင် ခရီးသွားလာရတာကိုသဘောကျသူများဖြစ်သလို တစ်နယ်တကျေး သွားရောက်တာဝန်ထမ်းဆောင် အသက်မွေးနေရတတ်ပြီး မိမိဇာတိမဟုတ်သော အခြားအရပ်ဒေသတွင် ကြီးပွားချမ်းသာလေ့ရှိကြပါတယ် ။
ဘယ်သောအခါမှ အောက်ကျမခံလိုသူ မိမိကသာဦးဆောင်လိုသောခေါင်းဆောင်စိတ်ရှိသူ၊ အမှန်တရားကိုထာဝရကိုးကွယ်သူ ၊ မှန်တာလုပ်ဟုတ်တာပြောကာ ၊ မိမိယုံကြည်ရာတစ်ခုအတွက် ဘယ်သူဖျက်ဖျက်မပျက်ဘဲလုပ်ဖြစ်အောင်လုပ်လိုက်ရမှကျေနပ်သူ ၊ မှားမှန်းသိတဲ့အမှားတွေအတွက် နောင်တမရဘဲ အတွေ့အကြုံဟုခံယူကာအတိတ်က အမှားကို ပစ္စုပ္ပန် နှင့်အနာဂါတ်အတွက် အားအင်အဖြစ် ပြောင်းလဲ အသုံးပြုနေတတ်သူများဖြစ်တတ်ပါတယ်။
လျှို့ဝှက်လိုစိတ်ရှိနေတတ်သော်လည်းတကယ်တမ်းတွင်ဟန်မဆောင်တက်သူ “သူညာရင်လူတကာသိ ” ဟုဆိုရပေမည်။ စိတ်ရင်းစေတနာ အမှန်တကယ်ကောင်းသူများဖြစ်ပြီး အားနည်းတဲ့ဘက်က ရပ်တည်ကူညီလိုစိတ်ရှိပါတယ်။ မိမိအတွက် အသက်မွေးနိုင်သော အတက်ပညာတစ်ခုခု မဖြစ်မနေသင်ယူလေ့လာတတ်သူများဖြစ်ပါတယ်။ ဘယ်နေရာ ရောက်ရောက်လူအများအလယ်မှာထင်ထင်ရှားရှားရှိနေတတ်သူမျိုးဖြစ်ပါတယ် ဒါကြောင့်ဘယ်သောအခါမှ ဂုဏ်မငယ်ရပါဘူး။
အချစ်ရေးမှာတော့ သူတစ်ပါးအမြင်မှာ မျက်နှာပွင့်လန်းရေပန်းစားတယ်လို့ထင်ရသော်လည်း လူမသိသူမသိမျိုသိပ်ထားရတဲ့ခံစားချက်တွေကြောင့် အကြိမ်ကြိမ်လဲကျခဲ့ဖူးကြပါတယ်။ မိမိအချစ်ကို မိမိချစ်သလောက်ထုတ်ဖော်ပြောလေ့မရှိဘဲ တိတ်တခိုးမျိုသိပ် ချစ်နေတတ်သူများဖြစ်ပါတယ်။ တကယ်တမ်းတွင်အရမ်းသဝန်တိုတတ်သောသူများဖြစ်ပါတယ် ။
အချစ်ရေးမှာ မိမိကကြင်နာ ဂရုစိုက်တတ်သလောက် မိမိအပေါ်တွင်လည်း ကြင်နာဂရုစိုက်နွေးထွေးခံချင်သူများဖြစ်ပါတယ်။ မျိုသိပ်ချစ်ရတဲ့အတွက်တခါတရံ အရမ်းပင်ပန်းရပါလိမ့်မယ် ။အရမ်းချစ်တတ်သော်လည်းနှလုံးသား နှင့် ဘဝယှဥ်လာခဲ့ရင် ဘဝရေးကိုသာဥဦးစားပေးလေ့ရှိတတ်ပါတယ်။အင်္ဂါသားသမီးများ၏အချစ်ရေးဆိုင်ရာလျှို့ဝှက်ခံစားချက်များကို သိဖို့ခက်ခဲလှ၍ သိရှိလိုပါက အရက်မူးအောင်တိုက်၍သာ ရင်ဖွင့်ခိုင်းပါ။ထိုအချိန်ခါမျိုးတွင်သာငို၍သင့်အားသူကိုယ်တိုင်ရင်ဖွင့်ပါလိမ့်မည်။
အင်္ဂါသားသမီးများဟာ….
အသက်၈နှစ်အရွယ်အထိ အညံ့ကာလဖြစ်ပြီး အသက်၃နှစ် ၅ နှစ် အရွယ်တွင် သာ၍ အညံ့ရှိသောကြောင့်အရှေ့တောင်အရပ်သို့ ခရီးမသွားသင့်ပါ သုဿာန် သင်္ချိုင်းများသို့ မသွားရပါ။ သွားပါက ဝေဒနာကြီးစွာ ရတတ်ပါတယ်။
အသက် ၉နှစ်မှ ၂၅ နှစ်အတွင်း အညံ့မရှိဘဲ ကောင်းကျိုးချမ်းသာလွန်စွာရရှိပါလိမ့်မည်။ အသက် ၁၆ ၁၈ ၂၀ ၂၂နှစ် များတွင် သာ၍ ကံကောင်းကာဖူးစာရေးနတ်များမစ၍ ချစ်စရာကောင်းသော အားကိုးအားထားရသောယောက်ျား မိန်းမတို့နှင့်ဆုံရပြီး အိမ်ထောင် ကျတတ်ပါတယ်။
အသက် ၂၆ နှစ်မှ ၃၅နှစ် အတွင်းသည် ကံညံ့သောကာလအပိုင်းအခြားများဖြစ်ပါသည်။ အသက် ၂၇ ၂၉ ၃၁ ၃၃၃၅ နှစ်များသည် သာလွန်၍ စိတ်ညစ်စိတ်လေ အဆင်မပြေသောနှစ်များဖြစ်ပါသည်။ ထိုနှစ်များတွင် ယောက်ျားများသည် ခပ်ဆိုးဆိုး ခပ်စွာစွာနှင် ယောက်ျားအား အပြစ်ပြောတက်သော မိန်းခလေးများနှင့်ကြုံစုံရတက်ပြီး မိန်းခလေးများတွင် အလောင်းကစား သမား အရက်သမား ကြက်သမား ဆေးသမား ယဉ်ကျေးမှုနည်းပါးသောယောက်ျားများနှင့် တွေ့ဆုံရတတ်ပါတယ်။ ဆွေမျိုးများနဲ့ စကားများရန်ဖြစ်တတ်တာတွေကို ကြုံရသောကာလအပိုင်းအခြားဖြစ်ပါတယ်။
အသက် ၃၆ နှစ်မှ ၅၄ နှစ်အတွင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိတက်ပြီး မင်းအစိုးရ မစ၍ ရာထူးနေရာ အာဏာရရှိတတ်ခြင်းရတနာ ပစ္စည်း များထပ်ခါထပ်ခါ ဝင်ခြင်း ခြေလေးချောင်းဝင်ခြင်း စုတ်ကောင်း လာတ်ကောင်းများဝင်ခြင်းကိုခံစားရတက်ပါသည်။ အသက် ၃၈ ၄၀ ၄၂ ၄၄ ၄၆ ၄၈ ၅၀ ၅၂ နှစ်များသည် ဒါနကုသိုလ်ပြုလုပ်ရသောကာလများဖြစ်ပါသည်။
အသက် ၅၅မှ ၆၆နှစ်ထိအညံ့ကာလများဖြစ်၍ လေဖြတ် လေနာရောဂါ ဖြစ်တတ်ပါတယ် မဆင်ခြင်ပါကမကြာခဏ ဝေဒနာခံစားရ၍ အသက်ပါဆုံးနိုင်ပါတယ်။အသက် ၆၆ မှ ၈၇ အတွင်း အထူးကောင်းမွန်သောကာလဖြစ်၍ သာသနာပြုလုပ်ငန်းများလုပ်နိုင်သော အခွင့်အရေးများရ၍ စိတ်ချမ်းသာစွာနေပြီး အိုကံကောင်းမွန်ပါမည်။
အင်္ဂါနေ့ သားသမီးများအားလုံး …
ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေ…..။